သတင်း
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 4468
အရှေ့တောင်အာရှ ခုနစ်နိုင်ငံမှ အနုပညာရှင်များစုပေါင်းဖန်တီးထားသည့် Garffiti Art, Street Art, Urben Art အနုပညာဖန်တီးမှုများအား The Rendezuous 2 Urban Art Show ဟုအမည်ပေးကာ ပြသထားသည့် ပြပွဲကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့မှ ၉ရက်နေ့အထိ လှိုင်မြို့နယ် ဓမ္မာရုံလမ်းရှိ Timber Land Furniture တွင်ကျင်းပပြုလုပ်ခဲ့သည်။
Read more: အရှေ့တောင်အာရှ Urban Art Show မြန်မာနိုင်ငံ တွင်ကျင်းပ
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 4194
ခေတ်ပြိုင်ကမ္ဘာ ခေတ်ပြိုင်ကဗျာ စာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာပြပွဲကို ၂၀၁၃ ဖေဖော်ဝါရီ ၉ရက်နေ့ နံနက် ၁၀း၃၀ တွင်New Zero Art Space စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာခေတ်ပြိုင်ကဗျာဆရာများ ၊သတင်းစာဆရာများ ၊ရုပ်သံဌာနများမှ တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် ကဗျာဆရာသစ္စာနီက ခေတ်ပြိုင်ကမ္ဘာ ခေတ်ပြိုင်ကဗျာစာအုပ် ထုတ်ဝေခြင်းအကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။
Read more: New Zero Art Space ခေတ်ပြိုင်ကမ္ဘာ ခေတ်ပြိုင်ကဗျာ စာအုပ်နှင့်ကဗျာပြပွဲ
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 4236
ခေတ်၏အရွှေ့အပြောင်းများနှင့်အတူ ကဗျာရေစီးသည်လည်း လိုက်ပါစီးဆင်းလေ့ရှိပါသည်။ ခေတ်၏အနိမ့်အမြင့်အတက်အကျကိုလိုက်ကာ ကဗျာအနုပညာသည်လည်း အချိုးအကွေ့များစွာဖြင့် ဖြတ်သန်းနေခဲ့ရသည်။
၁၉၇၀ နှစ်ကာလများမှစတင်ကာ ပေါ်ထွန်းလာခဲ့သော အစဉ်အလာစပ်ထုံးများမှ ခွဲထွက်လာခဲ့သော မြန်မာခေတ်ပေါ်ကဗျာသည် ခေတ်ပြိုင် မြန်မာ့လူ့အဖွဲ့အစည်းအခြေအနေအရပ်ရပ်၊ ခေတ်ပြိုင်ကမာ့အခြေအနေအရပ်ရပ်တို့နှင့် ပေါင်းစပ်ကာ အရှိန်အဟုန်မြင့်မားခဲ့သည်။ထိုအချိန်မှစတင်မြစ်ဖျားခံခဲ့သော မြန်မာခေတ်ပေါ်ကဗျာသည် ယခုအခါတွင် နှစ်ပေါင်း လေးဆယ်ကျော်ကာလကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။
Read more: မိုးဦးဆွေညိမ်း၊ ကဗျာရှားလို့နိုင်ငံရေး နည်းနည်းစွက်လိုက်တယ်
- Details
- Written by ထူးညို
- Category: သတင်း
- Hits: 4829
၂၀၁၂ ခုနှစ်၊
ပျဉ်းမနားမြို့မှ ကဗျာဆရာ လှိုင်းထက်သည် အမေရိကန်သံရုံးမှ ကျင်းပသည့် The American Center Baldwin Library, Book Club 5th Anniversary, Writing Contest 2012 အင်္ဂလိပ်ကဗျာပြိုင်ပွဲ (ကိုယ်တိုင်ရေး အင်္ဂလိပ်ကဗျာ)တွင် "We wish we were to be peaceful" ကဗျာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရရှိခဲ့ကြောင်း သိရပြီး ပြိုင်ပွဲသို့ အမေရိကန် ကဗျာဆရာ (Robert Hass) နှင့် ဇနီးတက်ရောက်ခဲ့ကြောင်း သိရသည်။ ကဗျာဆရာသည် (၁၆၊ ၁၊ ၂၀၁၃) တွင် အမေရိကန်သံရုံး၌ ဆုတက်ရောက်ယူခဲ့ကြောင်း သိရပါသည်။
(ဆုရ ကဗျာအား အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။)
အမေရိကန်သံရုံးကဗျာဆုရရှိခဲ့သော ကဗျာဆရာ လှိုင်းထက်အား ဂုဏ်ပြုဧည့်ခံပွဲနှင့် ဆုရကဗျာရွတ်ပွဲအား (၃၊ ၂၊ ၂၀၁၃)က ပျဉ်းမနားမြို့၊ ပျားရည်လွင်ပြင်စားသောက်ဆိုင်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မောင်သင်းခိုင်၊ မောင်ကြူးရင့်၊ ဇော်ဝင်းကို၊ သန်းဆွေမိုး(ကလော)၊ အောင်နှင်းသစ်၊ ပေါ်ဦးသစ်၊ မျိုးတေဇာမောင်၊ ဆောင်းချစ်ငြိမ်၊ ထူးညို အစရှိသူတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် မောင်သော်တာက ဆောင်ရွက်ခဲ့သည်။
အခမ်းအနားအား နံနက် (၁၀း၃၀)က စတင်ကျင်းပခဲ့ပြီး မောင်သင်းခိုင်၊ မောင်ကြူးရင့်၊ ဇော်ဝင်းကိုနှင့် ပေါ်ဦးသစ်တို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပြီးနောက် ဆုရ ကဗျာဆရာ လှိုင်းထက်က ၄င်း၏ ဆုရကဗျာ "We wish we were to be peaceful" အား ရွတ်ဆိုခဲ့သည်။ အခမ်းအနားအပြီးတွင် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပါသည်။
ထူးညို
လှိုင်းထက်၏ ၂၀၁၂ ခုနှစ်၊ အမေရိကန်သံရုံး ကဗျာဆု ပထမရ ကဗျာ
We wish we were to be peaceful !
on the side of the privileged
the sounds of counting dollars
the sounds of elites' laughing
the sounds of cleaning bullets
the sounds of hiding tears
the sounds of Myanmar's throat being locked together deadly
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 4882
ကဗျာဆရာ ခင်မောင်နိုင်ဦး ပြောပြတာက သူ့ဇာတိရွာကလေးမှာ စာအုပ်ဆိုလို့ နှစ်အုပ်ပဲ ရှိသတဲ့။ တစ်အုပ်က ဘုရားရှိခိုးအမျိုးမျိုး၊ နောက်တစ်အုပ်က တွံတေးသိန်းတန် သီချင်းပေါင်းချုပ်။
စာနှစ်အုပ်သာရှိသမို့ သူက 'နှစ်အုပ်ရွာကလေး' လို့ ခေါ်တယ်။အဲသလို ရွာကလေးတွေ မြန်မာပြည်မှာ ဘယ်လောက်များလိုက်မလဲ။ ကွန်ပျူတာ အင်တာနက် ဝေလာဝေး၊ဖတ်စရာ စာအုပ်တောင် မရှိရှာတဲ့ ရွာကလေးတွေပေါ့။
အခု ကိုခင်မောင်နိုင်ဦး ကိုယ်တိုင် မြို့ကြီးပြကြီး ရောက်လို့ အလုပ်အကိုင် အဆင်ပြေလာတဲ့ အချိန် သူ့ရဲ့ အပြင်းပြဆုံး အာသီသက ဇာတိရွာကလေးမှာ စာကြည့်တိုက် တစ်ခု ဆောက်လုပ် လှူဒါန်းဖို့ပဲ။အခု ဒီဆန္ဒကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပြီ။
ဇန်နဝါရီ ၂၅ ရက်က မတ္တရာမြို့နယ် ဥဒိန်အုပ်စု ဆင်ကုန်းရွာကလေးမှာ ကိုခင်မောင်နိုင်ဦး မိသားစုက ကျပ်သိန်း ၄၀ ကျော် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းတဲ့ 'စာမတို့ရွာ' စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပခဲ့တယ်။
ဖွင့်ပွဲအကြိုအဖြစ် ဇန်နဝါရီ ၂၄ ရက်က ဂီတမိတ်အဖွဲ့၊
သိန်းသန်းဝင်း(မလှိုင်)အဖွဲ့၊Royal Star Model အဖွဲ့ တို့က မေတ္တာနဲ့ ဧည့်ခံဖျော်ဖြေကြတယ်။စိမ်းရောင်စို အဖွဲ့ကလည်း ဆင်ကုန်းအမကမှာ အမှတ်တရ သစ်ပင်များ စိုက်ပျိုးတယ်။ညပိုင်းမှာ မြေလတ်မောင်မြင့်သူ၊ချစ်စရာ၊ လေးကိုတင်၊ညီမင်းညို တို့က စာပေဟောပြောတယ်။နောက်ရက်
မှာ ချစ်စံဝင်း၊လမင်းအိမ်တို့ရဲ့ စာပေဟောပြောမှုနဲ့ အတူ စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပပါတယ်။အစီအစဉ် စုံပြီး လာခြင်းကောင်းတဲ့ စာကြည့်တိုက်ကလေးလို့ ဆိုရမှာပေါ့။
'စာမတို့ရွာ'စာကြည့်တိုက် ရှိလာပြီဆိုတော့ ဆင်ကုန်းရွာကလေးလည်း စာမတဲ့ကိန်း ဆိုက်ပြီပေါ့။
ရည်မွန်