သတင်း
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 4757
နွယ်နီအနုပညာရပ်ဝန်း၊၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ချင်းတွင်းရေကြည်ပန်းချီဆရာများ၊မြန်မာနိုင်ငံပန်းချီဆရာသမဂ္ဂနှင့် လက်ပံတောင်းတောင်ဒေသခံများ
ပူးပေါင်းစီစဉ်သည့် လက်ပံတောင်းတောင်အားအနုပညာဖြင့်ဖွဲ့ဆိုခြင်း ရံပုံငွေပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၉ရက်နေ့က ရန်ကုန်မြို့ပြည်လမ်းရှိ ယုသဒန်ခန်းမတွင်ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး လက်ပံတောင်းတောင်ကာကွယ်ရေးကော်မတီမှ ကဗျာဆရာကြီးဦးအံ့မောင်က အဖွင့်စကားပြောကြားခဲ့သည်။
ထို့နောက် ဒေါ်ဒေ၀ီသန့်စင်၊ကဗျာဆရာသစ္စာနီ၊ပန်းချီဆရာသမဂ္ဂ
မှ ပန်းချီဆရာမြင့်စိုး၊ ၈၈မျိုးဆက်အဖွဲ့မှ ကိုမျိုးသန့်၊ ကဗျာဆရာဇော်လူစိမ်း တို့က အမှတ်တရစကားများပြောကြားခဲ့ကြသည်။
ထို့နောက် ကဗျာရွတ်ဆိုခြင်းအစီအစဉ်အရ ကဗျာဆရာ မောင်ကိုကို(အမရပူရ)၊Aမွန်၊လင်းသဏ်ညီ၊အောင်ခိုင်မြတ်၊ မိုဃ်းဇော်၊ကိုသျှားတို့က ကဗျာများရွတ်ဆိုခဲ့ကြသည်။
Read more: လက်ပံတောင်းတောင်ရံပုံငွေ ပန်းချီ၊ဓါတ်ပုံပြပွဲစတင်ဖွင့်လှစ်
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 4838
လက်ပံတောင်းတောင်သည် မြန်မာနိုင်ငံအထက်ပိုင်းမုံရွာခရိုင်တွင်တည်ရှိသည်။ ပူပြင်းခြောက်သွေ့သော အထက်အညာဒေသ၏ အိုအေစစ်ဟုပင်ဆိုရလောက်အောင် လက်ပတောင်းတောင် ၃၃လုံး၏ အရပ်အာဝါသအောက်တွင် ဒေသတစ်ဝန်းလုံးစိမ်းစို လန်းဆန်းလျက်ရှိနေပါသည်။ သို့သော် စစ်အစိုးရလက်ထက် နိုင်ငံပိုင်သဘာဝသယံဇာတများ ထုတ်ယူရောင်းချရေးစိးပွားရေးမူဝါဒ၏အကျိုးဆက် အရ စစ်တပ်ပိုင် ဥိးပိုင်စိးပွားရေးအုပ်စုနှင့် တရုတ်ပိုင် ၀မ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းကာ လက်ပံတောင်းတောင် ၃၃လုံးအား တူးဖြိုကာ သယံဇာတရှာဖွေရေး ကို အကျိုးတူ လုပ်ဆောင်ခဲ့ကြသည်။
Read more: လက်ပံတောင်းတောင်ရံပုံငွေ ပန်းချီ၊ဓါတ်ပုံပြပွဲကျင်းပမည်
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 4635
မြန်မာစာပေသမိုင်းတွင်ထင်ရှားလှသောကဗျာစာဆိုကြီးဆရာတင်မိုးသည် ၂၀၀၇ ဇန်န၀ါရီ ၂၂ရက်နေ့ တွင်အမေရိကန်နိုင်ငံကယ်လီဖိုးနိးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင်ကွယ်လွန်သွားခဲ့သည်။
ဆရာတင်မိုးကွယ်လွန်ခြင်းခြောက်လပြည့်ချိန်တွင် အမေရိကန်ရှိ မိသားစုများက ``တင်မိုးအမှတ်တရ ´´စာအုပ်တစ်အုပ် ပြုစုခဲ့ကြသည်။ ထိုစာအုပ်ကို အခြေခံ၍ ခြောက်နှစ်ပြည့်ချိန်တွင် အမှတ်တရစာများထပ်မံစုစည်း ကာ ပြန်လည်ထုတ်ဝေရန် စီစဉ်ခဲ့ကြသည်။ စာအုပ်အမည်ကို သတင်းစာဆရာကြီး ဦးဝင်းတင် ၏အမှတ်တရစာ ခေါင်းစဉ်အတိုင်း ``စာကိုစီလို့ လွမ်းတော်မူတယ်´´ဟုပေးခဲ့ကြသည်။
ယခုထိုစာအုပ်ထုတ်ဝေခြင်းနှင့် ဆရာတင်မိုးခြောက်နှစ်ပြည့်အခမ်းအနားကို ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၁၆ရက်နေ့ နေ့လည် ၁၂ နာရီ မှ ၃နာရီအထိ တော်ဝင်းနှင်းဆီငြိမ်းချမ်းရေးခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 4618
မတ်လ ၂၁ ရက်မှာ ကျရောက်မယ့် ကမ္ဘာ့ကဗျာနေ့ ပွဲတော်ကို မန္တလေးမြို့ Oriental House ခန်းမမှာ ခမ်းခမ်းနားနား ကျင်းပဖို့ မန်းလေးအခြေစိုက်ကဗျာဆရာတွေ ပြင်ဆင်နေကြပါတယ်။
ဒီပွဲတော်မှာ ကဗျာပြပွဲ၊ကဗျာရွတ်ဆိုပွဲ၊ကဗျာစာတမ်းဖတ်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ကဗျာစာတမ်းများ ဖတ်ကြားဖို့ ဆရာမောင်သာနိုး၊ကိုလေး(အင်းဝဂုဏ်ရည်)၊မောင်နွေထက်တို့ကို ဖိတ်ကြားထားတယ်လို့ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ကဗျာဆရာကိုထက် (ရေဦး)က ပြောပါတယ်။
ဒီပွဲမှာ ရွတ်ဆိုမယ့် ကဗျာတွေကို စုစည်းပြီး 'မန္တလေး ကဗျာရွတ် ပွဲတော်'အမည် ရတဲ့ ကဗျာစာအုပ်တစ်အုပ်ကိုလည်း ကြိုတင်ထုတ်ဝေထားမှာ ဖြစ်ပါတယ်။
အရင်နှစ်တွေက ကမ္ဘာ့ကဗျာနေ့ကို ကြိတ်ဝိုင်းကလေးတွေနဲ့ ကျင်းပခဲ့ရပေမယ့် အခုလို စာပေလွတ်လပ်ခွင့် ပွင့်လန်းချိန်မှာ ပထမဆုံးအကြိမ်အဖြစ် ခမ်းခမ်းနားနား ကျင်းပနိုင်ဖို့ လူငယ်ကဗျာဆရာတွေ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
ဒီပွဲတော်မှာ ကဗျာပါဝင်ရွတ်ဆိုလိုတဲ့ ကဗျာဆရာများအနေနဲ့ ကဗျာအသစ်တစ်ပုဒ်နဲ့အတူ မင်းနဒီခ ထံမှာ စာရင်းပေးသွင်းနိုင်ပါတယ်။
ထို့အတူ ပျဉ်းမနားမြို့ အခြေစိုက် အလယ်ရိုးမ ကဗျာဆရာတွေကလည်း ကမ္ဘာ့ကဗျာနေ့ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။
ရည်မွန်
ဓါတ်ပုံ မောင်နီဦး
- Details
- Written by ထူးညို
- Category: သတင်း
- Hits: 5025
10.2.2013) ည၊ ပျဉ်းမနားမြို့ ၊ မဟာလယ်တီ စံကျောင်းတိုက် ဓမ္မရင်ပြင်မှာ
ပျဉ်းမနားမြို့နယ် စာရေးဆရာအသင်းက ကြီးမှူးကျင်းပတဲ့ စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြထားတဲ့ ဆရာ မောင်သင်းခိုင်ရဲ့  "မလွမ်းဘယ်သူနေပါ့မယ်" ကဗျာကို 'စာရေးဆရာ ညွန့်မောင်-ပျဉ်းမနား အကြိုက်ဆုံးကဗျာဆု' အဖြစ် ချီးမြှင့်ခဲ့ပါတယ်။
အဆိုပါ ကဗျာကို ကောင်းကင်မဂ္ဂဇင်းမှာလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဆုလက်ခံအပြီးမှာ ဆရာမောင်သင်းခိုင်က သူ့ရဲ့  "မလွမ်းဘယ်သူနေပါ့မယ်" ကဗျာကို အားပါးတရ ရွတ်ဆိုခဲ့ပါတယ်။
ယင်းနောက် ဆရာမ ခင်ခင်ထူး၊ ဆရာ ညိုထွန်းလူနဲ့ ဆရာ နေ၀င်းမြင့်တို့က အစဉ်လိုက် စာပေဟောပြောခဲ့ကြပါတယ်။
(အဆိုပါ စာပေဟောပြောပွဲမှာ ပျဉ်းမနားစာရေးဆရာအသင်းရဲ့  အနှစ်သက်ဆုံးကဗျာဆုအဖြစ် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ဖက်ရှင်မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ကဗျာဆရာ ဆောင်းချစ်ငြိမ်ရဲ့  "၂၁ လက်မ တီဗွီတစ်လုံးရှေ့  စုပြုံ" ကဗျာကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။)
သတင်းနှင့် မောင်သင်းခိုင်ကဗျာရွတ် ဗီဒီယို - ထူးညို ရိုက်ကူးသည်။
မောင်သင်းခိုင်ကဗျာရွတ် ဓာတ်ပုံ - လင်းဖြိုးမောင် ရိုက်ကူးသည်။
ဆရာမောင်သင်းခိုင်၏ ကဗျာရွတ်သောဗီဒီယိုကို အောက်တွင် ကြည့်ရှူခံစားနိုင်ပါသည်။
{youtubejw}gOLGhgCyuZo{/youtubejw}