သတင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို လေ့လာသင်ယူရင်းဖြင့် ပြတိုက်စီမံခန့်ခွဲမှု နည်းဗျူဟာများနှင့် အနုပညာဖွံ့ဖြိုးတိုးတက်မှု သဘောသဘာဝများကို အလေးပေးသော အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို New Zero Art Space တွင် ၂၀၁၃ ဇန်န၀ါရီ ၁၄ရက်နေ့မှ ၁၈ရက်နေ့အထိ ငါးရက်တာပြုလုပ်ခဲ့ပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့ဝင် ၇ ဦးပါဝင်သော အဖွဲ့၏လိုလားချက်အရ အတွေးအခေါ် အယူအဆများကို အသားပေးသည့် ကိုယ်ပိုင် Project ဖန်တီးမှုကို အဓိကထား ဆွေးနွေးကြရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ပြင် ပါဝင်တစ်ဦးချင်းစီ ၏ကိုယ်ပိုင် Project ဖန်တီးမှုတွင်လည်း အနုပညာပြပွဲများတွင် ပရိသတ် ပူးပေါင်းပါဝင်မှု မြင့်တက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်ကို ဆွေးနွေးပွဲအနှစ်သာရအဖြစ် အလေးပေးခဲ့ကြသည်။

ထိုငါးရက်ကြာအလုပ်ရုံဆွေးနွေးပွဲ၏ ရလာဒ်ဖြစ်သော Project များကို ခင်းကျင်းပြသသည့် ပြပွဲကို New Zero Art Space တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ ပြုလုပ်လျက်ရှိသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

                                                                                                                 ထူးညို

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ဒီမိုကရေစီတိုက်ပွဲဝင်စာဆို ဆရာတင်မိုး အမှတ်တရပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က မန္တလေးမြို့ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ပါတယ်။

ဆရာတင်မိုးကို ချစ်ခင်လေးစားတဲ့ ဆရာ့ရဲဘော်တွေ၊မိတ်ဆွေတွေနဲ့တပည့်တွေ စုပေါင်းကျင်းပကြတာပါ။ ဒီပွဲမှာ တောင်စွန်းဆရာတော်က အဖွင့်အမှတ်တရ စကားပြောပါတယ်။

ဆရာ့ရဲဘော်ကြီး နှစ်ဦးဖြစ်တဲ့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)တို့က ဆရာ့ရဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားဘဝ၊လူထုသတင်းစာ ကဗျာအယ်ဒီတာဘဝ အမှတ်ရစရာများကို ဆက်လက်ပြောဆိုပါတယ်။

ဒုတိယအစီအစဉ်အဖြစ် မောင်သင်းပန်၊ကိုငြိမ်း၊မောင်နွေထက် အပါအဝင် ကဗျာဆရာတွေက ဆရာတင်မိုး အမှတ်တရကဗျာများ ရွတ်ဆိုကာ ဆရာ့သမီးမိုးချိုသင်း ပြည်ပက ပေးပို့တဲ့ အလွမ်းစာကို ဆရာနေဝင်းမြင့်က ဖတ်ပြပါတယ်။

ဆရာတင်မိုးဟာ ၁၉၃၃ ခုနှစ်ဖွား မြင်းခြံခရိုင် တောင်သာမြို့နယ် ဇဂျမ်းကန်မြဲရွာဇာတိ ဖြစ်ပါတယ်။

မောင်သာနိုး၊မောင်စွမ်းရည်၊ကြည်အောင်၊ကိုလေးတို့နဲ့ အတူ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းက မွေးထုတ်ပေးလိုက်တဲ့ ကဗျာဆရာတစ်ဦးပါ။
ဆရာ့ဘဝမှာ စာအုပ် ၂၅ အုပ်ထုတ်ဝေ ခဲ့ပြီး ၁၆ အုပ်ဟာ ကဗျာစာအုပ်များ ဖြစ်ပါတယ်။ဖန်မီးအိမ်ကဗျာစာအုပ်နဲ့ ၁၉၅၆ ခုနှစ်က အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်တဲ့အခါ တတ်သိပညာရှင် တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ အထိ အင်စိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ၄ နှစ်ကြာနေထိုင်ခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာကာ ပြည်ပကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့တယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
  • တောင်ကြီးမြို့မှာ နေထိုင်တဲ့ ပအို့ဝ်အမျိုးသား လူငယ်အနုပညာရှင် ညီငယ်ရဲ့ Pop Art ပြပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က ၂၇ ရက်အထိ မန္တလေးမြို့Dream Land Art Studio မှာကျင်းပ ပြုလုပ်ခဲ့ပါတယ်။

  • ညီငယ်က သူ့ရဲ့ပြပွဲကို Commerc-Break လို့ အမည်ပေးတယ်။ပုံမှန် ပန်းချီရေစီးကြောင်းက ခွဲထွက်ပြီး အနုပညာဖန်တီးမှုသစ်ကို ကြားဖြတ် တင်ဆက်ချင်တဲ့အတွက် ဒီနာမည်ပေးလိုက်တာလို့ ညီငယ်က ပြောပါတယ်။


  • ဒီပွဲကို Portraits ပြပွဲလို့ ဆိုနိုင်တယ်။မြန်မာနိုင်ငံသမိုင်း တလျှောက် ထင်ရှားကျော်ကြားသူ တွေ နဲ့ ညီငယ့်ဘဝမှာ အရေးပါတဲ့သူတွေ စုစုပေါင်း ပုဂ္ဂိုလ် ၃၆ ဦးရဲ့ ရုပ်ပုံလွှာတွေ ပါဝင်တယ်။
    သာသနာရေးဘက်မှာ အလေးအမြတ်ထားရတဲ့ တိပိဋကဓရ မင်းကွန်းဆရာတော် ဘုရားကြီး၊နိုင်ငံရေးနယ်က အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၊ဦးနု၊ဦးသန့်

  • ၊ဒေါ်အောင်ဆန်းစုကြည် ၊မင်းကိုနိုင် ၊ကိုကိုကြီး၊ သမ္မတဦးသိန်းစိန်၊
    ဂန္ထဝင်ထဲက ကင်းဝန်မင်းကြီး ဦးကောင်း ၊အမျိုးသားစာဆိုကြီး သခင်ကိုယ်တော်မှိုင်း

  • ၊ဂီတဘက်က မြို့မငြိမ်း ၊စိုင်းခမ်းလိတ် ၊ခင်ဝမ်း၊  ခင်မောင်တိုး ၊ကိုရဲလွင် ၊သားထွေး၊

  •  တောင်ကြီးသားတေးရေး၊တေးဆိုတွေထဲက လေးဖြူ၊ဒိုးလုံး၊အယ်ဖြူ၊
    ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင် နေဝင်း၊ ပန်းချီဘက်က ဝသုန်၊ ကြီးမြင့်စော ၊ရာဟုလာ၊ ဝင်းဖေမြင့်၊ ဦးချစ်ပန်

  • ၊နောက် အနုပညာရှင် ညီငယ် နဲ့ သူမိသားစု၊သူ့ရောင်းရင်းတွေ ဖြစ်ပါတယ်။

    Star InactiveStar InactiveStar InactiveStar InactiveStar Inactive

    မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက် စစ်ဘက်ကိုခိုင်မာတောင့်တင်းအောင် လုပ်ဆောင်ရသည့်အစဉ်အလာအတိုင်း တိုင်းပြည်၏သယံဇာတများကိုထုတ်ယူကာ စစ်ဘက်အသုံးစရိတ်များကို အစဉ်မပြတ်ဖြည့်ဆည်းခဲ့ရသည်။ ဆယ်စုနှစ်ပေါင်းများစွာ ထိုသို့လုပ်ဆောင်လာခြင်း၏ အကျိုးဆက်အဖြစ် တိုင်းပြည်၏သဘာဝ သယံဇာတများ ခမ်းခြောက်ကုန်ဆုံးကာ ကြိးမားသောနောက်ဆက်တွဲဆိုးကျိုးများ ကို ပြည်သူများရင်ဆိုင်နေကြရပေသည်။

    ယခုအခါ ပြည်သူများ၏အသိအမြင်များ တိုးတက်မြင့်မားလာပြီး လွတ်လပ်စွာဆန္ဒထုတ်ဖော် ပြောဆိုခွင့်ကို ရဲရဲဝံ့ဆုပ်ကိုင်လာကြသည်နှင့်အညီ ထိုသို့သော အစိုးရနှင့် အစိုးရကကျောထောက်နောက်ခံပြုပေးထားသူများက မိမိတို့၏ဘ၀ရှင်သန်မှု၊မိမိတို့ဒေသ နှင့် မိမိတို့တိုင်းပြည် အကျိုးပျက်စီးစေအောင် လုပ်ဆောင်နေကြခြင်းများအပေါ် ဆန့်ကျင်မှုများ အရှိန်အဟုန်ဖြင့်ပေါ်ထွက်လာခဲ့သည်။

    ထိုသို့သောပြည်သူများနှင့်အတူ ခေတ်အဆက်ဆက် ပြည်သူအများနှင့် တသားတည်းရှိကြသော စာပေ၊အနုပညာ ရှင်များ၊ ကာတွန်းဆရာများကလည်း အများ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုနေသော အစိုးရနှင့်အပေါင်းအပါများ၏လုပ်ဆောင်ချက်များကို ပါဝင်ဆန့်ကျင်ခဲ့ကြသည်။ ထို့ကြောင့်ပင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အကြီးမားဆုံးသော ဆန့်ကျင်ဆနဖော်ထုတ်ခဲ့သည့် ဧရာဝတီမြစ်ဆုံစီမံကိန်းမှစတင်ကာ ယခု ကြေနီစီမံကိန်းအထိ ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူများ၊နယ်ပယ်အသီးသိးမှပညာရှင်များနှင့်အတူ စာပေအနုပညာရှင်များ၊ ကာတွန်းဆရာများလည်း တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်။