သတင်း
- Details
- Written by စာတည်း
- Category: သတင်း
- Hits: 6113
ကောင်းကင် စာပေတိုက် က နှစ်သစ် မှာ ထူးခြားတဲ့ ကဗျာစာအုပ် တအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။
၂၀၀၃ ခုနှစ် က မြောင်းမြထောင်တွင်း အကျဉ်းကျနေတဲ့ ကဗျာဆရာ များဖြစ်တဲ့ ရည်မွန်( မောင်တင်သစ် )၊ ဘုန်းသက်ပိုင်၊ ပန်းချီထိန်လင်း၊ရင်မောင် (ပန်းချီလှိုင်ဝင်းဆွေ)၊ တင်နိုင်ထွန်း၊ရဲဝင်းဇော်တို့ စုပေါင်းပါဝင်ရေး သားကြတဲ့ ကဗျာများကို ထောင်တွင်း မှာ ပန်းချီထိန်လင်းက သရုပ်ဖေါ်ပုံများရေး က ဇော်မင်းထိုက်ကျော် က လက်ရေးလှရေး ပြီး ထောင်တွင်းမှာ လှို့ဝှက် ထုတ်ဝေခဲ့ တဲ့ ကဗျာစာအုပ် ကို မူရင်းစာမျက်နှာ များအတိုင်း ပုံနှိပ်ထုတ်ဝေ ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ New Zero Art space မှာ သင်္ကြန်အပြီး ဧပြီလ ၁၉ ရက်နေ့ နေ့လည်ခင်းမှာ ကျင်းပခဲ့ရာ စာပေနယ်မှ ကဗျာဆရာများ စာရေးဆရာ များ နဲ့ မြောင်းမြထောင်ထွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြပါတယ်။
ကဗျာစာအုပ်မှာ ပါဝင်ရေးသားခဲ့သူ ကဗျာဆရာ ရင်မောင် တဖြစ်လဲ ပန်းချီလှိုင်ဝင်းဆွေက ကျွန်တော်တို့ မြောင်းမြထောင်မှာ ၂၀၀၀ ခုနှစ်လွန် ကာလတွေမှာ အကျဉ်းထောင်ဝန်ထမ်းလေးတွေနဲ့ နားလည်မှု တချို့ရယူပြီး စာအုပ်လေးတွေ သွင်းပြီးဖတ် ခုလို ကဗျာစာအုပ်လေးတွေရေးနဲ့ စာပေလှုပ်ရှားမှု ရှားမှုတွေ လုပ်ပြီး ထောင်တွင်းကာလတွေကို လွန်မြောက်ခဲ့ကြရပါတယ်။ နောက်ပိုင်း မန္တလေး ထောင်ကနေ ကိုထိန် တို့ ကဗျာဆရာ မောင်တင်သစ်တို့ ပြောင်းလာပြီး နောက်ပိုင်း စာပေလှုပ်ရှားမှု တွေပိုအား ကောင်းလာပြီး စာအုပ်လေးတွေ တော်တော်မျာများ လုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောင် ၁၀ နှစ်ကျော်ကာလ တခုမှာ ခုလို စာပေနယ်မှာ မူရင်း ပုံစံ အတိုင်း ပုံနှိပ်ထုတ်ဝေဖြစ်ခဲ့လိမ့်မယ်လို့တော့ မမျော်လင့်ခဲ့မိတာ အမှန်ပါပဲ ဟု ပြောပါတယ်။
မည်သို့ဖြစ်စေ ကွန်ပြူတာစာစီ ထုတ်ဝေကြတဲ့ ကဗျာစာအုပ်တွေကြားထဲမှာ လက်ရေးနဲ့ ထွက်လာတဲ့ ထောင်တွင်းက လှို့ဝှက်ထွက်လာခဲ့ပြီး ဆယ်နှစ် အကြာ မူရင်း အတိုင်း ထုတ်ဝေနိုင်နိုင်ခဲ့တဲ့ ဒီ ကဗျာစာအုပ်လေးဟာ အသွင်ကူးပြောင်းဆဲကာလ စာပေနယ် မှာ ထူးခြားတဲ့ ဖြစ်စဉ်လေးတခုလို့ ဆို နိုင်ပါတယ်။
ယခုအခါ ဒီ ကဗျာစာအုပ်လေးကို ရန်ုကုန် မြို့က စာအုပ်ဆိုင်တိုင်းမှာ ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။
စာတည်း- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 5575
ဘယ်အဖွဲ့အစည်းက တာဝန်ယူ ရေးဆွဲတယ်ဆိုတာ ဖော်ပြမထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟာဖေဖော်ဝါရီ ၂၇ ရက်ထုတ် မြန်မာအစိုးရပိုင် သတင်းစာတွေမှာ ပေါ်ထွက်လာခဲ့ပြီးနောက် ဒီဥပဒေကြမ်းအပေါ်သတင်းလွတ်လပ်ခွင့် လိုလားတဲ့စာနယ်ဇင်းလောက တစ်ခုလုံးက အုံးအုံးကြွက်ကြွက် ဆန့်ကျင်ကန့်ကွက်နေချိန်မှာပဲ ပြန်ကြားရေးဝန်ကြီးဌာန နာမည်ခံပြီး ဒီဥပဒေကြမ်းကို မတ်လ ၄ ရက်က လွှတ်တော်သို့ တင်သွင်းလိုက်ပါတယ်။
ဒီအချိန်ဟာ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်တိုင် အသိအမှတ်ပြု ဖွဲ့စည်းပေးထားတဲ့
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က မီဒီယာကျင့်ဝတ်၊ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေကြမ်းကို တာဝန်ယူ ရေးဆွဲနေချိန် ဖြစ်ပါတယ်။ဒီလိုရေးဆွဲဖို့လည်း ပြန်ကြားရေးဝန်ကြီးကပဲ ယာယီမီဒီယာကောင်စီကို တာဝန်ပေးအပ်ထားတာပါ။
Read more: သတင်းလွတ်လပ်ခွင့်ကို ခြေချုပ်မယ့် ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေမူကြမ်း
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 5448
ပုဂ္ဂလိက သတင်းစာများကို လာမယ့် ဧပြီ ၁ ရက်ကစပြီး ထုတ်ဝေခွင့်ပြုတော့မယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပြီးနောက် သတင်းစာလုပ်ငန်း သတင်းစာပညာအပေါ် လူငယ်တွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာချိန်မှာ Mandalay Contemporary Art Centre က သတင်းစာပညာ ဟောပြောဆွေးနွေးပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက်အထိ မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပထမရက်မှာ သဘာဝမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဆူးငှက်က 'သီလ နဲ့ ပညာ'ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးပါတယ်။သတင်းစာဆရာများအနေနဲ့ သတင်စာပညာ ကျွမ်းကျင်မှုသာမက သတင်းစာကျင့်ဝတ်နဲ့ ညီညွတ်မှသာ သတင်းစာဆရာကောင်း ဖြစ်မယ့်အကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဒုတိယရက်မှာတော့ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ဆရာညီစေမင်းက 'စုံစမ်းထောက်လှမ်းသတင်းရေးသားခြင်း'Investigative Reporting ခေါင်းစဉ်နဲ့ ဆွေးနွေးပါတယ်။အများပြည် သူုအကျိုးငှာ မဖြစ်မနေ စုံစမ်းဖော်ထုတ်ဖို့ လိုအပ်နေတဲ့ သတင်းဖြစ်ရပ်မှန်တွေကို ဘယ်လို ထောက်လှမ်းရေးသားမလဲ ဆိုတာ ဆွေးနွေးသွားတာပါ။
နောက်ဆုံးနေ့မှာတော့ စာရေးဆရာ သတင်းစာဆရာ သင့်နော်က ဒီကနေ့ စာနယ်ဇင်းအနေအထား ခေါင်းစဉ်နဲ့လည်းကောင်း၊တစ်ချိန်က မန္တလေးမြို့ထုတ် လူထုသတင်းစာမှာ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)က သတင်းစာသမားဆိုတာ ခေါင်းစဉ်နဲ့ လည်းကောင်း ဟောပြောဆွေးနွေးကြပါတယ်။
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 5680

လူငယ်ပန်းချီဆရာ MKM၏ မြို့ပြ ရန်ကုန် စိတ်ကူးရိုက်ခတ်ချက်များအား တည်ဆောက်တင်ဆက်ပြသထား သည့် About Yangon ပန်းချီပြပွဲကို ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပန်းချီပြပွဲတွင် MKM ၏ရန်ကုန် အကြောင်းစိတ်ကူးထည်များကို ပုံဖော်ထားသည့် ပန်းချီကားချပ်ကြီးများကို တင်ဆက်ပြသထားပါသည်။ ပန်းချီကားကြီးများမှာ ၆၀x၉၀ လက်မရှိ ပန်းချီကားချပ်ကြီးများဖြစ်သည်။ ထူးခြားသည်မှာ ပန်းချီကားချပ်ကြီးများကို မျက်နှာပြင်အပြည့် ကင်းဗတ်စတစ်ခု အပေါ်တွင်ရေးဆွဲထားခြင်းမဟုတ်ဘဲ ကင်းဗတ်စအသေးများဖြင့် သီးခြားရေးဆွဲထားသော အစိတ်အပိုင်း သုံးခုကို ပြန်လည်တပ်ဆင်ပုံဖော်ထားခြင်း ဖြစ်ရာ ပန်းချီကားတစ်ချပ်ချင်းစီ၏ အကြောင်းအရာအပေါ်တွင် ဆက်ထားသည့်အရာများဖြစ်သည့် ဒေါင်လိုက်အစင်းများပါ အထင်အရှားပေါ်နေအောင် ပုံဖော်ထားခြင်းဖြစ်သည်။ ထို့ကြောင့်ပင် မြင်တွေ့နေကျ ရန်ကုန်မြို့ပြမြင်ကွင်းများသည် အဓိပ္ပါယ်သစ်များဖြင့် လှုပ်ခတ်နေစေပါသည်။
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 5371
၇ကြိမ်မြောက်အဖြစ်ကျင်းပသော တော်ဘုရားလေးစာပေဆုပေးပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမတွင် ဖေဖော်ဝါရီ ၂၈ရက်နေ့ နေ့လည် ၂နာရီက ကျင်းပခဲ့သည်။အခမ်းအနားသို့သတင်းစာဆရာကြီးဦးဝင်တင်၊မောင်မိုးသူ၊ဒေါ်ခင်ဆွေဦး၊ဦးထက်မြက်၊ဦးကြည်နိုင်၊ကဗျာဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၊မောင်စိမ်းနီ၊ဦလှရွှေစသော စာပေအနုပညာနယ်၊နိုင်ငံရေးနယ်ပယ်များမှ ထင်ရှားသူများ၊သတင်းစာဆရာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားမှူးအဖြစ် စာရေးဆရာမောင်လွင်မွန်(ကသာ)ကဆောင်ရွက်သည်။ အစီအစဉ်အရ တော်ဘုရားလေး၏ဇနီးဖြစ်သူ ဒေါ်ခင်မေက အဖွင့်စကားပြောကြားသည်။