Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
ym
  • မြန်မာလူငယ်တွေရဲ့ လက်ရာ ဇာတ်လမ်းတို ရုပ်ရှင် နဲ့ မှတ်တမ်းရုပ်ရှင်တွေကို စုစည်းတင်ဆက်ပြသတဲ့ 'ဝသန်ရုပ်ရှင်ပွဲတော်' ကို ဇန်နဝါရီ ၁၃ နဲ့ ၁၄ ရက်များက မန္တလေးမြို့၆၉လမ်း နဲ့ ၃၇လမ်းထောင့်မှာတည်ရှိတဲ့ Mandalay Contemporary Art Centre မှာကျင်းပပြုလုပ်ခဲ့ပါတယ်။


  • ဒီပွဲကို ဝသန်ရုပ်ရှင်ပွဲတော်အဖွဲ့သားများ၊ ချက်၊စင်္ကာပူ၊သီရိလကာင်္၊ဂျပန်၊ တရုတ်၊ကမ္ဘောဒီးယား၊သြစတေးလျ၊ နယူးဇီလန်၊ဖင်လန်၊ဗြိတိန်၊ပြင်သစ်၊ အမေရိကန်နိုင်ငံများမှ  အနုပညာရှင်များ၊မြို့ခံရုပ်ရှင်ချစ်သူများ၊MCACအဖွဲ့သားများ ပရိသတ် ၈၀ကျော် တက်ရောက်ခဲ့ကြပါတယ်။


  • ဇန်နဝါရီ ၁၃ ရက်မနက် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲမှာ MCAC ဒါရိုက်တာ ဆရာညီပုလေးက အမှာစကားပြောကြားခဲ့ပြီး ဝသန်အဖွဲ့ ဒါရိုက်တာ မသူသူရှိန်နဲ့ ကိုသိဒ္ဓိတို့က ဝသန်ရုပ်ရှင်ပွဲတော်အကြောင်း ရှင်းပြပါတယ်။


  • မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားလာစေဖို့၊ရုပ်ရှင်ဒါရိုက်တာများအနေနဲ့ အနုပညာမြောက်လက်ရာ ဖန်တီးနိုင်ရေး အားပေးလှုံ့ဆော်မှုပြုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် ရန်ကုန်မြို့မှာ မိုးအခါ စက်တင်ဘာလတိုင်း ဝသန်ရုပ်ရှင်ပွဲတော်ကို ကျင်းပနေတာ ဒီနှစ်ဆိုရင် ဒုတိယအကြိမ်မြောက် ရှိပြီလို့ မသူသူရှိန်က ပြောပါတယ်။
    ဒီနှစ်တော့ ဝသန်ရုပ်ရှင်ပွဲတော်ကို အထက်မြန်မာပြည်ဆီ ဆန့်ထုတ်တဲ့ အနေနဲ့ MCACအကူအညီနဲ့ အခုလို မန္တလေးမြို့မှာ တင်ဆက်ပြသခြင်းဖြစ်တယ်လို့ သူမက ဆက်ပြီး ရှင်းပြပါတယ်။

  • ym
    ဝသန်ရုပ်ရှင်ပွဲတော်ဟာ နှစ်စဉ် မြန်မာလူငယ်တွေဖန်တီးတဲ့ ဇာတ်လမ်းတို နဲ့ မှတ်တမ်းရုပ်ရှင်တွေကို ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုပြုလုပ်ပေးပြီး
    ချက်နိုင်ငံ FAMU International မှ Vit Janecek ၊ ဂျပန်နိုင်ငံမှ Art Curator KeiKo Sei ၊မြန်မာရုပ်ရှင်ပညာရှင် ဦးမြင့်သိန်းဖေ ၊ ဒါရိုက်တာငြိမ်းမင်း၊ အယ်ဒီတာဝင်းငြိမ်း၊ပန်းချီထိန်လင်းတို့ ပါဝင်တဲ့ ဂျူရီအဖွဲ့က လက်ရွေးစဉ်ဇာတ်ကားတွေကို ရွေးချယ်ပေးကာ စက်တင်ဘာ ဝသန်ရုပ်ရှင်ပွဲတော်မှာ တင်ဆက်ပြသတာဖြစ်ပါတယ်။အခု မန္တလေးပွဲတော်မှာ ပထမနေ့က ရုပ်ရှင် ၁၁ ကား၊ ဒုတိယနေ့က ရုပ်ရှင် ၉ ကား ပြသခဲ့ပါတယ်။

  • မြန်မာလူငယ်တွေရဲ့ လက်ရာ ဇာတ်လမ်းတို ရုပ်ရှင် နဲ့ မှတ်တမ်းရုပ်ရှင်တွေကို စုစည်းတင်ဆက်ပြသတဲ့ 'ဝသန်ရုပ်ရှင်ပွဲတော်' ကို ဇန်နဝါရီ ၁၃ နဲ့ ၁၄ ရက်များက မန္တလေးမြို့၆၉လမ်း နဲ့ ၃၇လမ်းထောင့်မှာတည်ရှိတဲ့ Mandalay Contemporary Art Centre မှာကျင်းပပြုလုပ်ခဲ့ပါတယ်။


  • မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားလာစေဖို့၊ရုပ်ရှင်ဒါရိုက်တာများအနေနဲ့ အနုပညာမြောက်လက်ရာ ဖန်တီးနိုင်ရေး အားပေးလှုံ့ဆော်မှုပြုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် ရန်ကုန်မြို့မှာ မိုးအခါ စက်တင်ဘာလတိုင်း ဝသန်ရုပ်ရှင်ပွဲတော်ကို ကျင်းပနေတာ ဒီနှစ်ဆိုရင် ဒုတိယအကြိမ်မြောက် ရှိပြီလို့ မသူသူရှိန်က ပြောပါတယ်။
    ဒီနှစ်တော့ ဝသန်ရုပ်ရှင်ပွဲတော်ကို အထက်မြန်မာပြည်ဆီ ဆန့်ထုတ်တဲ့ အနေနဲ့ MCACအကူအညီနဲ့ အခုလို မန္တလေးမြို့မှာ တင်ဆက်ပြသခြင်းဖြစ်တယ်လို့ သူမက ဆက်ပြီး ရှင်းပြပါတယ်။


  • ဒီပွဲကို ဝသန်ရုပ်ရှင်ပွဲတော်အဖွဲ့သားများ၊ ချက်၊စင်္ကာပူ၊သီရိလကာင်္၊ဂျပန်၊ တရုတ်၊ကမ္ဘောဒီးယား၊သြစတေးလျ၊ နယူးဇီလန်၊ဖင်လန်၊ဗြိတိန်၊ပြင်သစ်၊ အမေရိကန်နိုင်ငံများမှ  အနုပညာရှင်များ၊မြို့ခံရုပ်ရှင်ချစ်သူများ၊MCACအဖွဲ့သားများ ပရိသတ် ၈၀ကျော် တက်ရောက်ခဲ့ကြပါတယ်။


  • ဇန်နဝါရီ ၁၃ ရက်မနက် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲမှာ MCAC ဒါရိုက်တာ ဆရာညီပုလေးက အမှာစကားပြောကြားခဲ့ပြီး ဝသန်အဖွဲ့ ဒါရိုက်တာ မသူသူရှိန်နဲ့ ကိုသိဒ္ဓိတို့က ဝသန်ရုပ်ရှင်ပွဲတော်အကြောင်း ရှင်းပြပါတယ်။


  • MFC ရဲ့ New Life, Maung Maung Tha Myint ရဲ့ Scrap, Kaung Su ရဲ့ Butchery Day, Janny Zhang ရဲ့ The Cat Lady, Min Htin Ko Ko Gyi ရဲ့ Unlnterruptedness,Khin Myanmar ရဲ့ The Dream,Sai Kong Kham ရဲ့ Sweetie Pie, Thet ZawWin ရဲ့ Working Man, Lin Sun Oo ရဲ့ (Th)ink, KoJu,Aung Min နဲ့ The Maw Naing တို့ရဲ့ The Clinic,Aung Nwai Htway ရဲ့ Behind the Screen,Aung Myat ရဲ့ White Crime?, Win Htut Oo ရဲ့ Behind the Scene, Htoo Paing Zaw Oo ရဲ့ Long Time No See!,Lwin Oo Maung ရဲ့ Cleaner, Naing Oo နဲ့ Lin Thet Naing ရဲ့ Towards Interfaith Peace,Wai Yi Win Le Phyu, idea:Zaw Win Htwe ရဲ့ Rain, Zaw Naing Oo ရဲ့ Flowerless Garden, Seng Mai ရဲ့ Social Game တို့ ပါဝင်ပါတယ်။


  • ဝသန်ရုပ်ရှင်ပွဲတော်အနေနဲ့ ''ရုပ်ရှင်ဆိုတာ ဖြော်ဖြေရေးသက်သက်မဟုတ်၊လူ့အဖွဲ့အစည်းကိုထင်ဟပ်တဲ့ အနုပညာ'' လို့ ခံယူပါသတဲ့။ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲလိုသူများ www.wathannfilmfest.net ကို ဆက်သွယ်စုံစမ်းလေ့လာနိုင်ပါကြောင်း။

  •                                                             ရည်မွန်