Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

့အ
မြန်မာခေတ်ပြိုင်ပန်းချီဆရာကြီး(ဦး)ခင်မောင်ရင်၏ပန်းချီကားများကို စုစည်းပြသမည့် ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြပွဲတွင်  ဇန်န၀ါရီ ၁၈ ရက်နှင့် ၁၉ရက်တို့တွင် နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပန်းချီပြပွဲကို ခင်မောင်ရင် ၁၀၀ ၊K,KMY,Kin Maung Yin Solo Exhibition 2013 ဟုအမည်ပေးထားပြီး ပန်းချီဆရာ(ဦး)ခင်မောင်ရင်ရေးဆွဲထားသည့် ပန်းချီကား ၁၀၀ ပါဝင်ပြသမည်ဖြစ်သည်။
ပန်းချီခင်မောင်ရင်သည် ဗိသုကာပညာရှင်တဦးဖြစ်ပြီး ဗိသုကာပညာသင်ကြားနေစဉ်က ပင် အမေရိကန်တွင်ထင်ရှားသော ဒတ်ခ်ျ ပန်းချီ ပညာရှင် မွန်ဒရီယွန်၏  ဂျီသြမေတြီ ဆန်သော လေးထောင့်ကွက်ပန်းချီကားများကို နှစ်သက်သဘောကျခဲ့သူဖြစ်ပါသည်။

ဗိသုကာဘွဲ့ရပြီးနောက်ပိုင်း ကာလအတန်ကြာ ဘဂ်လားဒေ့ရှ်နိုင်ငံတွင် ဗိသုကာပညာရှင် အဖြစ်အသက်မွေးနေထိုင်ရာမှ ၁၉၆၀ ခန့်တွင် ဘ၀ကို ပန်းချီပညာရှင် အဖြစ် နေထိုင်သွားရန် ဆုံးဖြတ်ပြီး မြန်မာပြည်သို့ပြန်လာကာ ခေတ်ပြိုင် ရေးဘက် ပန်းချီအောင်စိုး ဦးခင်မောင်(ဘဏ်) တို့နှင့် အတု ပထမမျိုးဆက် မော်ဒန် ပန်းချီဆရာ အဖြစ် ဦးဆောင်ခဲ့သည့် ပန်းချီဆရာတဦးဖြစ်ပါသည်.။

 အထူးသဖြင့် ခင်မာင်ရင်သည်  ငွေကြေး ကျော်ကြားမှု တို့ကို ဂရုမစိုက်ပဲဘ၀ကို ရိုးရှင်းစွာ တဦးတည်းနေထိုင်ရင်း ပန်းချီအနုပညာဖန်တီးဖြင့်သာ နေထိုင်သော ဘ၀နေထိုင်ပုံ အထူးခြား အရိုးရှင်းဆုံး ပန်းချီဆရာ အဖြစ် အနုပညာရှင်များကြားထင်ရှားသူဖြစ်ပါသည်။

ပန်းချီခင်မောင်ရင်သည် လွန်ခဲ့သော ခြောက်နှစ်ကျော်မှ စ၍ ဒြပ်မဲ့ပန်းချီ မြန်မာ့ရှူခင်းအလှများကို ခေတ်သစ်ပန်းချီအမြင်ဖြင့် ဖန်တီးရေးဆွဲနေရာမှ လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီ ကားများကို စီးရီးတခု အဖြစ် အမြောက်အမြား ရေးဆွဲခဲ့ပြီး ၄င်းစီရီးကို ပန်းချီကားဝယ်ယူစုဆောင်းသူများက လျို့ဝှက် ၀ယ်ယူစုဆောင်းကြရသော စီးရီး အဖြစ် ထင်ရှားခဲ့သည်။

၂၀၀၉  ခုနှစ်တွင် ဒုတိယမျိုးဆက်မော်ဒန်ပန်းချီဆရာစန်းမြင့်က ဦးဆောင်၍ ခင်အောင်ရင်၏ အနုပညာဖြတ်သန်းမှုကို This is Khin Maung Yin အမည်ဖြင့် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။

ယခုအခါ အသက် ၇၄ နှစ်ရှိပြီ ဖြစ်သော မော်ဒန်မာစတာ၏ ခေတ်အဆက်ဆက်ရေးခဲ့သော ပန်းချီကားများနှင့် လောလောလတ်လတ်ရေးဆွဲခဲ့သောပန်းချီကားများ ပေါင်း (၁၀၀)ကို အတူတပေါင်းတည်း တွေ့ရမည် ဖြစ်သဖြင့်ထူးခြားသောပွဲတပွဲဖြစ်ပါသည်။

                                                                 ကိုဘုန်း