![]() ![]() |
ရတနာမြတ်သုံးပါးနှင့် မိဘ၊ ဆရာ၊ မိတ်ဆွေ သင်္ဂဟတို့၏ ကျေးဇူးကြောင့် ပွင့်လင်းမြင်သာ ပြည်မြန်မာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ၀က်ဘ်ဆိုက်ကို အောင်မြင်စွာ စတင်လိုက်ပြီ ဖြစ်ကြောင်း ရှေးဦးစွာ အသိပေး အကြောင်းကြားအပ်ပါသည်။
ဤ လှုပ်ရှားမှုကို အနုပညာရှင် ဦးထိန်လင်းနှင့် အငြိမ်းစား ဗြိတိသျှ သံအမတ်ကြီး မစ္စဗစ်ကီဘိုးမင်း တို့၏ တိုက်တွန်း စေ့ဆော်မှုကြောင့် စတင်ခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယ နိုင်ငံတွင် ဆောင်ရွက်လျက် ရှိသော ပြည်သူ့အာဏာ (Janaagraha ) အဖွဲ့၏ (I paid a bribe) လှုပ်ရှားမှုကို အခြေခံ၍ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ပွင့်လင်းမြင်သာ ပြည်မြန်မာ လှုပ်ရှားမှုသည် အိန္ဒိယနိုင်ငံ၊ ပြည်သူ့အာဏာ အဖွဲ့၏ လက်တွဲဖော် မဟာမိတ် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ဦးတစ်ရပ်၏ သြဇာခံ လှုပ်ရှားမှု မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
Transparency International ၏ ၂၀၁၃ ခုနှစ် လာဘ်ပေး လာဘ်ယူမှု ညွန်းကိန်း (Corruption Perception Index 2013) အရ
မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၁၇၇) နိုင်ငံ အနက် အဆင့် (၁၅၇) သို့ ရောက်ရှိနေပြီး လာဘ်ပေး လာဘ်ယူမှု အထူပြောဆုံး အနေအထားတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။ လာဘ်ပေး လာဘ်ယူမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သာမက ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပါ ဖြစ်ပေါ်နေသော ပြဿနာ ဖြစ်ပါသည်။ သို့ဖြစ်၍ မူဝါဒ ချမှတ်သူများ၊ အစိုးရ အဖွဲ့အစည်းများ အနေဖြင့် လာဘ်ပေး လာဘ်ယူမှုများကို အစွမ်းကုန် တိုက်ဖျက်ရန် အဆောတလျင် လိုအပ်နေကြောင်းကို Transparency International တိုက်တွန်းထားပါသည်.။
ဤ လှုပ်ရှားမှုကို အနုပညာရှင် ဦးထိန်လင်းနှင့် အငြိမ်းစား ဗြိတိသျှ သံအမတ်ကြီး မစ္စဗစ်ကီဘိုးမင်း တို့၏ တိုက်တွန်း စေ့ဆော်မှုကြောင့် စတင်ခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယ နိုင်ငံတွင် ဆောင်ရွက်လျက် ရှိသော ပြည်သူ့အာဏာ (Janaagraha ) အဖွဲ့၏ (I paid a bribe) လှုပ်ရှားမှုကို အခြေခံ၍ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ပွင့်လင်းမြင်သာ ပြည်မြန်မာ လှုပ်ရှားမှုသည် အိန္ဒိယနိုင်ငံ၊ ပြည်သူ့အာဏာ အဖွဲ့၏ လက်တွဲဖော် မဟာမိတ် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ဦးတစ်ရပ်၏ သြဇာခံ လှုပ်ရှားမှု မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
Transparency International ၏ ၂၀၁၃ ခုနှစ် လာဘ်ပေး လာဘ်ယူမှု ညွန်းကိန်း (Corruption Perception Index 2013) အရ
မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၁၇၇) နိုင်ငံ အနက် အဆင့် (၁၅၇) သို့ ရောက်ရှိနေပြီး လာဘ်ပေး လာဘ်ယူမှု အထူပြောဆုံး အနေအထားတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။ လာဘ်ပေး လာဘ်ယူမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သာမက ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပါ ဖြစ်ပေါ်နေသော ပြဿနာ ဖြစ်ပါသည်။ သို့ဖြစ်၍ မူဝါဒ ချမှတ်သူများ၊ အစိုးရ အဖွဲ့အစည်းများ အနေဖြင့် လာဘ်ပေး လာဘ်ယူမှုများကို အစွမ်းကုန် တိုက်ဖျက်ရန် အဆောတလျင် လိုအပ်နေကြောင်းကို Transparency International တိုက်တွန်းထားပါသည်.။
မြန်မာ စီးပွားရေး ပညာရှင် ဦးမြင့် က လာဘ်ပေး လာဘ်ယူမှုသည် ကမ္ဘာ့ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း ဆိုထားပြီး၊ လာဘ်ပေး လာဘ်ယူမှု ပြဿနာကြောင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး တိုးတက်မှု နှောင့်နှေးခြင်းများ ဖြစ်ပေါ်နေကြောင်း သုံးသပ်ကာ၊ လာဘ်ပေး လာဘ်ယူမှုများကို တိုက်ဖျက်ရန် မူဝါဒ ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်နေသည် ဟု အကြုံပြု ထားပါသည်။ စင်စစ် လာဘ်ပေး လာဘ်ယူမှု ပြဿနာ ဖြစ်ပေါ်ရခြင်းမှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ယန္တရားတွင် မူဝါဒ အားနည်းချက်များ ရှိနေခြင်းကြောင့် ဖြစ်သဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းဖြင့် လာဘ်ပေး လာဘ်ယူမှုကို လျှော့ချ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
ဤလှုပ်ရှားမှု ဆောင်ရွက်သူတို့ အနေဖြင့် လာဘ်ပေး လာဘ်ယူမှု၊ အဂတိ လိုက်စားမှုများကို ဖော်ထုတ်ခြင်းဖြင့် အုပ်ချုပ်ရေး ၀န်ဆောင်မှု ယန္တရားတွင် ဖြစ်ပေါ်နေသည့် အကျင့်ပျက် ခြစားမှုများကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်လိမ့်မည် ဟု အလေးအနက် ယုံကြည်ပါသည်။ သို့ဖြစ်၍ ဤ လူထုလှုပ်ရှားမှု သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လာဘ်ပေး လာဘ်ယူမှု၊ အဂတိ လိုက်စားမှုများကို လူထု ပါဝင်မှုဖြင့် ဖော်ထုတ်ပြီး မူဝါဒ ချမှတ်သူတို့ အနေဖြင့် လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နိုင်စေရန် တတ်စွမ်းသမျှ တိုက်တွန်း လှုံ့ဆော် သွားမည် ဖြစ်ပါသည်။
လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပြည်သူတို့ အနေဖြင့် အသုံးပြုနိုင်သည့် လက်နက်မှာ “နာမည်ကိုင် ကလော်တုပ်” (Name and Shame) နည်းစနစ်သာ ဖြစ်သည်။ ဤ လှုပ်ရှားမှု ၀က်ဘ်ဆိုက်တွင် ပြည်သူတို့ အနေဖြင့် လာဘ်ပေး လာဘ်ယူမှုများကို လွတ်လပ် လုံခြုံစွာ သတင်းပေးပို့နိုင်ရန် စီစဉ်ထားပါသည်။ ကဲ့ရဲတန်သူကို ကဲ့ရဲ့ပြီး ချီးမွမ်းတန်သူကို ချီးမွမ်းခြင်းသည် ပွင့်လင်းမြင်သာ ပြည်မြန်မာ၏ မူဝါဒ ဖြစ်ပါသည်။ ထို့ကြောင့် ဤ လှုပ်ရှားမှု ၀က်ဘ်ဆိုက်တွင် ပြည်သူတို့ အနေဖြင့် အကျင့်စာရိတ္တ ရိုးဖြောင့်သော ပြည်သူ့ဝန်ထမ်းများ၊ ၀န်ဆောင်မှု ကောင်းမွန်သော ဌာနအဖွဲ့အစည်းများကို ဂုဏ်ပြု ချီးမွမ်းနိုင်ရန်လည်း စီစဉ်ထားပါသည်။
ဤလှုပ်ရှားမှုသည် ပြည်သူတို့၏ ပူးပေါင်းမှုကို ရယူကာ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး လုပ်ငန်းများကို ရေရှည် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပွင့်လင်းမြင်သာ ပြည်မြန်မာ လူထုလှုပ်ရှားမှု ၀က်ဘ်ဆိုက်သို့ ပြည်သူတို့ ပေးပို့လာသည့် လာဘ်ပေး လာဘ်ယူမှုများကို ၀က်ဘ်ဆိုက်တွင် အချိန်နှင့် တပြေညီ ကြည့်ရှုနိုင်စေရန် စီစဉ်ထားပါသည်။
ထို့အပြင် အချက်အလက်များကို စုစည်းပြီး လစဉ်၊ နှစ်စဉ် အစီရင်ခံစာများ၊ လာဘ်ပေး လာဘ်ယူမှု သွင်ပြင် လက္ခဏာ သုတေသန စစ်တမ်းများ ပြုစု၍ လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင်၊ စာနယ်ဇင်း အဖွဲ့အစည်းများ၊ မူဝါဒ ချမှတ်သူများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေး အသင်းအပင်းများနှင့် လူထုအဖွဲ့အစည်းများသို့ ပေးပို့ကာ ပြည်သူ အခြေပြု လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြည်သူတို့ အနေဖြင့် လှုပ်ရှားမှု ၀က်ဘ်ဆိုက်ကို အသုံးပြု၍ လာဘ်ပေး လာဘ်ယူမှု၊ အဂတိ လိုက်စားမှုများ သာမက ရိုးသား ဖြောင့်မတ်သော ၀န်ထမ်းများ၏ စွမ်းဆောင်မှုများကိုပါ လွတ်လပ် လုံခြုံစွာဖြင့် သတင်းပေးပို့နိုင်မည် ဖြစ်ပါသည်။ ဤ လှုပ်ရှားမှု ၀က်ဘ်ဆိုက်ကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။
၁။ ၀က်ဘ်ဆိုက် အသုံးပြုနည်း
http://www.transparencymyanmar.com/guidelines
၂။ လာဘ်ပေးလာဘ်ယူမှု သတင်းပေးပို့ရန်
http://www.transparencymyanmar.com/file-a-complaint
၃။ ရိုးသားဖြောင့်မတ်မှု သတင်းပေးပို့ရန်
http://www.transparencymyanmar.com/show-appreciation
၎။ လတ်တလော ပေးပို့ထားသည့် လာဘ်ပေးလာဘ်ယူမှုများ
http://www.transparencymyanmar.com/type/briberies
၅။ လတ်တလော ပေးပို့ထားသည့် ရိုးသားဖြောင့်မတ်မှုများ
http://www.transparencymyanmar.com/type/appreciations
သတင်းပေးပို့ လိုသူတို့ အနေဖြင့် သတင်း ပေးပို့ခြင်း ဆိုင်ရာ ကျင့်ဝတ် လုပ်ထုံးများ၊ သတင်း အချက်အလက် လုံခြုံရေး မူဝါဒများကို ဖတ်ရှုပြီးမှ သတင်းပေးပို့ရန် တိုက်တွန်းလိုပါသည်။
၁။ သတင်းပေးပို့ခြင်းဆိုင်ရာကျင့်ဝတ်လုပ်ထုံးများ
http://www.transparencymyanmar.com/community-standards
၂။ သတင်းအချက်အလက်လုံခြုံရေးမူဝါဒများ
http://www.transparencymyanmar.com/privacy-policy
ပွင့်လင်းမြင်သာ ပြည်မြန်မာ ၀က်ဘ်ဆိုက်ကို အင်တာနက် အသုံးနိုင်ခြင်း မရှိသေးသော ကျေးလက်ဒေသများတွင် အသုံးပြုနိုင်မည် မဟုတ်ပေ။ ဤအချက်သည် ပွင့်လင်းမြင်သာ ပြည်မြန်မာ လှုပ်ရှားမှု၏ အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ အနေဖြင့် ကျေးလက် မြို့ပြ အင်တာနက် အသုံးပြုမှု ကွာဟချက်ကို တတ်စွမ်းသမျှ ဖြေရှင်းရန် နည်းလမ်းများ ဖော်ထုတ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အင်တာနက် မရရှိသေးသော ကျေးလက်ဒေသများတွင် လာဘ်ပေးလာဘ်ယူမှု စောင့်ကြည့်ရေး အဖွဲ့ငယ်များ သို့မဟုတ် ကိုယ်စားလှယ် များ ဖွဲ့စည်း ခန့်ထားပြီး၊ ကျေးလက်ဒေသတွင် ဖြစ်ပေါ်နေသော လာဘ်ပေး လာဘ်ယူမှုများကို ဖော်ထုတ်နိုင်မည့် စမ်းသပ်စီမံချက် တစ်ခုကို မကြာမီတွင် စတင်ရန် စီစဉ်လျက် ရှိပါသည်။
ပွင့်လင်းမြင်သာ ပြည်မြန်မာ လှုပ်ရှားမှုတွင် လူအင်အား၊ ဘဏ္ဍာရေးအင်အား အခက်အခဲများ ရှိနေဆဲ ဖြစ်သဖြင့် အသုံးပြုရာတွင် အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့လျှင် ခွင့်လွှတ် နားလည် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်း ကျွမ်းကျင်သူ တတ်သိ ပညာရှင်များ အနေဖြင့် ဤလှုပ်ရှားမှုတွင် တတ်စွမ်းသမျှ ထောက်ပံ့ ပါဝင်ပူးပေါင်းကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ပွင့်လင်းမြင်သာ ပြည်မြန်မာ လှုပ်ရှားမှု ကို ဆက်သွယ်လိုပါက This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ် ပေးပို့၍ ဖြစ်စေ၊ လှုပ်ရှားမှု ဆက်သွယ်ရေး စနစ် http://www.transparencymyanmar.com/contact သို့ စာရေးသား၍ ဆက်သွယ်နိုင်ပါသည်။
မေတ္တာဖြင့်
မောင်နေလင်းအောင်
လှုပ်ရှားမှုတာဝန်ခံ
ပွင့်လင်းမြင်သာ ပြည်မြန်မာ လူထုလှုပ်ရှားမှု