ဇူလိုင် (၁၉)ရက်နေ့ တွင် ကျရောက်သော (၆၆) နှစ်မြောက် အာဇာနည်နေ့
အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင်
တောင်ငူမြို့ မိုင်ဒါကွင်း အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်
မြက်ခင်းပြင်ကျယ်၌ ကျင်းပရာ မြို့ပေါ်ကျေးလက် နယ်ပယ် ပေါင်းစုံမှ
လုပ်သားပြည်သူများ၊ နိုင်ငံရေးပါတီများ၊လူမူရေးအဖွဲ အစည်းများ၊
အနုပညာရှင်များ၊တက်ရောက်ကြပြီး၊ လွမ်းသူပန်း ခွေချ၊ အလေးပြုခြင်း ၊
ပြုလုပ်ကြကာ၊ (၁၀း၃၇)မိနစ်တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်၊ ဥသြဆွဲပြီး (၁)
မိနစ်ငြိမ်သက် အလေး ပြုခဲ့ကြခြင်း အပြင်၊ မြို့နယ်အတွင်းရှိ ၊
နိုင်ငံရေး၊ လူမှုရေးအသင်းများ၊ ကဗျာဆရာများ၊ သံချပ်အဖွဲ့များ
အစရှိသောအနုပညာရှင် များနှင့်၊ ကျောင်းတော်သူကျောင်းတော်သားများသည်
ဘုန်းတော်ကြီးကျောင်းများ၌၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်၊
အရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ အလွှာအသီးသီးရှိ
ပြည်သူလူထုအများစုကလည်း မိမိတို့၏ နေအိမ်သို့ သံဃာတော်များ ပင့်လျက်၊
ယင်းနေ့ကို အကြောင်းပြု၍ နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုအစုစုများကို
လှူဒါန်းခြင်းဖြင့် အာဇာနည် ပုဂ္ဂိုလ် ကြီးများအား၊ ယခင်နှစ်များနှင့် မတူ
(ပိုမိုလွတ်လပ်ပွင့်လင်းစွာ၊အနှောက်အယှက်ကင်းကင်းဖြင့်) အောင်းမေ့တမ်းတ
ဂုဏ်ပြုခြင်းအခမ်းအနားများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည် ။