User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                                

                (၅၁) မြောက် - ၇ ဇူလိုင် - အထိမ်းအမှတ်နေ့ အခမ်းအနား
နှင့် ကေတုအိုးဝေစာကြည့် ဖွင့်ပွဲ ကို တောင်ငူမြို့  ၊ မင်ကြီးညို ရပ်ကွက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 အဆိုပါ အခမ်းအနားကို ဗ.က.သ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို နှင့် ပဲခူးတိုင်းအနောက်ခြမ်း ဗ.က.သ ဥက္ကဋ္ဌ ကိုအာကာဦး၊ တောင်ငူခရိုင် ဗ.က.သ ကျောင်းသားကျောင်းသူများ၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ကြံ့ခိုင်ရေးမှ အဖွဲ့ဝင်များ၊ တောင်ငူမြို့ မှ ကဗျာဆရာများ နှင့် ဖိတ်ကြားထားသောဧည့်သည်များတက်ရောက်ခဲ့ပါတယ် ။
 
အခမ်းအနားတွင် ဗ.က.သ အဖွဲ့ချုပ်မှ သ၀ဏ်လွှာ၊ လူ့ဘောင်သစ်ပါတီမှ သ၀ဏ်လွှာ၊ တောင်ငူခရိုင်ကျောင်းသားသမဂ္ဂ မှ သ၀ဏ်လွှာများကို ဖတ်ကြားကြပြီးနောက်၊
ကဗျာသီချင်းရွတ်ဆိုခြင်း အစီအစဉ်မှာ "သွေးစည်းခဲ့ပြီ " နှင့် သမဂ္ဂသီချင်းများကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ၊ သံပြိုင်သီဆိုကြပြီး၊ ကဗျာဆရာ အောင်လွန်းမြိုင် နှင့် ရန်လင်းအောင်
တို့က ကိုယ်တိုင်ကဗျာရွတ်ဆိုခဲ့ကြပါသည်။
 
ကဗျာဆရာ မင်းညွန့်လှိုင် ၊မောင်သော်တာ နှင့် အောင်ထက် တို့ရဲ့  ကဗျာများကိုလည်း၊ ကျောင်းသား/သူများက ရွတ်ဆို၍ "ကမ္ဘာမကြေဘူး" သီချင်းကို
အခမ်းအနားတက်ရောက်လာကြသူများ နှင့် ဗ.က.သ အဖွဲ့ဝင်များက သံပြိုင်သီဆိုကြပြီး၊အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း  သိရပါတယ်။


လေးကျွန်းမြေ - တောင်ငူ