Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
ပုဂ္ဂလိက သတင်းစာများကို လာမယ့် ဧပြီ ၁ ရက်ကစပြီး ထုတ်ဝေခွင့်ပြုတော့မယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပြီးနောက် သတင်းစာလုပ်ငန်း သတင်းစာပညာအပေါ် လူငယ်တွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာချိန်မှာ Mandalay Contemporary Art Centre က သတင်းစာပညာ ဟောပြောဆွေးနွေးပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက်အထိ မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပထမရက်မှာ သဘာဝမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဆူးငှက်က 'သီလ နဲ့ ပညာ'ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးပါတယ်။သတင်းစာဆရာများအနေနဲ့ သတင်စာပညာ ကျွမ်းကျင်မှုသာမက သတင်းစာကျင့်ဝတ်နဲ့ ညီညွတ်မှသာ သတင်းစာဆရာကောင်း ဖြစ်မယ့်အကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဒုတိယရက်မှာတော့ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ဆရာညီစေမင်းက 'စုံစမ်းထောက်လှမ်းသတင်းရေးသားခြင်း'Investigative Reporting ခေါင်းစဉ်နဲ့ ဆွေးနွေးပါတယ်။အများပြည် သူုအကျိုးငှာ မဖြစ်မနေ စုံစမ်းဖော်ထုတ်ဖို့ လိုအပ်နေတဲ့ သတင်းဖြစ်ရပ်မှန်တွေကို ဘယ်လို ထောက်လှမ်းရေးသားမလဲ ဆိုတာ ဆွေးနွေးသွားတာပါ။

နောက်ဆုံးနေ့မှာတော့ စာရေးဆရာ သတင်းစာဆရာ သင့်နော်က ဒီကနေ့ စာနယ်ဇင်းအနေအထား ခေါင်းစဉ်နဲ့လည်းကောင်း၊တစ်ချိန်က မန္တလေးမြို့ထုတ် လူထုသတင်းစာမှာ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)က သတင်းစာသမားဆိုတာ ခေါင်းစဉ်နဲ့ လည်းကောင်း ဟောပြောဆွေးနွေးကြပါတယ်။

ဧည့်သည်တော် စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုနဲ့ စာရေးဆရာဝင်းဖေမောင် တို့ကလည်း စာနယ်ဇင်းဆရာများ သိသင့်တဲ့ စီးပွားရေးမူဝါဒနဲ့ပြည်သူ့ရေးရာမူဝါဒ
ချမှတ်ခြင်း အခြေခံများကို အားဖြည့် ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို မန္တလေး၊နေပြည်တော်၊မြင်းခြံ၊ ကျောက်ဆည်၊ပလိပ်၊တံတားဦး၊မုံရွာ၊စစ်ကိုင်း၊ဇီးကုန်း၊တောင်ကြီး၊
ကျောက်မဲစတဲ့ အထက်မြန်မာနိုင်ငံမှ လူငယ်စာနယ်ဇင်းသမား အယောက် ၃၀ တက်ရောက် လေ့လာခဲ့ကြပါတယ်။

                                                                                                 ရည်မွန်