Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

့kmy

၂၀၁၂ ခုနှစ်ဆန်းပိုင်း ကစတင်ပြီး မြန်မာနိုင်ငံ အတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်များ သိသိသာသာ ရရှိလာပြီး စာပေစီစစ်ရေး အဖွဲ့ ကို ပယ်ဖျက်လိုက်ပေမယ့် အခြား အနုပညာပညာ နယ်ပယ်များဖြစ်တဲ့ ရုပ်ရှင် ပန်းချီ နယ်များမှာ ဆင်ဆာ အဖွဲ့ ရဲ့ စီစစ်မှု တွေ ဆက်ရှိနေဆဲလို့ဆိုပါတယ်။

အထက်တွင် ဖေါ်ပြထားတဲ့ အိပ်ပျော်နေတဲ့ မိန်းကလေး ပန်းချီကားဟာ မော်ဒန်မာစတာ ခင်မောင်ရင် ရဲ့ ပန်းချီကားဖြစ်ပြီး လွန်ခဲ့တဲ့ အပတ် လောကနတ် ပြခန်းမှာ ပြုလုပ်တဲ့ ခင်မောင်ရင် ၁၀၀ တကိုယ်တော် ပြပွဲမှာ စီစစ်ရေးအဖွဲ့ က မြန်မာယဉ်ကျေးမှု နဲ့ မဆီလျော်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြသဘို့ ငြင်းပယ်ခံခဲ့ရတဲ့ပန်းချီကားဖြစ်ပါတယ်။

ပွင့်လင်းလာတဲ့ ခေတ်အခြေ အနေနဲ့ လိုက်ပြီး ပန်းချီဆရာ တွေဟာ နိုင်ငံရေး ဆန်တဲ့ ပန်းချီကားတွေ အထူးသဖြင့်  အမျိုသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ပုံတူ တို့ကို စတိုင်အမျိုးမျိုးနဲ့ ရေးဆွဲလာကြတာတွေ့ရပါတယ်။ထို့ အပြင် ယခင်က လုံးဝရေးဆွဲပြသ ဘို့ စိတ်မကူးခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားများ ဘ၀ ကိုထင်ဟပ်တဲ့ ပန်းချီကားတွေကိုလည်း အတွေ့ရများလာပါတယ်။

 နောက်ပန်းချီလောကမှာအရင်က အတွေ့ရနည်းတဲ့ အမျိုးသမီး ကိုယ်လုံးတီး ပုံပန်းချီကားများကို စတိုင်အမျိုးမျိုးရေးဆွဲ လာတာတွေ့ရပါတယ်။ အထူးသဖြင့် ပန်းချီဆရာများ ရဲ့ ဖေ့ဘွတ် စာမျက်နှာ များမှာ တွေ့ရသလို ကိုယ်ပိုင် ပန်းချီပြခန်းတွေမှာ ရောင်းချဘို့ချိတ်ဆွဲထားတာတွေ တွေ့ရပါတယ်။လုံးတီးပုံ ပန်းချီကား ချိတ်ဆွဲပြသခွင့်ဟာ မြန်မာနိုင်ငံထက် နိုင်ငံရေးလွတ်လပ်ခွင့်ပါတယ်ဆိုတဲ့ ဒေသတွင်း အထူးသဖြင့် မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား အင်ဒိုနီးရှားလို နိုင်ငံတွေမှာ လည်း ပြသနာတွေရှိနေဆဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ၀င်အများစုမြန်မာနိုင်ငံမှာတော့ ဘာသာရေး အရ တင်းတင်းကြပ်ကြပ်တားမြစ်ထားတာမျိုးမရှိသော်လည်း မြန်မာယဉ်ကျေးမှု မှာ အစဉ်အလာ အရ ဆိုတဲ့ ပေတံနဲ့တိုင်းတာပြီး တားမြစ်ခဲ့တာတွေ အစဉ်အဆက်ရှိခဲ့ပါတယ်။

ဒါကြောင့် ပြောင်းလဲပွင့်လင်းလာတဲ့ ခေတ်အခြေအနေကြောင့် ပန်းချီဆရာတွေ တကိုယ်လုံးဖေါ် အလှမယ်ပုံ ကို ဘယ်လိုပဲ ရေးဆွဲလာကြသော်လည်း လူထုကိုပြသတဲ့ လောကနတ်လိုပြခန်းမျိုးမှာ  ပြသခွင့် ရဘို့ အတွက် တော့ လက်ရှိပန်းချီစီစစ်ရေးအဖွဲ့ ရဲ့ မြန်မာယဉ်ကျေးမှုနဲ့ကိုက်ညီရမယ်ဆိုတဲ့ မူလပေတံဟောင်းကြီးကြောင့် လွတ်လပ်စွာ ပြသနိုင်ဘို့ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။

 zyn

အထက်ဖေါ်ပြထားသောပန်းချီ ၂ကားဟာ ပန်းချီကိုကိုနိုင်နဲ့ပန်းချီ ဇွဲရန်နိုင်တို့ အလှမယ်ကားများဖြစ်ပါတယ်။

                                                                                       ကိုဘုန်း