သတင်း
- Details
- Written by မောင်နေလင်းအောင်
- Category: သတင်း
- Hits: 4665
![]() ![]() |
ဤ လှုပ်ရှားမှုကို အနုပညာရှင် ဦးထိန်လင်းနှင့် အငြိမ်းစား ဗြိတိသျှ သံအမတ်ကြီး မစ္စဗစ်ကီဘိုးမင်း တို့၏ တိုက်တွန်း စေ့ဆော်မှုကြောင့် စတင်ခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယ နိုင်ငံတွင် ဆောင်ရွက်လျက် ရှိသော ပြည်သူ့အာဏာ (Janaagraha ) အဖွဲ့၏ (I paid a bribe) လှုပ်ရှားမှုကို အခြေခံ၍ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ပွင့်လင်းမြင်သာ ပြည်မြန်မာ လှုပ်ရှားမှုသည် အိန္ဒိယနိုင်ငံ၊ ပြည်သူ့အာဏာ အဖွဲ့၏ လက်တွဲဖော် မဟာမိတ် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ဦးတစ်ရပ်၏ သြဇာခံ လှုပ်ရှားမှု မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
Transparency International ၏ ၂၀၁၃ ခုနှစ် လာဘ်ပေး လာဘ်ယူမှု ညွန်းကိန်း (Corruption Perception Index 2013) အရ
မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၁၇၇) နိုင်ငံ အနက် အဆင့် (၁၅၇) သို့ ရောက်ရှိနေပြီး လာဘ်ပေး လာဘ်ယူမှု အထူပြောဆုံး အနေအထားတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။ လာဘ်ပေး လာဘ်ယူမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သာမက ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပါ ဖြစ်ပေါ်နေသော ပြဿနာ ဖြစ်ပါသည်။ သို့ဖြစ်၍ မူဝါဒ ချမှတ်သူများ၊ အစိုးရ အဖွဲ့အစည်းများ အနေဖြင့် လာဘ်ပေး လာဘ်ယူမှုများကို အစွမ်းကုန် တိုက်ဖျက်ရန် အဆောတလျင် လိုအပ်နေကြောင်းကို Transparency International တိုက်တွန်းထားပါသည်.။
Read more: ပွင့်လင်းမြင်သာ ပြည်မြန်မာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု
- Details
- Written by ထူးညို
- Category: သတင်း
- Hits: 5760

- အခမ်းအနားအား အစီအစဉ် (၁၃)ရပ်ဖြင့် ကျင်းပခဲ့သည်။
(၁) အခမ်းအနား ဖွင့်လှစ်ခြင်း
(၂) နိုင်ငံတော်အလံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများ၊ သခင်ကိုယ်တော်မှိုင်း၊ ဒဂုန်တာရာနှင့် ကဗျာဆရာစာပေပညာရှင်များအား အလေးပြုခြင်း၊ ဂါရ၀ပြုခြင်း
(၃) သဘာပတိ၊ ဦးလှမြင့်သန်း (NLD လယ်ယာဗဟိုကော်မတီ)မှ အဖွင့် ဂုဏ်ပြုစကားပြောခြင်း
(၄) ကျင်းပရေးကော်မတီ ဥက္ကဌ၊ ဒေါက်တာစိုးမြင့်သန်း(အောင်ထိပ်)မှ မိန့်ခွန်းပြောခြင်း
(၅) ကျင်းပရေးကော်မတီ အတွင်းရေးမှူးမှ ခရမ်းပြာထက်လူ၏ ကိုယ်ရေးရာဇ၀င်ဖတ်ကြား၍ ဆုပေးရခြင်းအကြောင်းကို ပြောခြင်း
(၆) ဆုပေးခြင်း
(၇) ခရမ်းပြာထက်လူမှ ကျေးဇူးတင်စကားပြောခြင်းနှင့် ကဗျာရွတ်ခြင်း
(၈) မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ နာယက မောင်စိမ်းနီမှ ဂုဏ်ပြုစကားပြောခြင်း
(၉) မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ ဥက္ကဌ ထက်မြက်မှ ဂုဏ်ပြုစကားပြောခြင်း
(၁၀) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကျော်ကိုကိုမှ ဂုဏ်ပြုစကားပြောခြင်း
(၁၁) ကဗျာဆရာများမှ ကဗျာရွတ်ခြင်း
(၁၂) သဘာပတိမှ နိဂုံးချုပ်စကားပြောခြင်း
(၁၃) အခမ်းအနားပြီးဆုံးကြောင်းကြေညာခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်း
အခမ်းအနားမှူး - မောင်စည်သူထက်နိုင်၊ မ၀င်းဟေမာန်ထွန်း
အခမ်းအနားတွင် ခရမ်းပြာထက်လူမှ "၈၈၈၈ အရေးတော်ပုံ (သို့မဟုတ်) မ၀င်းမော်ဦး၊ အသက်(၁၆)နှစ်" ကဗျာအား ရွတ်ဆိုခဲ့ပါသည်။ ကဗျာဆရာသည် ထိုကဗျာအား မရွတ်ဆိုမီ ၀မ်းနည်းမျက်ရည်ကျခဲ့ပါသည်။ ယင်းကဗျာသည် NLD(LA) ကိုရီးယားဌာနခွဲ၏ (၂၅)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အောက်မေ့ဖွယ်အထိမ်းအမှတ်ကဗျာဆုအား ရရှိထားခဲ့ပါသည်။
အခမ်းအနားတွင် ခရမ်းပြာထက်လူမှ ဆုရကဗျာငါးပုဒ်ပါ စာအုပ်အား အခမ်းအနားတက်ရောက်လာသူများကို လက်ဆောင်ပေးခဲ့ပြီး ယင်းစာအုပ်ပါ ဖော်ပြချက်အရ ဆုရကဗျာငါးပုဒ်မှာ
(၁) ၈၈၈၈ အရေးတော်ပုံ (သို့မဟုတ်) မ၀င်းမော်ဦး၊ အသက်(၁၆)နှစ်
(NLD(LA) ကိုရီးယားဌာနခွဲ၏ (၂၅)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အောက်မေ့ဖွယ်အထိမ်းအမှတ်ကဗျာဆု)
(၂) ကြောက်စိတ်နဲ့ လင်းနေတဲ့ ကျောက်မျက်တစ်လုံး
(၂၀၁၀ မန္တလေး-မတ္တရာ ရေနည်းငါးလေးများ ပရဟိတအဖွဲ့ ရွှေလက်ရာ ကဗျာဆု)
(၃) သိပ္ပံနဲ့ နည်းပညာခေတ်ထဲက သမီးလေး
(၂၀၀၈ တညင်မြို့ တတိယညဥ့်ယံစာပေ၀ိုင်း တတိယညဥ့်ယံကဗျာဆု)
(၄) ဘတ်စ်ကားပေါ်မှာ
(၂၀၀၈ ရွှေအမြုတေမဂ္ဂဇင်း ရွှေအမြုတေကဗျာဆု)
(၅) Money
(၂၀၀၆ ပျဉ်းမနား အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု)
တို့ဖြစ်သည်။
အခမ်းအနားတက်ရောက်လာသူများအား ခင်မောင်ရည်(ပဲခူး)၏ "အယူနည်း အပေးရဲတဲ့သူ" ကဗျာအားလည်းကောင်း၊ ခရမ်းပြာထက်လူ၏ "ကျွန်မ သမ္မတကြီးဖြစ်ချင်တယ်" ကဗျာအားလည်းကောင်း၊ အောင်ထိပ်၏ "၀ိညာဉ်တို့ကဗျာထဲက ကဗျာတို့ရဲ့ ၀ိညာဉ်နှင့် နှစ်ဆယ်ရာစု ဗြိတိသျှခေတ်ပေါ်ဝတ္ထုများ" စာအုပ်နှင့် "ပန်းတွေပုံထားတဲ့ အိပ်မက်နှင့် နှစ်ဆယ်ရာစု ဗြိတိသျှ ၀တ္ထုတိုများ" စာအုပ်(၂)အုပ် စသဖြင့် လက်ဆောင်ပေးအပ်ခဲ့ကြပါသေးသည်။
- Details
- Written by စာတည်း
- Category: သတင်း
- Hits: 5347
ကောင်းကင် မဂ္ဂဇင်း ပေါ်က ပင်တိုင် ၀တ္ထုတို စာရေးဆရာ မောင်ကျပ်ခိုး ရဲ့ အွန်လိုင်းပေါ်မှာ လူကြိုက်များခဲ့တဲ့ လှဝင်းရီ အပါအ၀င် ဇင်မာဦး နဲ့ ပန်ဒိုရာ စိန်ဝင်းမောင် ၀တ္ထုတို သုံးပုဒ်ကို စုစည်းပြီး ကောင်းကင်စာပေက တဆင့် ထုတ်ဝေ လိုက်ပါတယ် ။ မကြာခင်မှာ ရန်ကုန်မြို့ က စာအုပ်ဆိုင် တွေမှာ ၀ယ်ယူ ရရှိနိုင် မှာ ဖြစ်ပါကြောင်း။ ရသ စာပေ ကောင်းများရှားပါးနေတဲ့ မျက်မှောက်ခေတ် အခြေ အနေ မှာ တဒေါင့်တနေရာ က ရသစာပေကောင်းများ ဖြည့်ဆည်းပေးနိုင်ဘို့ မောင်ကျပ်ခိုး ၀တ္ထု များကို စုစည်းထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။
- Details
- Written by ရလအ
- Category: သတင်း
- Hits: 6845

အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင်
တောင်ငူမြို့ မိုင်ဒါကွင်း အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်
မြက်ခင်းပြင်ကျယ်၌ ကျင်းပရာ မြို့ပေါ်ကျေးလက် နယ်ပယ် ပေါင်းစုံမှ
လုပ်သားပြည်သူများ၊ နိုင်ငံရေးပါတီများ၊လူမူရေးအဖွဲ အစည်းများ၊
ပြုလုပ်ကြကာ၊ (၁၀း၃၇)မိနစ်တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်၊ ဥသြဆွဲပြီး (၁)
မိနစ်ငြိမ်သက် အလေး ပြုခဲ့ကြခြင်း အပြင်၊ မြို့နယ်အတွင်းရှိ ၊
နိုင်ငံရေး၊ လူမှုရေးအသင်းများ၊ ကဗျာဆရာများ၊ သံချပ်အဖွဲ့များ
အစရှိသောအနုပညာရှင် များနှင့်၊ ကျောင်းတော်သူကျောင်းတော်သားများသည်
ဘုန်းတော်ကြီးကျောင်းများ၌၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်၊
အရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ အလွှာအသီးသီးရှိ
ပြည်သူလူထုအများစုကလည်း မိမိတို့၏ နေအိမ်သို့ သံဃာတော်များ ပင့်လျက်၊
ယင်းနေ့ကို အကြောင်းပြု၍ နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုအစုစုများကို
လှူဒါန်းခြင်းဖြင့် အာဇာနည် ပုဂ္ဂိုလ် ကြီးများအား၊ ယခင်နှစ်များနှင့် မတူ
(ပိုမိုလွတ်လပ်ပွင့်လင်းစွာ၊အနှောက်အယှက်ကင်းကင်းဖြင့်) အောင်းမေ့တမ်းတ
ဂုဏ်ပြုခြင်းအခမ်းအနားများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည် ။