ဝတ္ထုတို

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁)

တရုတ်နီဟု အမည်ရသည့် တရုတ်ပြည်ဖြစ် အင်ဂျင်စက်များသည် တဒုန်းဒုန်း၊ တဒိုင်းဒိုင်း မြည်သံများကို ကြွေးကြော်ပြီး မြန်မာပြည်သို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ပြီ ဖြစ်သည်။
တရုတ်နီတို့သည် ပ၀တိ္တသားများသာ ဖြစ်သော်ငြားလည်း နေရာတကာတွင် လူတွင်ကျယ် လုပ်တတ်သည်။  ရေတင်ရာတွင် သော်လည်းကောင်း၊ မီးစက်မောင်းရာတွင် သော်လည်းကောင်း၊  ထော်လာဂျီမောင်းနှင်ရာတွင် သော်လည်းကောင်း၊ စက်တပ်လှေမောင်းနှင်ရာတွင် သော်လည်းကောင်း၊ စပါးကြိတ်ခွဲရာတွင် သော်လည်းကောင်း အသံတစွာစွာပြုပြီး လူလုံးပြတတ်ကြ၏။ ဤသို့နှင်နှင်လျှင် တရုတ်နီတို့သည် “တရုတ်နီစွမ်းအား ခေတ်ကျော်လွှား”ဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲပြီး မြန်မာပြည် အနှံ့ နယ်ချဲ့နေလေတော့၏။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive



သူ၏ နာမည်အရင်းမှာ နိုင်ဝင်းဖြစ်သော်လည်း တစ်မြို့လုံးကမူ သူ၏အသက်မွေးမှုဖြစ်သည့် ဘဲဥရောင်းချခြင်းကို အကြောင်းပြုပြီးသကာလ ဘဲဥဟူ၍သာ ချစ်စနိုးခေါ်ဝေါ်ကြကုန်၏။

ထိုသို့ခေါ်ဝေါ်ခြင်းအား သူ စိုးစဉ်းမျှ မကြိုက်ကြောင်းကို တစ်မြို့လုံးသိကြသော်လည်း ဘဲဥ ဟူ၍သာ ခေါ်ဆိုမြဲ ခေါ်ဆိုကြလေ၏။ ဘဲဥသည် ရှေးဟောင်းကျမ်းဂန်တို့နှင့် လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်ပြီး၊ လူဖြစ်လာသူ ဖြစ်လေရကား ယင်းသို့ခေါ်ဝေါ်ခြင်းသည် ယဉ်ကျေးသောသူတို့၏ အလေ့မဟုတ်၊ အသက်မွေးမှုအလုပ်အကိုင်ကိုအကြောင်းပြု၍ဆဲရေးခြင်းတစ်မျိုးသာလျှင် ဖြစ်ကြောင်းကို ဘာရဒွါဇ ဇာတ်တော်အား စကားအရာ သက်သေထား၍ တုံ့ပြန်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ တစ်မြို့လုံးကမူ ဘဲဥ ဟူ၍သာ ခေါ်ဝေါ်မြဲ ခေါ်ဝေါ်ကြဆဲပင် ဖြစ်ပြီး၊ နောင်တွင်လည်း ဆက်လက် ခေါ်ဆိုကြဦးမည်မှာ မလွဲပြီ။ သရုပ်ဖေါ် ပန်းချီစံမင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 than htay maungအသံလွှင့်စက်၊ အသံဖမ်းစက်များသည် ကမ္ဘာသူကမ္ဘာသားတို့၏ အခြေအနေကို များစွာပြောင်းလဲလိုက်လေသည်။ အသံလွှင့်စက်၊ အသံဖမ်းစက်များ မပေါ်မီ အတီတေ အခါက တေးသံဆိုင်းသံများကို ကြားလိုလျှင် ပွဲလမ်းသဘင်သို့ လည်းကောင်း သွားပါမှ၊ ဓါတ်ပြားများကိုသော်လည်းကောင်း ဝယ်ထားပါမှ သဘင်သည်များကိုသော်လည်းကောင်း ဖိတ်ခေါ်ပြီး သီဆိုခိုင်းပါမှ ကြားရလေသည်။

 

ယခုခေတ်တွင်ကား ဤသို့ မဟုတ်တော့ပြီ။ အသံဖမ်းစက်မှ ခလုတ်ကလေး လှည့်လိုက်ရုံ၊ နှိပ်လိုက်ရုံနှင့် သီချင်းအမျိုးမျိုးတို့ကို ကြားရလေသည်။ တစ်မျိုးကို မကြိုက်သေးလျှင် တစ်မျိုးကို ပြောင်း၍နားထောင်နိုင်၏။

 

ရှေးအခါက သတင်းထူးကို ကြားလိုလျှင် သတင်းစာများကို မျှော်ရလေသည်။ ယခုမူကား အသံဖမ်းစက်ကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် အတိုင်းတိုင်း အပြည်ပြည်မှ သတင်းများကို ပူပူနွေးနွေးကြားသိရလေသည်။ သတင်းစာများတွင်ကား (၃-၄) ရက်ကြာမှ ထိုသတင်းများကို ဖတ်ရလေသည်။

 

ရှေးအခါက ဗဟုသုတကို သိလိုလျှင် စာအုပ်များကို သတိရ၏။ ဗဟုသုတ ဟောပြောပွဲများသို့ သွားရောက်နားထောင်ရ၏။ ယခုမူကား ထိုဗဟုသုတ အမျိုးမျိုးတို့ကို အသံဖမ်းစက်၏ ကူညီချက်အရ မပင်မပန်းဘဲ ရနိုင်လေသည်။

 

ရှေးအခါက စစ်တိုက်ရာတွင် ဗုံးအမြောက်၊ စက်သေနတ်တို့ကို အကြီးအကျယ် အသုံးပြုကြရသည်ကို လူအများ၏ မျက်မြင်ပင်ဖြစ်တော့၏။ အသံဖမ်းစက်၊ အသံလွှင့်စက်များသည် ယခုခေတ် စစ်ပွဲများတွင် အရေးအကြီးဆုံး၊ အရာအရောက်ဆုံးသော လက်နက်ကြီးများဟု ဆိုလျှင် မှားလိမ့်မည် မဟုတ်ပေ။

 

ဤမျှ အရေးကြီး အကျိုးများသော အသံလွှင့်စက်၊ အသံဖမ်းစက်များ နိုင်ငံခြား တိုင်းပြည်များတွင် ပေါ်ပေါက်လာသည်မှာ မကြာသေးပေ။ နိုင်ငံခြားတွင် ထွန်းလွန်းမက ထွန်းကားနေသော အခါကျမှ မြန်မာပြည် ကာလနဂါးကြီး လူးလွန့်ရုံမျှ ဖြစ်၏။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မေ ၁၀- ဆရာဒဂုန်တာရာ (၉၁)နှစ် ပြည့်အမှတ်တရ။

မြန်မာပြည်အတွက် ငြိမ်းချမ်းရေး ညီညွတ်ရေး တန်းတူလွတ်လပ်ရေးတည်းဟူသော ဆရာ့ဆန္ဒများ အမြန်ဆုံးပြည့်ဝပါစေ။

ဆရာ၏ စာပေနိုင်ငံရေးကျေးဇူးတရားများကို အောက်မေ့လျက်

ကောင်းကင်

 

 သရုပ်ဖော် ထိန်လင်း ထောင်ဝတ် ချည်လုံချည်ပေါ်ရေးဆွဲသည်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
 
 
 
 

 

 (၁)   

 

           

            ပြာသောကောင်းကင်…အနောက်ဘက် စိမ်းစိမ်းညိုသော၊တောရိပ်တောင်ရိပ်တွေ အပေါ်၌သာ ရွှေနားကွပ်ထားသော တိမ်တိုက်အဖြူတွေ စွန်းကွက်၍နေလေသည်။ အကြောင်းမှာ နေသည် ၀င်တော့အံ့ဆဲဆဲ ဖြစ်နေလေသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သေခြင်း

သေခြင်း

လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော် အရန်မီးသတ်တပ်ဖွဲ့ထဲ ၀င်လိုက်တယ်။ အိမ်က အိမ်သားတွေဝိုင်း တိုက်တွန်းအားကြီးလို့ပဲ။ ကိုယ့်စိတ်နဲ့ကိုယ်ဆို ၀င်ဖြစ်မှာ မဟုတ်ဘူး။ မ၀င်ဖြစ်တာက တခြားတော့ မဟုတ်ဘူး။ ရပ်ကွက်ထဲက မီးသတ်တပ်ဖွဲ.၀င် ရဲဘော်တွေရဲ. နေပုံထိုင်ပုံကို ကြည့်ပြီး ကျွန်တော်နဲ့တော့ မဖြစ်ဘူးထင်လို့  ။သူတို.ရဲ. နေပုံထိုင်ပုံ ပြောပုံ ဆိုပုံတွေက သူတို.အချင်းချင်းတော့ ဟုတ်နေတာပဲ။ ကျွန်တော်က သူတို.ရဲ.ပုံစံတွေကို မကောင်းဘူးလို. အပြစ်တင်နေတာတော့ မဟုတ်ဘူး။ကျွန်တော်နဲ. အဆင်မပြေနိင်တာကိုပဲ ပြောတာပါ။ သူတို.ကြည့်ရတာ ကိုယ့်ကိုယ်ကိုတော့ တော်တော် လေးယုံကြည်မှု. ရှိကြပုံပါပဲ  ရပ်ကွက်ထဲမှာ ဆိုင်ကယ်အငှားယာဉ် မောင်းသမား ဖြစ်ဖြစ်၊ ဆွံ.အနားမကြားတစ်ယောက် ဖြစ်ဖြစ် မီးသတ်တပ်ဖွဲ.ထဲဝင်ပြီး ရပ်ရေးရွာရေးပါဝင် လုပ်ဆောင်နေလို. ရှိရင် လူတစ်ယောက် ဟာ မျက်နှာမငယ်တော့ဘူး။ ရပ်ရေးရွာရေးကို နဖူးက ချွေးခြေမကျအောင်လုပ်နေသူ မှန်ရင် ရပ်ကွက်ထဲ အရေးတယူခေါ်ကြပြောကြနဲ. ဖြစ်လာနိင်တယ်။ အဲ့ဒါက ကျွန်တော်တို.ရပ်ကွက် မှာ ဆိုင်ကယ်အငှားယာဉ်မောင်း သမားဖြစ်ဖြစ်၊ ဆွံအနားမကြားဖြစ်ဖြစ် မီးသတ်တပ်ဖွဲ.ထဲ ၀င်ပြီး ရပ်ရေးရွာရေး ပါဝင်လုပ်ဆောင်နေလို.ရှိရင် လူတစ်ယောက်ဟာ မျက်နှာ မငယ် တော့ ဘူး။ ရပ်ရေးရွာရေးကို နဖူးကချွေး ခြေမကျအောင် လုပ်နေသူမှန်ရင် ရပ်ကွက်ထဲ အရေးတယူ ခေါ်ကြပြောကြနဲ. ဖြစ်လာနိင်တယ်။ အဲ့ဒါက ကျွန်တော်တို.ရပ်ကွက်မှာ ဖြစ်နေတာကို ဆိုလိုတာပါ။ ဒီတော့လည်း ကျွန်တော်တို. ရပ်ကွက်ထဲမှာ အရွယ်ရောက်သူမှန်ရင် မီးသတ် တပ်ဖွဲ.ထဲ ၀င်ကြတာပဲ။ ကျွန်တော်တောင် အခုမှဝင်ဖြစ်တာ နောက်ကျတယ်လို. ဆိုနိင်တယ်။