ဝတ္ထုတို

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 kka

 

တကယ်လို့ ခင်ဗျားမှာ ဆန္ဒရှိနေတယ် ဆိုရင် လှိုင်းလုံးကြီး ကွေ့ရှောင် ဆိုင်းဘုတ် ရေနွေးငွေ့ အမှုန့်

ကြိတ်ထားသော အံသွား အံပုံ အန်တု အန္ဓ တော်တော်ကြီး အေးလောက်ပြီထင်မှ ဖိုထက်က ချ နှုတ်ခမ်းသား

တလျှောက် ဆက်ရာမပေါ်အောင် ပြန်စားပစ်ရတယ် လက်ရာမြောက်ပြီဆိုမှ အဲဒီကား ရပ်ထားတာ ၂ လလောက်

ရှိနေကြောင်း စာလုံးတွေကိုအတည့်မစီပဲ တမင်ရွဲ့စောင်းထားတာ ဖြစ်ကြောင်း အကောင်အထည်မဖော်နိုင်တာ

ကိုလည်း ရှက်စရာဟု မည်သူကမှ မထင်တော့ကြောင်း ဘွိုင်လာအိုးကြီးထောင်းလမောင်းဆူပွက် မြစ်ရေအတက်

မှာ သူတို့လက်ရာတွေက သူတို့ကိုယ်ပိုင် စစ်မှန်မှုရှိတယ် အသွင်ပြောင်းနိုင်ပြီး စိတ်နှလုံးကိုလဲ ဆုပ်ကိုင်လို့ရတဲ့

ရုပ် အစုအပုံမျိုး အင်တာနာကလေး ထောင်ထားတာက သူ့စိတ်ပါဝင်စားမှုကို ပြဆိုပြီးသား ဝမ်းထဲက တကြုပ်ကြုပ်

တဆုပ်တလုတ်နဲ့ပဲ ဗိုက်ပြည့်ရတော့မယ် မရောက်သေးတဲ့ ခရီးဟာ အသံထွက်ပြီး ညည်းညူရှာတယ် ဘယ်သူမှ

မအောင်မြင်တဲ့ ကဗျာမျိုးရေးချင်မှာ မဟုတ်ဘူး အလုပ်လက်မဲ့တွေအပေါ် သစ်ရွက်တွေခြွေချပစ်တဲ့ ဘင်တီးဝိုင်းကြီး

ရှိတဲ့ အဲဒီ နိစ္စထာဝရ ပန်းခြံပေါ့ အများထင်သလို ချိုးငှက်တွေ ပျံဝဲမနေကြဘူး ဘောက်ဖတ်တွေ သန်းကောင်တွေ

ပရပွ နဲ့ အဆီအသားများတဲ့ ငါး တမျိုး (ငါးဖျင်းသလက်ဟုထင်) လန်ခြားပေါ်မှာ ကို့ယို့ကားယား ပါသွား“ ရှာ ယမ်

ကူအီ ဇူ” သူ့ခေါင်းထဲတွင်ပဲ့တင်ထပ်(ဒီစာအုပ်ကိုမဖတ်နဲ့) သူ့လက်ထက်တွင်မည်သူ့ကိုမျှ သေဒဏ်မပေး ထောင်

သွင်းအကျဉ်းချထားခြင်းလည်း မပြု(နောင်တော်ကြီး) ပူလောင်ထိရှတတ်သည် ငါတို့ငြိမ်နေရင် ဘယ်သူပြောမလဲ

တဲ့ ရှိုပင်ဟော(၁၇၈၈-၁၈၆၉၀) ခုထိ အသုံးဝင်နေတုန်းပဲလား ရှိသောငွေ ထွက်ပေါက်ရှာပြီးထွက်မည် မီယာဝါလာ

၏ အံ့ချီးဘွယ် အစိတ်အပိုင်းတစ်ခု မိတ်ဆွေ တဆိတ်ရှိ သွားအကြောင်းချည်းပဲ ပြောပြောနေတယ် သူနဲ့ကိုက်မိမြဲ

လျှာ အကြောင်းတော့ မပြောတော့ဘူးလား စာလုံးတွေကို အတည့်မစီပဲ တမင်ရွဲ့စောင်းထားတာ ဖြစ်ကြောင်းနဲ့

အနုပညာမြောက်တဲ့ ဦးပီတာရဲ့ ရိုက်ချက်တွေအောက်မှာ မိုးဟေကိုရဲ့ ကြွရွ လှပ တဲ့ အလှတို့ကို ခံစားနိုင်ကြမယ်

ထင်ပါတယ် ဝါဝါ။          

 

ခင်အောင်အေး

၈၊ အောက်တိုဘာ၊ ၂၀၁၀ ဘန်ကောက် ၁၀း၃၂ နာရီ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
 mum
 
 
(၁)

ဧရာဝတီသင်္ဘောအိုကြီးသည် မကြာမီတွင် ခရီးဆုံးမြို့ကလေးသို့ ဆိုက်ကပ်တော့မည် ဖြစ်သောကြောင့် လေးတွဲ့သော ဥသြသံကို ပြု၏။ ဥသြဆွဲသံကို ကြားရသော် ခရီးသွား ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တို့သည် ပဒူအုံကို တုတ်ဖြင့်ထိုးလိုက်သည့်အလား လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေ၏။ ဟဲ့ ကလေးတွေ အိပ်မနေနဲ့လေ။ ထတော့ ထတော့။ မြို့ကပ်ခါနီးပြီ။ ပစ္စည်းတွေ မေ့ကျန်နေဦးမယ်။ အထုပ်တွေ သိမ်းကြစို့။ ဟဲ့ ဘယ်သူရေ ဘယ်ဝါရေ ... အစရှိသော အသံတို့ကြောင့် သဘောင်္တစ်စင်းလုံး ကုလားသိုက် ကျားဝင်ကိုက်သည့်အလား အရပ်ပျက်သွားလေ၏။

ရန်အောင်မင်္ဂလာ ဆန်စက်ကို လွန်သော် မြို့ကလေးကို ခပ်ရေးရေး မြင်ရလေပြီ။ မြောက်မြားလှစွာသော ဆန်စက်၊ ဆားစက်တို့၏ မီးခိုးခေါင်းတိုင်တို့ အခိုးတလူလူ လွှင့်ထုတ်နေသည်ကိုလည်း တွေ့ရ၏။ ဆန်စက်တန်းကို ကျော်သော် မြို့ဦးလွမ်းစေတီကို ကြည်ညိုဖွယ်ရာ မြင်တွေ့ရလေ၏။ မည်သူက မည်သည့် အကြောင်းကြောင့် ထိုလွမ်းစေတီကို တည်ထား ကိုးကွယ်ရစ်ခဲ့သည်ကို မည်သူမျှ ရေရေရာရာ မပြောနိုင်။ အချို့သောသူတို့က ဤမည်သော မင်းသမီးကလေးသည် ဤမည်သော စစ်ထွက်သွားသူ မင်းသားကလေးအား လွမ်းဆွတ်တသပြီး ရင်ကွဲနာကျကာ သေဆုံးခဲ့သည်ကို နှောင်းလူတို့ သံဝေဂယူစိမ့်ခြင်းငှာ၊ အမှတ်ရစိမ့်ခြင်းငှာ ကျန်ရစ်သူ မင်းသားကလေးက တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟူသော ဒဏ္ဍာရီပုံပြင်ဖြင့် ပြောဆိုကြသည်ကို ကြားဖူးပါ၏။ ထိုပုံပြင် အမှန်ဖြစ်လျှင် ထိုမင်းသားကလေးနှင့် မင်းသမီးကလေးတို့မှာ မွန်လူမျိုးများ ဖြစ်တန်ရာ၏။ အဘယ်ကြောင့်ဆိုသော် ထိုမြို့ကလေးကား မွန်လူမျိုးတို့နေထိုင်ခဲ့ဖူးသည့် အရပ်ဒေသဖြစ်သောကြောင့်ပင်တည်း။ ထို လွမ်းပုံပြင်သည် သမိုင်း အထောက်အထား အကိုးအကားတို့နှင့် ညီညွတ်သင့်မြတ်ခြင်း ရှိ မရှိ ကျွန်ုပ် ကောင်းစွာ မသိချေ။ သို့သော် ကျွန်ုပ် အတပ်သိသည်မှာ ထိုလွမ်းစေတီကိုမြင်လျှင် ခပ်သိမ်းသောသူတို့သည် လက်အုပ်ကြာငုံဖြင့် ဖူးမြော်မာန်လျှော့ ရသည်သာ ဖြစ်၏။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

cartoon

 

နိုင်ငံရေး မသူတော်တွေ ငွေ၊ အာဏာ၊ ပါဝါ၊ ယန္တရား အကုန်သုံး လမ်းဆုံး ပန်းတိုင်မှတ် အသားကုန်ညစ်ပတ် နေတဲ့ပွဲမှာ နဲနဲဝင်ပါ၊  ရင်ခုန်ချင်နေရှာတဲ့ မိတ်ဆွေတချို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို လေ့လာ နားထောင်နေရင်းက ကျွန်တော် -  ဘုတ်သားစံရ ကို ပြေးပြေးမြင်နေမိပါတယ်။

            ဘုတ်သားစံရ ဆိုတာ ရွှေဘိုနယ်က။ သူ့ဘ၀နဲ့ သူ၊ သူ့ဖွင့်ဆိုချက်နဲ့ သူ ဘုတ်သားစံရ လည်း လွတ်မြောက်မှုကို ရင်ခုန်ချင်သူ တယောက်ပေါ့။ ထောင်ဆိုတော့ ငါတို့နဲ့ ဝေးတယ် မဆိုင်လှဘူး လို့လည်း မထင်လိုက်ကြပါနဲ့။ နေရင်းထိုင်ရင်းလည်း ရောက်တတ်တယ် အရပ်ကတို့ရေ။

တိပိဋကတ်ဆရာတော် ဦးသုမင်္ဂလ၊ အင်းစိန်ရွာမ စာသင်တိုက်ကြီးက စာချပါတိမောက် ဆရာတော်ကြီးဦးတိလောက တို့လို ဆရာတော်ကြီးတွေတောင် ထောင်ကျတဲ့ ခေတ်ဆိုးကြီးထဲမှာ၊ တချို့လိုလည်း ရေတွင်းထဲက ဖားတွေလို ရောင့်ရဲမှုနဲ့ အသားကျမနေ၊ တချို့လို ဘ၀တိုတို ရှာကြံ ပျော်သလိုလည်း မနေဘဲ နဲနဲ လှမ်းကြည့်၊ တန်းညှိ၊ လွတ်လပ်မှု တကယ်ရှိနေတဲ့ နိုင်ငံတကာစံကို သိပြီဟေ့ဆိုရင်တော့ ဒီနေ့ ချုပ်ချယ်ခံနေရတဲ့ မြန်မာနိုင်ငံသားတိုင်း ကိုယ့်တိုင်းပြည်မှာ ကိုယ်ထောင်ကျနေတာလိုလို ခံစားမိလာမှာ အမှန်ပါဗျာ ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ပန်းချီပေါ်ဦးသက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁)

ဗိန်းဗောင်းတိုက်သံကို ကြားလိုက်ရလျှင် ကျွန်ုပ်၏ ကိုယ်တွင် စွဲကပ်နေသည့် လက်ဝှေ့ဝါသနာပိုးသည် လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ လက်ဝှေ့မထိုးတတ်လင့်ကစား အရိုးအခြင်များ တောင့်တင်းလာ၏။ အသွေးအသားများ ဆူဝေလာ၏။ အနီ၊ အပြာခြယ် ကြိုးဝိုင်းထောင့်တို့တွင် နေရာယူထားသည့် ရိုးရာလက်ဝှေ့ကျော်တို့၏ ထီမထင်သော  မျက်နှာတို့ကို မြင်ယောင်မိသည်။ ယင်းတို့၏ လက်ပမ်းပေါက်ခတ်သံ တဖြောင်းဖြောင်းကို ကြားယောင်မိသည်။ ထို့ကြောင့် လုပ်လက်စအမှုကိစ္စတို့ကို ချောင်ထိုးထားခဲ့ပြီး ကြိုးဝိုင်းရှိရာဆီ အရောက်သွားခဲ့မိသည်မှာ အခါခါပင် ဖြစ်၏။ 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

(၁)

 

ဒေါင့်ကြီးကျေးရွာတွင် လှေပြိုင်ပွဲ၊ ပန်းပြေးပွဲ အစရှိသည့် တောဓလေ့ရိုးရာ ကစားခုန်စားပြိုင်ပွဲများ မကျင်းပဖြစ်တော့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တိတိပပဆိုရလျှင် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့လေပြီ။ လှေပြိုင်ပွဲ၊ ပန်းပြေးပွဲများ ကျင်းပကြမည် ဟူသောအသံများကို ရွာဦးကျောင်းဆရာတော် ဦးတေဇ၀န္တ ပျံလွန်တော်မူသောအခါတွင်မှ  တဖန်ပြန်လည်ကြားရခြင်း ဖြစ်၏။

ဒေါင့်ကြီးကျေးရွာသည် မြစ်ဝကျွန်းပေါ်ဒေသကျေးရွာဖြစ်သည်အလျောက် မြေဆီသြဇာကြွယ်ဝသည်။ စပါးအထွက်ကောင်းသည်။ စပါးအထွက်ကောင်း၊ စပါးဈေးကောင်းသော်လည်း ရွာသူရွာသားတို့ စားဝတ်နေရေး မပြေလည်ရှာကြပေ။ လူမွေးလူရောင် မပြောင်ရှာ။ တစ်မိုးတွင်းလုံး ရွှံ့ထဲရေထဲတွင် ကျွဲ၊နွားတို့နှင့် နင်လားငါလား ရုန်းကန်လှုပ်ရှားကြရသော်လည်း ယင်းတို့၏ ဘ၀များမှာ ထူးခြား ပြောင်လက်လာခြင်း အလျဉ်းမရှိပေ။ တစ်နှစ်ကြာသော်လည်း ဒုံရင်း၊ နှစ်နှစ်ကြာသော်လည်း ဒုံရင်း၊ သုံးနှစ်ကြာသော်လည်း ဒုံရင်း၊ နွေမိုးဆောင်းရာသီစက်ဝန်းတို့ အဖန်ဖန်ပြောင်းလဲ၍ နှစ်အလီလီပြောင်းခဲ့သော်လည်း ဒုံရင်းမှ ဒုံရင်း အတိုင်းပင်။ ၄င်းတို့သည် ထူးမခြားနားဇာတ်ကိုခင်း၍ အသူတစ်စောက်နက်လှသည့် ဆင်းရဲတွင်းတွင် ပျော်ပျော်ပါးပါး နေကြ သေကြကုန်၏။

လှေပွဲ