ဝတ္ထုတို

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

Hla Win Ye

(၁)

 

လှဝင်းရီကား ကျွန်ုပ်တို့၏ မြို့ကလေးတွင် အတော်ပင် ထင်ရှားသောသူ ဖြစ်၏။ လှဝင်းရီ ဟူသော အသံကို ကြားလျှင် အချို့သော အမျိုးသမီးတို့သည် အကြောင်းမဲ့ မျက်စောင်းထိုး ကြကုန်၏။ အချို့သော အမျိုးသမီးများကမူ အိမ်ရှေ့တံခါးဝသို့ နာနာဘာဝ ရောက်လာသည့်အလား ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။ အချို့မူကား အော့နှလုံးနာဟန်ဖြင့် တံတွေး ထွီခနဲ ထွေးထုတ် ကြလေ၏။

 

လိုရင်းတိုရှင်း ဆိုရလျှင် လှဝင်းရီသည် ကျွန်ုပ်တို့ မြို့ကလေး၏ တဦးတည်းသော ပြည့်တန်ဆာမကလေး ဖြစ်၏။ ထို့ကြောင့် လှဝင်းရီကို လူတိုင်း သိကြသည်မှာ မဆန်းချေ။ ထိုစဉ်အခါက ကျွန်ုပ် နေထိုင်သည့် မြို့ကလေးတွင် ပြည့်တန်ဆာ အတော် ရှားသောကြောင့် လှဝင်းရီကို ရှားပါး လူသုံးကုန် ပစ္စည်း တစ်မျိုးအဖြစ် သတ်မှတ်သော် သင့်နိုးအံ့သည်။ သို့စေမူ မည်သူကမျှ လှဝင်းရီကို ရှားပါးပစ္စည်းအဖြစ် မသတ်မှတ်ကြချေ။ 

 

ယခုမူကား လှဝင်းရီ သေသွားရှာလေပြီ။ ညဥ့်နက်ပိုင်းကတည်းက သေဆုံးခြင်း ဖြစ်ချေသလော သို့တည်းမဟုတ် မိုးသောက်ယံ အချိန်ရောက် သေဆုံးခြင်းဖြစ်ချေသလော မည်သူကမျှ ရေရေရာရာ မပြောနိုင်။ သီလရှင်ဆရာကြီး ဒေါ်မေဓာဝီကမူ ညဥ့်ဦးယံ အချိန်အထိ လှဝင်းရီ၏ ညည်းတွားသံကို လေသင့်ခိုက်တွင် တချက်တချက် ကြားလိုက်ရသေးသည်ဟု အခိုင်အမာ ဆို၏။ အရုဏ်ဦးကာလ၌ ဒေါ်မေဓာဝီတို့ သီလရှင်တစ်သိုက် မီးတင်းကုပ်သို့ ဆွမ်းချက်ရန် ဆင်းသည့် အခိုက်တွင်မူ မီးတင်းကုပ်တွင်းရှိ ကွပ်ပျစ်ထက်တွင် ဆန့်ဆန့်ကြီး လဲလျောင်းနေသော လှဝင်းရီ၏ အတ္တဘောကြီးပေါ်တွင် ပုရွက်ဆိတ်တို့ပင် လမ်းသလားစ ပြုနေလေပြီ။
 

ဒေါ်မေဓာဝီတို့ သီလရှင်တသိုက်သည် ဦးဆံကိုစွန့်၍ ဖန်ရည်စွန်းသော အ၀တ်ကို ၀တ်ကာ စိပ်ပုတီး ကိုယ်စီနှင့် ရိပ်ကြီး ခိုနေကြသူများ ဖြစ်သော်လည်း ဘ၀တဏှာ မပြတ်ကြသေး၊ ပုထုဇဉ်မျှသာ ဖြစ်သည်။ ထို့ကြောင့် လှဝင်းရီ၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကြီးကို မြင်လျှင် ကြောက်သလိုလို၊ ရွံ့သလိုလို၊ တွန့်သလိုလို ဖြစ်သွားကြ၏။ အလောင်းနားတွင် နေရဲသူ မရှိ။ စကား ကျယ်ကျယ် မဆိုဝံ့။  နောက်ကျော မလုံတော့။ လှဝင်းရီ၏ အလောင်းကို ကုန်းကြည့်နေတုန်း အနောက်ကနေ နာနာဘာဝ ၀ိနာဘာဝတို့ ရောက်လာလိမ့်နိုး၊ ကုပ်ချိုးလိမ့်နိုး အမျိုးမျိုး အဖုံဖုံ တွေးတော ကြံဆပြီး ကြောက်ကြသည်။ ထိုမျှသာမက ကျောက်ရုပ်ကြီးကဲ့သို့ လှုပ်ရှားခြင်း ကင်းမဲ့နေပြီဖြစ်သော အလောင်းကောင်ကြီးက ရုတ်တရက် ထထိုင်ပြီး လျှာထုတ်ပြနိုး၊ မျက်စိမှိတ်ပြနိုး တွေးကြ၏။ ကြားဖူးနားဝ သရဲဇာတ်လမ်းတို့ကို ပြန်ပြောင်း အောက်မေ့ပြီး မီးတင်းကုပ်မှ ထွက်ပြေးရန်ပင် ကြံစည် ကြသေးသည်။ ထွက်ပြေးရန် ကြံသော်လည်း မပြေးဝံ့။ အလောင်းကို ဖုတ်ဝင်ပြီး ထလိုက်လာမှ မှောင်ကြီးမည်းကြီးထဲမှာ သောက်ကျိုးကြီးနည်းမည့် အဖြစ်မျိုးနှင့် ကြုံရမည်ကိုလည်း စိုးရိမ်ကြပြန်သည်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သရုပ်ဖေါ်ပန်းချီ အောင်လတ်

 

ကျောပေါ်ပိုးထားတဲ့

အနုပညာနဲ့သာ

အသက်ရှူခွင့်မရခဲ့ရင်

ဒီလောကကြီးထဲ

ဒီလောက်နက်နက်

ငုပ်လျှိုးနိုင်လိမ့်မယ်မထင်။

 

ပန်းချီထိန်လင်း

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

နိုဝင်ဘာ ၂၆ တွင် ကျရောက်သော မြန်မာသမိုင်း အထောက်အထား စုဆောင်းသူ လန်ဒန် ဦးတက်ထွဋ် (၁၉၁၀-၁၉၇၇) ရာပြည့်နှင့်  တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် အမျိုးသားနေ့ နှစ် ၉၀ ပြည့်အမှတ်တရ


htut phatt

 

ထွဋ်ဖတ်အဖို့ ဤလောကအ၀ှန်းသည် ခွေးတံဆိပ် ဓာတ်ပြားကဲ့သို့ နှစ်ဖက်ရ ဖြစ်ချေသည်။ တစုံတယောက်သောသူက အကောင်းဟုဆိုလျှင် ထွဋ်ဖတ်သည် အဆိုးကို မြင်၏။ အဆိုးကို မြင်လျှင်အကောင်းဟု ဆို၏။ ဤသို့ နှစ်ဖက်ကြည့်လျှင် နှစ်မျိုးတွေ့ရတတ်လေသောကြောင့် ထွဋ်ဖတ်အဖို့ လောကကြီးသည် ကောင်းသည် ဆိုးသည် ဟူ၍ မရှိသလောက်ပင် ဖြစ်လေတော့သည်။ တရံတခါ ထွဋ်ဖတ်သည် ရဟန္တာကြီးပမာ ကောင်းမှု မကောင်းမှုတို့ကြောင့် တုန်လှုပ်ခြင်း မဖြစ်ခဲ့ချေ။ သို့ရာတွင် ရဟန္တာစစ် ဖြစ်ကြီးဖြစ်သည် မဟုတ်လေရကား ထွဋ်ဖတ်၏ ရင်တွင်း၌ လူသာမန်၏ စိတ်သည် ဇာတိကို ပြလိုသောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်၍ နေသည်ကိုကား ကျွန်တော်သည် ထွဋ်ဖတ်နှင့် ရင်းနှီးလေသောကြောင့် တစိုးတစိသိခဲ့လေသည်။ 


ထွဋ်ဖတ်သည် နေရှင်နယ်ကျောင်းထွက် ဖြစ်လေရကား ၎င်းင်း၏ စိတ်သည် နေချင်တိုင်းဖြစ်၍ လွတ်လပ်သောစိတ်ဟု ဆိုရပေမည်။ နေချင်တိုင်း သဘာဝကိုမှီ၍ လူဖြစ်လာသူ ဖြစ်လေရကား ၎င်းရောက်လေရာရာ အရပ်၌ နေချင်တိုင်းဝါဒကို ပျံ့နှံ့စေပြီးလျှင် နေချင်တိုင်း ကျောင်းသား ဖြစ်ခဲ့ဖူး၍သာလျှင် ဤသို့သော စိတ်၏ လွတ်လပ်ခြင်းကို ရပေသည်ဟူ၍ အမြဲအသားယူကာ ပြောပြလေ့ရှိသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


treasure

 မိတ်ဆွေ။

ဆန္ဒတွေ မစောကြပါနဲ့။ စိတ်နည်းနည်းရှည်လိုက်ပါ။

မကြာခင် ပန်းတိုင်မှာ ပျော်ပျော်ပါးပါးကြီး အုတ်မြစ် ချကြတာပေါ့။

အခုတော့ စိတ်ရှည်ပါ။သည်းခံပါ။ဇွဲရှိပါ။ သင့်အချိန်တွေကို စတေးပြီး ကိုယ့်ကို နည်းနည်း အချိန်ပေးပါ။ ပထမဆုံး သင်အခုလက်ရှိအနေအထားကနေ နည်းနည်းပြင်ထိုင်လိုက်ပါ။ ဟုတ်ကဲ့ ။ လူကြီးမင်း အရင်ဆုံး နည်းနည်းပြင်ထိုင်ပေးပါ။ အမြင်တော်သွားစေချင်လို့ ကျေးဇူးပြုပြီး ပြင်ထိုင်ပေးပါ။ ဒုတိယ အနေနဲ့ သက်သာအနေအထားနဲ့ ပြောင်းထိုင်ပေးပါ။ ဘာကိုမဆို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့လူတစ်ယောက်အဖို့ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာ ဖြစ်အောင် အရင်ဆုံးပြင်ဆင်သလို လူကြီးမင်းလည်း ပြင်ဆင်လိုက်ပါ။ ဟုတ်ကဲ့။ သိပ်မလှုပ်ပါနဲ့။ ခေါင်းမလှည့်ပါနဲ့။ မျက်လုံးမကစားပါနဲ့။ နားရွတ်မခတ်နဲ့လေ။ နှာချေလို့မဖြစ်ဘူးနော်။ သမ်းဝေဖို့တော့ မစဉ်းစားကြေး။ အဲ သက်သာအနေအထားမှာ နေပေးဖို့ မေတ္တာရပ်ခံနေကြောင်းပါ လူကြီးမင်းခင်ဗျား။ သက်ပြင်း မရှိုက်ပဲ နားထောင်ပေးပါ။

 

တတိယတစ်ချက်ကတော့ သင့်လက်ထဲမှာ ခဲတံတစ်ချောင်းရှိနေပါစေ။ ခဲဖျက်မပါတဲ့ခဲတံတစ်ချောင်းကို ကိုင်ထားပါ။ ဟုတ်ကဲ့ သက်တောင့်သက်သာအနေအထားမှာ ဖြစ်ပါစေ။ ရှေ့တိုးမလာပါနဲ့။ ခဲတံကို ခြေဆုံး ခေါင်းဆုံးကြည့်မနေပါနဲ့။ သင့်အနေနဲ့ ခဲတံအကြောင်း သိဖို့မလိုပါဘူး။

 

ပြီးရင် အဆင်သင့်ဖြစ်ပြီပေါ့နော်။ ဟုတ်ကဲ့။ သင့်အနေနဲ့ ဒီဝတ္တု ဆုံးခန်းတိုင်အောင် ပါဝင်ကစားသွားမယ်လို့ ခံဝန်လက်မှတ်ထိုးဖို့ အချိန်ကျလာပါပြီ။ လူကြီးမင်းသည်းခံပါ။ စိတ်ရှည်ပါ။ သင့်လက်မှတ်ကို စတေးပြီး ကိုယ်ဝေမယ့်လက်မှတ်ကို စောင့်မျှော်ပါ။

 

စာဖတ်မည်ဟု စထိုင်လိုက်စဉ်ကတည်းက သူ့ကိုယ်သူ သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ထားပြီးပါလျက် ၀တ္တု အစက သူ့ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ရုံးဆင်း၊ ကျောင်းဆင်းချိန်မှာ ဘတ်စ်ကား စီးမိခိုက် အကူကားသမားက ကားစီးနည်းလမ်းညွှန်ကို ဂါထာမန်းသကဲ့သို့ လေသံမျိုးဖြင့် သူ့ကိုသက်တောင့်သက်သာဖြစ်အောင်နေပါဟု ပြောကာမှ သူ့မှာ သက်သောင့်သက်သာနေသည့် အနေအထားဆိုသည်မှာ အဘယ်နည်း ဟု အပြေးအလွား စဉ်းစားနေရသည်။ ကျန် လမ်းညွန်ချက်များကို အက်ဖ်အမ်ရေဒီယိုများတွင် သတင်းဖတ်သကဲ့သို့ ဖတ်သွားခြင်းအား စိတ်ရှည်သည်းခံခိုင်းခြင်းက သဘာဝကျလှသည်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
Cartoon of Ka' Lar Lay

 

(၁)

မြန်မာလူမျိုးတို့၏ ထုံးဓလေ့ အစဉ်အလာအရ မျက်မှောက်ကာလတွင် လူအဖြစ်ကိုရသည့် လူသားတို့၏ ပျမ်းမျှသက်တမ်းကို ၇၅ နှစ်တမ်းဟု သတ်မှတ်၏။ ထို ၇၅ နှစ်တာ ကာလကို သုံးပိုင်း အညီအမျှ ခွဲခြမ်း စိတ်ပိုင်းပြီးလျှင် ပထမ ၂၅ နှစ်တာ ကာလကို ပညာသင်ကြားရမည့် အရွယ်အပိုင်းအခြား၊ ဒုတိယ ၂၅ နှစ်တာ ကာလကို ဥစ္စာစီးပွားရှာဖွေရမည့် အရွယ်အပိုင်းအခြား၊ တတိယ ၂၅ နှစ်တာ ကာလကို တရားဘာဝနာပွားများရမည့် အရွယ်အပိုင်းအခြားဟု ရှေးသူဟောင်းတို့က သွန်သင်ညွှန်ပြလေ့ရှိသည်။ သို့ရာတွင် ပြောင်းလဲလာသည့် ခေတ်ကာလရေစီးကြောင့် ထိုသတ်မှတ်ချက်တို့သည်လည်း အထိုက်အလျောက် ပြောင်းလဲခဲ့လေ၏။

 

ပြောင်းလဲခြင်းကို ရှောင်ပုန်း၍ မရပေ။ ပြောင်းလဲခြင်းသည် အချိန်တန်လျှင် အတားအဆီးများကို ရိုက်ချိုးပြီး ထိုးဖောက် ၀င်ရောက်လာသည်သာ ဖြစ်၏။ ပြောင်းလဲလာသည့် ခေတ်ရေစီးကို မျက်ချည်မပြတ် အကဲခတ်သုံးသပ်ပြီး မွန်မြတ်သည့် အလေ့ကောင်းများကို ထုတ်နုတ်သုံးစွဲကာ၊ မိမိတို့၏ ရေမြေသဘာဝ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အချက်များကို ပယ်ရှားသုတ်သင်ပြီးလျှင် ရှိရင်းစွဲယဉ်ကျေးမှုကို ထပ်ဆင့်မြင်မားအောင်ပြု၍ တင့်တယ်စေသည်မှာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသည့် လူမျိုးတို့၏ အလေ့ပင်ဖြစ်၏။

 

သို့သော် အကျွန်ုပ် ဆိုလိုရင်းကား ယဉ်ကျေးမှုအကြောင်း မဟုတ်သကဲ့သို့ ပြောင်းလဲခြင်း အကြောင်းလည်း မဟုတ်ပေ။ မြစ်ဝကျွန်းပေါ်ဒေသ တောမကျ မြို့မကျ စကောစက မြို့ကလေး တစ်မြို့တွင် ကျွန်ုပ် ခေတ္တ ခိုအောင်းစဉ်အခါက ဆုံခဲ့ဖူးသည့် သူငယ်တစ်ဦး၏ အကြောင်းသာ ဖြစ်၏။