ဝတ္ထုတို

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

နွေဂိမှန် သမယ ညနေချမ်း၏ ဖျော့တော့သော

ဆည်းဆာရိပ်အောက်တွင် ရွေးမြစ်ရေပြင်သည်

တငြိမ့်ငြိမ့် စီးဆင်းနေလေ၏။ ရောင်ခြည်

တစ်ထောင်ကို ဆောင်သော ဒေါင်းစကြာ

နေ၀န်းသည် အလင်းရောင် အကြွင်းအကျန်

အကပ်အသပ် အချို့ကို မြစ်ပြင်ပေါ်သို့ အန်ချထား၏။

ဆည်းဆာ၏ တောက်စားမှုကြောင့်  တဖျတ်ဖျတ်

တလက်လက် ပြိုးပြိုးပြက်ပြက် အရောင်အဆင်းဖြင့်

လင်းလက် တောက်ပနေသည့် ကြက်သွေးရောင်

မြစ်ရေပြင်သည် လှချင်တိုင်း လှနေတော့သည်။ 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက်၊ ငါးရက်၊ ခြောက်ရက်၊ ခုနစ်ရက်၊ ရှစ်ရက်၊ ကိုးရက်၊ ဆယ်ရက်၊ ဆယ့်တစ်ရက်၊ ဆယ့်နှစ်ရက်၊ ဆယ့်သုံးရက်၊ ဆယ့်လေးရက် …. ဆယ့်ငါးရက် …… ဆယ့်ခြောက်ရက် ... ဆယ့်ခြောက်ရက် ... ဆယ့်ခြောက်ရက်။

ဆယ့်ခြောက်ရက်ဆိုတော့ နှစ်ပတ်ကျော်ပြီးလို့ လ၀က်တောင် ကျိုးပြီပေါ့ ဟု မကျင်လှ လွှတ်ခနဲ ရေရွတ်မိသည်။ ဤရက်သတ္တပတ် နှစ်ပတ်ကျော် အချိန်ကာလသည် သူ့ ဘ၀တွင် အရှည်လျားဆုံးဖြစ်သည်ဟု မကျင်လှ ထင်မိသည်။ စင်စစ် မကျင်လှ ဖြတ်သန်းလာရာ ဘ၀တစ်လျှောက်လုံးတွင် နေ့ရက်အချိန်ကာလတို့ကို အဆန်းတကြယ်လုပ်၍ ရေတွက်ခြင်း တစ်ခါမျှ မရှိဖူးခဲ့ပေ။ ထိုသို့ ရေတွက်ရန် သူ့တွင် အချိန်အခါ၊ အခြေအနေ တစ်ရံတစ်ဆစ်မျှ မရှိခဲ့။ သို့စေမူ မကျင်လှသည် ယခုအခါတွင် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက် အချိန်ကာလတို့ကို အရေးတယူလုပ်၍ ရေတွက်နေရလေပြီ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 san Myint

      ပန်းချီ  ဒေါက်တာစန်းမြင့်

    ကလေးတွေ စာကျက်နေကြသည်။ အသံစာစာနှင့် အလွန်သာယာ၏။ အစားအစာ ၀ါးစားပါ။ အသားပါသလား။ ငါးပါသလား။ ဖတ်စာထဲမှာ ဤသို့ပါ၏။

၁/ စိန့်ဂျွန်ဆင် ST JOHNSON ကျားဝတ် အင်္ကျီ၊ အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်သည်။ ချူပ်ရိုးချူပ်သား သေသပ်လှပသောကြောင့်၊ အချိုးကျပြီး ကြာရှည်ဝတ်နိုင်သည်။ ရောင်းဈေး ကျပ် တစ်သောင်းရှစ်ထောင်။

၂/ ရက်ဗလွန် REVLON နှုတ်ခမ်းနီဆိုးဆေး၊ အမေရိကန်နိုင်ငံလုပ်၊ တစ်မိနစ်အတွင်း ခြောက်သည်။ တစ်နေကုန်ခံသည်။ ဗီတာမင်အီးပါ၍ နုတ်ခမ်းများ မပျက်စီး၊ တန်ဖိုးကျပ် လေးထောင့်သုံးရာကျပ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 picture

အချိန်က ၁၉၈၈ ခုနှစ် တနိုင်ငံလုံး အနှံ့ဆန္ဒပြပွဲတွေဖြစ်နေလို့ ကျောင်းတွေ စပြီး ပိတ်ခါစ အချိန်။ လေးတန်းကျောင်းသား ကိုတိုးက အိမ်မှာ နေပြီး ကျောင်းစာ လုပ်စရာလည်း မရှိတော့၊ သူငယ်ချင်းတွေနဲ့ ဆော့လိုက်၊ လမ်းထဲက စာအုပ်ဆိုင်က ကာတွန်းစာအုပ်တွေ ငှားပြီး တအုပ်ပြီး တစ်အုပ် ဖတ်လိုက်၊ လုပ်နေတာတွေနဲ့ ကိုတိုး အချိန်ကုန်နေတာ။


ကိုတိုးတို့ အိမ်မှာကလည်း လူတွေက စုံတယ်။ ကိုတိုး ဦးလေး အငယ်ဆုံး တစ်ယောက်ကတော့ သူ့ကျောင်းက သူငယ်ချင်းတွေနဲ့ သပိတ်စခန်းဆိုလား အဲဒီကို ထွက်သွားတာ ပြန်မလာဘူး။ ဒီတော့ ကိုတိုးရဲ့ အဘိုးက အလုပ်တွေ ပိတ်လို့ ဘယ်မှ မသွားဖြစ်တဲ့ သူ့သားတွေကို အငယ်ဆုံး ဦးလေးလို လျှောက်မသွားဘဲ အိမ်မှာ ကပ်အောင် ဖဲထုတ်ဝယ်ပေးပြီး ရပ်ကွက်ထဲက ကာလသား တချို့နဲ့ အိမ်မှာ အပျော်တမ်း ဖဲရိုက်ဖို့ လုပ်ပေးတော့ .. ကာတွန်း ဖတ်စရာ မရှိရင် အိမ်က ဦးလေးတွေ ဖဲဝိုင်းမှာထိုင်ပြီး ဖဲရိုက်နည်း လေ့လာ သင်ယူနေချိန်ပေါ့။

ကိုတိုးက စပ်စပ်စုစုနဲ့ အရာရာကို စူးစူးစမ်းစမ်း လုပ်တတ်တဲ့ ကလေးဆိုတော့ ဦးလေးတွေ ဖဲဝိုင်းမှာ ဝင်ထိုင်ရင်း ဖဲကစားနည်းတွေကို မေးမြန်း စပ်စုတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

picture

 

ဆန်အိုးထဲမှာ ဆန်ကုန်တော့မယ်ဟေ့၊ ဒီနေ့တစ်ရက်စာပဲ ကျန်တော့တယ်။

ထိုတနင်္ဂနွေနေ့က မီးဖိုချောင်ထဲရှိ ဆန်အိုးကိုဖွင့်ရင်း လှမ်းအော်ပြောလိုက်သည့် ဇနီးသည် “စေးဖော၏ သတိပေးသံကြောင့် ရွှင်လန်း တက်ကြွနေသော မိုးဇက်၏ အပျော်စိတ် ကလေးမှာ ဘယ်ပျောက်သွားမှန်းပင်မသိ။ စောစောစီးစီး မင်္ဂလာရှိတဲ့စကား ပြောစမ်းပါ မိန်းမရာ ဟု မိုးဇက်စိတ်ထဲက တီးတိုး ရေရွတ်လိုက်မိသည်။

 

သြော် …. ကနေ့ တနင်္ဂနွေနေ့ပါလား …။ မိုးဇက်အတွက်မူ တနင်္ဂနွေနေ့၏ သာယာနာပျော်ဖွယ် ခေါင်းလောင်းသံများ ကင်းဆိတ်ခဲ့သည်မှာ ကြာခဲ့ပြီ။ တကယ်တမ်းတော့ တနင်္ဂနွေနေ့ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ တရားဝင် ရုံးပိတ်ရက် တစ်ရက်ဖြစ်သလို ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်များတွင် လူစည်ကားတတ်သော နေ့တစ်နေ့လည်း ဖြစ်ပါ၏။ ဘုရားကျောင်းမှ ဓမ္မတေးသံများ ဝေစည် ပျံ့လွင့်နေတတ်သော နေ့တစ်နေ့ ဖြစ်သလို မိသားစုများ ပျော်ပွဲစား ထွက်နေကျ နေ့တစ်နေ့လည်း ဖြစ်ပါ၏။ တနင်္လာမှသည် တနင်္ဂနွေနေ့အထိ နေ့တစ်နေ့စီအား တစ်စုံတစ်ရာနှင့် တည်ဆောက်ထားခဲ့မည်ဆိုပါက တနင်္ဂနွေနေ့ကိုတော့ အနမ်းများ၊ မိုးပျံပူ ဖောင်းများ၊ အိုက်စ်ကရင်မ်များ၊ ၀ိုင်များ၊ ပန်းသီးများ၊ တေးသီချင်းများ၊ ရယ်မောသံများဖြင့် တည်ဆောက်ထားလိမ့်မည် ထင်သည်။