Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
cnk

ရှိမည်။ ဖြစ်သည်။

(က)

          မဝေးလှသောကာလအတွင်းမြို့ကိုရောက်ပါမည်.။


            ယခုတော့ရထားပေါ်တွင် ပျစ်သိပ်ကျပ်ခဲ---။ အစုစုအပုံပုံလူထု။
တစ်ခါတစ်ခါရထား ခုတ်မောင်း သံရောက်တော့မည် ရောက်တော့မည်ဟု
တစ်ချက်ခြင်းတစ်ချက်ခြင်းရစ်သမ်မိလျှက်---။ အသိ။ အသိ တရားက
မွမ်းမံချော့သိပ်ခဲ့သောအိမ်မက်များ…။
အိမ်မက်ထဲမှတံခါး…။တံခါးပေါက်မှသော့…။ထိုသော့ သည်
အရည်ပျော်အိဆင်း…။လေကောင်း လေသန့် ပြူတင်းပေါက်နှင့် တမာပင်…။ထပ်ခါထပ်ခါ
ပြင်ရေးနေရသော ခပ်ညံ့ညံ့ကဗျာတစ်ပုဒ်…။လူ ၊ စင်္ကြ၀ဠာ၊ ကုလားထိုင်၊
ပြောင်းပြန်လှန်ချုပ်ထားသော အ၀တ်အစားများ …။ မျက်မှန်စိမ်းနှင့်မြည်း ၊
မာတိကာ သာရှိပြီး လုံးဝမရေးရသေးသော စာအုပ်ဈေး၏ အသက်ရှုသံ…။ ငါးစိမ်း
သည်များ အာခေါင်ခြစ်သံ အင်ဖင်နတီများ၊ ထူးကားထူး၏ ဆန်းတော့ခြင်း၊
ကောင်းကားကောင်း၏ မမွန် ခဲ့ခြင်း…။ ဆေးသကြားဖြူးထားသော
သေဘာၤသီးမ်ား…။ရုံရက်မရပါသဖြင့် တစ်ရက်တည်းသာ…၊ မကြာခင် ရုံတင်ပေါ်လာမည်ဟု
စာတန်းထိုးကာ မြည်းလိုက်ရသော နမူနာကားတစ်ချို့ ၊ အသစ် ဖြစ်ပြီး ရင်း
ဖြစ်နေသော …။ ထပ်ခါထပ်ခါ မရိုးနိုင်သော ကန်တော့ပလ္လင်မီးပုံပွဲမှ
သီချင်းတစ်ပုဒ်… စသည် ..စသည် များ သည်စသည် စသည်တို့ဖြစ်--- မနက်မှ ည ၊
ညမှမနက်သို့သံသယသံသရာထဲတွင်နစ်မွန်းပျော်ဝင်နေသည်။အတွေးသည်ဦးနှောက်အားစိုးမိုးတုပ်နှောင်ထားဆဲ…။ရထားသံ၏
စည်းဝါးက ကျွန်တော်၏ရင်ခုန် သံနှင့်အတူ တရွေ့ရွေ့ပြေးလွှာနေဆဲ…။


            ည…။

            ဟုတ်ပါသည်… ညပါပဲလေ…။ ညအဆန်ရထားဖြင့်
ကျွန်တော်ခရီးထွက်ခဲ့ပါသည်။ ခရီးသည်များပြည့်ကျပ်နေသောရထား…။

 

တစ်ဦးကတစ်ဦးကိုမသိကြသော်လည်းတစ်ခရီးတည်းသွားနေကြသောသူများဟုမိမိတို့၏ခရီးကိုပွေ့ဖတ်ထားကြဆဲ…။

တစ်ခရီးတည်းသွားသည့်လူသားတွေပါပဲ…။ထိုင်ခုံအပြည့်လူများရှိကြသည်…။ကျွန်တော်တို့အဖွဲ့မှာထိုင်ခုံများမရရှိကြ…။
ကြိုတင်ဝယ်ပါသော်လည်းယခုအချိန်တွင် လက်မှတ်ကခက်ခဲလှ၏။ သွားရမည့်ခရီးကလည်း
မသွားမဖြစ်အရေးကြီးလှသောကြောင့် လက်မှတ်မရ သော်လည်း ထိုင်ခုံမဲ့ဖြင့်
လိုက်ပါလာ ရသည်..။ ရထားလမ်းရှိလူသွားလမ်းတလျှောက် (ထိုင်ခုံများမှ အပ)
လူများ ပြည့်လျှံသိပ်သည်းနေသည်။တစ်ချို့မတ်တပ်ရပ်လျှက်၊တစ်ချို့ထိုင်လျှက်၊တစ်ချို့ဆန့်ဆန့်ကြီးအိပ်လျှက်နေကြသည်။ကျုံ့ကျုံ့
ကလေးထိုင်စီးလျှင်ဖြစ်ပါလျှက်အခင်းများခင်းကာဆန့်ဆန့်ကြီးကြမ်းပြင်ပေါ်တွင်ဇိမ်ကျနေသောသူများကိုကျွန်တော်မုန်းသည်…။

တုံးလုံးပက်လက် ဖြင့်အိပ်နေကြသော ကြောင့် အိမ်သာသွားရသည်မှာ ခက်ခဲ၏။
တတ်နိုင်သလောက်ဝေဒနာကိုလွယ်ထားသည်..။ မတတ်သာသည့် အဆုံး
မှသာကျွန်တော်အိမ်သာသွားသည်။ အိမ်သာသွားရ သည်မှာလည်း လွယ်ကူလှသော
အလုပ်မဟုတ်…။ လမ်းကြောင်းတွင် ပိတ်ဆို့နေသော
လူထုကြီးကိုခက်ခက်ခဲခဲဖြတ်သန်းသွားရ၏…။မတတ်သာသည့်အဆုံး ကျော်ခွသွားရသည်။
အားနာစရာ…။

ခရီးကဝေးလှသည်။မြို့ကိုရောက်ဖို့အဝေးကြီးလိုသေးသည်…။

မတ်တက်ရပ်ရသည်မှာညောင်းညာလှသောကြောင့်ကျဉ်းကျပ်သောမိမိ၏နေရာတွင်ပင်ထိုင်ချလိုက်သည်။

လုံးဝအဆင်မပြေ…။မိမိရပ်တည်နေသောမိမိနေရာကိုပင်မိမိထိုင်ရန်မဖြစ်သည့်
အခြေအနေမှာ အဘယ်ကြောင့်နည်း။
ကိုယ်ခန္ဓာကိုကြုံ့ကွေးလျက်အနေအထားကကျဉ်းကျပ်…။ခန္ဓာကိုယ်လေးဘက်ဒါဏ်မှ
အထိအတွေ့ အေးစက်မှု များရှိသည်…။ ဆောင်း၏ဒါဏ်ကြောင့်သော်၎င်း ၊
အခြားအရာများကြောင့်သော်၎င်း ဖြစ်နိုင်သည်။

-2-

ဘေးတစ် ဘက်တစ်ချက်မှ အ၀တ်ထုပ်ဖြူကြီးများ ရှေ့တည့်တည့်မှ၎င်း ၊
နောက်ဖက်မှ၎င်း ကျပ်ညှပ်မှုများ ရှိကြသည်။
စိတ်ကိုဖော့ထား၊ခန္ဓာကိုယ်ကိုဖော့ထား…။ စိတ်မသက်သာလိုက်လေ…။
ကျွန်တော်၏ရင်အုံကြီး နဂိုကထက်မို့မောက်လာသည်…။
ရထားကလည်းခုတ်မောင်းနေသည်…။မြို့ကိုရောက်ဖို့ဝေးသေးသည်…။ကျွန်တော်တို့အဖွဲ့က
တစ်ကွဲတစ်ပြားစီ…။တစ်ယောက်ကို တစ်ယောက်လှမ်းမြင်နေရတာတော်သေးသည်။

ကိုမိုးကြီးလည်းကျွန်တော့်အတိုင်းပင်ဖြစ်နေသည်…။
ကိုမိုးကြီးကကျွန်တော်ထက်ပိုဝသောကြောင့်ပိုပြီးအနေအထိုင်ကျပ်မည်…။ကိုမိုးကြီးကချက်ခြင်းငိုက်ပစ်လိုက်သည်…။
မျက်လုံးမှိတ်နေပေမယ့်ငိုက်တာဖြစ်ချင်မှဖြစ်မည်။တစ်ခုခုကိုခေါင်းထဲထည့်ထားရင်းမျက်လုံးမှိတ်ထားခြင်းလည်းဖြစ်နိုင်သည်။
ကိုမိုးကြီး၏တောင်ဘက်တွင်ကျွန်တော်တို့၏စာပေညီငယ်နှစ်ယောက်…။သူတို့လည်းကျွန်တော့်လိုပင်...အနေရအထိုင်ရခက်နေသည်…။
အချိန်ရှည်လျားဆွဲဆန့်မှုကြောင့်အတွေးများကိုယ်စီငြိမ်သက်…။
ကျွန်တော်အနီးထိုင်ခုံပေါ်မှ လူများကတော့ ဆေးလိပ်သောက်သူသောက် ၊
အစားအသောက်စားသူကစား…။ ပြုံးရယ်စကား ပြော သူကပြောနှင့် ရထား၏
လှုပ်ခါမှုအတိုင်းခန္ဓာကိုယ်များ ဘယ်ယိမ်း၊ ညာယိမ်းဖြစ်နေ သည်။ သူတို့လည်း
ဤခရီးအားပိုက်ဆံ (၆၃)ကျပ်ပေးစီးရသည်။ ကျွန်တော်တို့လည်း
ဤခရီးကို(၆၃)ကျပ်ပေးစီးရသည်…။ ရထား ကျပ်သည်ပဲလေ…။

            အချိန်ကတော့ တော်တော်လေးကို ကြာသွားချေပြီ…။

ကျွန်တော်၏ခန္ဓာကိုယ်မှာလည်းမည်သို့ဖြစ်သွားသနည်း…။ကျွန်တော်မသိ…။
ကျွန်တော်၏ခန္ဓာကိုယ်မှာဋသန်လျင်းချိတ်ပုံသဏ္ဍန်လိုလို၊ဎရေမှုတ်ပုံသဏ္ဍန်လိုလို၊ဌ၀မ်းဘဲပုံသဏ္ဍန်လိုလို၊ဖြစ်တည်နေ၏။
ရထားသံနှင့်အတူပျံ့လွှင့်သွားသောစိတ်အက်ကြောင်းများ…။
အ၀တ်တစ်ထည်ကိုယ်ခန္ဓာဖြင့် လိုက်သွားဖြစ်လိုက်သော
မမျှော်လင့်သည့်ခရီးစိမ်း (ထိုခရီးစိမ်းအားရည်ရွယ်မထားပဲ
လိုက်ပါဖြစ်ခဲ့ပြီး မျက်နှာစိမ်းအချို့နှင့်ခင်မင်ရင်းနှီးကာ
မျက်နှာအကျက်များ၏ပျော်ရွှင်ကြောင့်ကြခဲ့မှုများ)…။
တောင်လေးလုံးမှ မျက်နှာအသစ်များ၊ဦးပိန်တံတားပေါ်မှယမကာ
မြနန္ဒာသီချင်းဖြစ်မာဖလာရက်(ဖ်)အက…။စစ်ကိုင်းတောင်…။စစ်ကိုင်းတောင်မှ
ကျွန်တော်လိုလူတစ်ယောက်အ၀တ်တထည်ကိုယ် တစ်ခုဖြင့်လိုက်ပါခြင်း။
မလိုက်ပါခြင်းကိစ္စ…။ ညောင်ဦးခရီးခါးလယ်ရောက်မှ
ဘက္ထရီအိုးမှအက်စစ်များမန္တလေးမှညောင်ဦး၊ပုဂံခရီး၊ရေကြောက်တတ်သည့်အန်တီလီလီ၊ဥတုမှောက်ခုံဖြစ်ခဲ့သည်။
ပုဂံမြေ…အတွေးများကတစ်ရစ်ခြင်း တစ်ရစ်ခြင်း ဖြေချနေသည်…။
တစ်ချက်တစ်ချက် ရထား၏ “သိမ့်” ကနဲ “သိမ့်” ကနဲ လှုပ်ခါမှုကြောင့် ကျွန်တော်နာရီကြည့်ဖြစ်သည်…။
ကြာလိုက်တာ…မရောက်နိုင်သေးပါလား…။
ဦးနှောက်ဘထ္ထရီအခန်းများထဲတွင်စရွေးကိုက် တပ်ဆင်ပြီးနှင့်သောအတွေးများကဒိုင်ယာရီအားစတင်ဖတ်ခိုင်းလေပြီ…။
ရေးပြီးခဲ့သော“လက်”၀တ္ထုပေဖူးလွှာမဂ္ဂင်းဇင်းတိုက်တွင်
ကိုယ်ဝန်အရင့်အမာရှိနေခဲ့ပြီးကို ကျွန်တော်မသိခင်က ရင်ခုန်မှုများ ၊
မမျှော်လင့်ခဲ့ သည့်အရာကို မမျှော်လင့်ပါပဲ တွေ့ခဲ့ရသည့်ရသ ၊
စိတ်ကြိတ်နှုန်း၏ ၀ီရိယ …၊ မိမိကိုယ်မိမိ.. ယခုထက်တိုင်အားမရမှု
ရေးခဲ့ပြီးသည့်မိမိ၏၀တ္ထုများကိုယ်လေးလက်ဝန်ရှိနေစဉ်မှာ သားလျှောပျက်စီး
သွားမှု…။ အနုပညာစွမ်းအားလှပအောင်မဖန်တီးနိုင်ခဲ့သည့် မိမိ၏ညံ့ဖျင်းမှု.။
၊အပျင်းတကာ အပျင်းဆုံးတွင်
စာရေးခြင်းအလုပ်အားမိမိဘာကြောင့်ရေးဖြစ်နေသနည်း။အနုပညာကြွတ်သားများကိုတော့ညှစ်ထားဆဲ…။မျဉ်းမပိတ်မီဝါကျများ။
ကောင်းသော်လည်းမျဉ်းပိတ်ပြီးသောအခါဝါကျများညံ့ဖျင်းသွားမှုများ၊ထိုသို့မျဉ်းပိတ်ပြီးဝါကျများ၊မျဉ်းမပိတ်မီဝါကျများ
အလယ်တွင် ကူးခတ်နေသော နာရီတစ်လုံး…။(ထိုနာရီအား ချေးခဏခဏ
ဆေးရန်လိုအပ်သည်) ။ နွေဖြစ်သွားသောငွေ ၊ ငွေဖြစ်သွားသောလူ ၊ နွေနှင့်လူ ၊
လူနှင့်ငွေ ၊ ငွေ၊လူ၊နွေ။လူ၊ငွေ၊နွေ..။ လောကက သိပ်ရှည်လှသည့်မဟုတ်…
တစ်ထွာလောက် ၊ ဘ၀တစ်ထွာလောက်…။
ပြီးတော့လူဆိုတာဘာမှမပြောပလောက်တဲ့အစက်ကလေးတစ်စက်ပဲ.။မရဏ၏ရက်ချိန်းကိုအလှည့်ကျစောင့်ရင်းရယ်မောမေ့လျော့
ကြသည့်အသိဥာဏ်ရှိသတ္တ၀ါသည်လူဖြစ်၏။အတွေးများကနောက်ကျိထင်ရှားဆဲ ။
။ငြင်းပယ်ဝန်ခံမှုများ(သို့သော်ခေါင်းညိတ်တိုင်းမမှန်၊ခေါင်းခါတိုင်းမမှားသည့်အခါများအားကျွန်တော်ရင်ထဲတွင်ခပ်ဖွဖွသိမ်းထားသည်)၊ပန်းဆိပ်သင့်သည်လက်။
နှလုံးသားဒဏ်ရာ..၊ဘ၀အဖော် ၊ ထိုအရာ များအားလုံးသည် မို့မောက်နေသော ကျွန်တော်၏ ရင်အုံထဲတွင်
ရထားပေါ်မှ လူများကဲ့သို့ ဖြစ်တည်နေသည်…။အားနာစရာ…။
ရည်းစားတစ်ခုလပ်ဖြစ်ခဲ့ရသည့်အတိတ်ရက်စွဲများ၊အတိတ်၏ခြေသံရွရွအားအပြီးအပိုင်မောင်းထုတ်နိုင်ခဲ့
သည့် ကျွန်တော်၏မာန… ၊နှစ်ချောင်းပုဒ် ချပြီးခဲ့ပြီပဲ…။ရယ်စရာကောင်း
လိုက်လေ..။ အလွမ်းတွေကိုကျွန်တော်တွန့်တို
တတ်ပြီး…။မလွမ်းဘူး..၊မလွမ်းဘူး..၊လုံးဝမလွမ်းဘူး…။ယခုအလိုအပ်ဆုံးမျှော်လင့်ချက်ရေတစ်ခွက်ကိုကျွန်တော်သောက်ချင်သည်..။

-3-

…။ဗဟုရစ်သမ်ဟာမျှော်လင့်ချက်ရေတစ်ခွက်ပဲ…။ကြားကြရဲ့လား..။
ကာလနဂါးကြီးအိပ်ရေးကြီးတယ်လို့ကွက်လပ်တစ်ခုကညည်းသည်။
မှန်ထဲတွင်ကျွန်တော်၏အတွေးကိုတွေ့လိုက်ရသည်။ချက်ခြင်းကျွန်တော် အခွံဖြစ်သွားသည်…။
အတွေးက အတွေးကိုတွေ့လိုက်ရသည်…။
အသံက အသံကိုကြားလိုက် ရ၏။ ရထားဘီးက သံလမ်းကိုဖိတိုက်နေသည်။

            “တဒေါက်ဒေါက်…ဒုန်း..၊ တဒေါက်ဒေါက်…၊ ဒုန်း…”

          (ခ)

          “တဒေါက်ဒေါက်…ဒုန်း..၊ တဒေါက်ဒေါက်…၊ ဒုန်း…”

            အသံကြားရာဆီသို့ကျွန်တော်တို့လှည့်ကြည့်လိုက်ကြသည်။
ဘာသံတွေပါလိမ့်…။ အဝေးမှလာသော အသံများမို့
တိတိကျကျခန့်မှန်းလို့မရ။ကျွန်တော်တို့အဖွဲ့(၁၁)ယောက်တစ်ဦးကိုတစ်ဦးသံသယကိုယ်စီဖြစ်သွားကြသည်။
ဆောင်းတွင်းကြီးမိုးရွာနေသောပုဂံမြေ၌ ကျွန်တော်တို့သည် လက်ဝဲရစ် သွားနေ သောနာရီလက်တံပေါ်တွင်ရှိနေသည်…။
ယခုတော့ပုဂံမြေသည် ဆောင်းတွင်းထက်ပိုအေး သည့်ဆောင်း ၊
ကုတ်အင်္ကျီအိတ်ကပ် ထဲကဆောင်း ၊ ဆိုက်ဗေးရီးယန်းက အရိုးကွဲမတတ်
အေးသည့်ဆောင်းပင် ဖြစ်သည်။ ပန်းချီဆရာပြောသော စကားများကိုလည်းကြားနေရသည်။
တစ်ချို့ပန်းချီဆရာတွေက ပုဂံမှ ဘုရားတွေကို ပန်းချီကားထဲမှာ
တစ်နေရာတည်း စုပုံကပ်ထားတယ်တဲ့..။
သဘာဝတရားသည်လှည့်စားသည့် အကြောင်း ၊မော်ဒန်သမားများသည် အတ္တဆန်သည့် အကြောင်း၊
ကျွန်တော်နားထဲတွင် ကြားနေပြန်သည်။

            မိုးရွာထားသောကြောင့် ပုဂံမြေသားများက ပျော့စိစိ၊
အိနွဲ့နွဲ့…။ နင်းလိုက်တိုင်း သဲမြေပေါ်တွင် အတိတ်၏ခြေရာ၊
အနာဂတ်၏ခြေရာများစွန်းထင်းတံဆိပ်ခတ်ကျန်ရစ်ဆဲ…။အသံများသည်လည်းနီးသည်ထက်နီးကပ်လာ၏။တန့်ကြည်တောင်ဘက်ကလိုလို
၊ ညောင်ဦးဘက်ကလိုလို..။ ဟော.. ဟော.. အသံတွေ .. အသံတွေ နီးလာပြီ.။
ဆူညံအော်ဟစ်သံတွေလည်း စောစောကကြားရသော အသံများနှင့် အတူ လုံးထွေးကာ
ဒရောသောပါးတဝေါဝေါ။ ကျွန်တော်တို့အားလုံးလှည့်ကြည့်လိုက်သည့်
အချိန်၌နောက်ကျသွားခဲ့ပြီ..။ရုတ်တရက်အနီးကပ်ဘွားကနဲ့မြင်တွေ့လိုက်ရသောကြောင့်လုံးဝရှောင်တိမ်းချိန်မရလိုက်။မောင်းဂွတ်တို့၏
မြင်းခွာများကကျွန်တော်တို့အားလုံး အားလုံးကို စိစိညက်ညက်
ကျေအောင်နင်းသွားသည်။ ပုဂံမြေသား ရင်ပြင်ပျော့စိစိတွင် ကျွန်တော်တို့
မြင်းနင်း ခံလိုက်ရပြီး နစ်ကုန်ပြီ…။ ရင်ဘတ် ၊ ခေါင်း၊ လက် ၊ ခြေထောက်
၊နှလုံးသား၊ ပြီးတော့ဦးနှောက်.. အားလုံး အာလုံး မြင်းခွာတွေ အကွင်းလိုက်
၊ အကွင်းလိုက်တင်ကျန်ရစ်ခဲ့ပြီ..။ ပုဂံဘုရားပုထိုးများလည်း
သိမ့်သိမ့်မြည်ဟီး လျက်… တုန်ခါကုန်ပြီ…။ အာနန္ဒာမှာ ကျန်ခဲ့တဲ့ မိမိခိုင်
၊ မိမိကံ ၊ မိမိနိုင် ၊ တို့ရော ဘယ်မှာလဲ ..။တူမလေးတွေ
မြင်းခွာတွေ…။အို…မောင်ဂွတ်မြင်းခွာတွေ…။လုံးထွေးပြန့်ကျဲနေသောပုဂံမြေသားပေါ်မှကျွန်တော်တို့အဖွဲ့၏ခန္ဓာကိုယ်များကိုမျက်စိထဲတွင်
မှုန်ဝါးဝါး…။ ဂျန်ဂျစ်ခန် ၊ကူဗလိုင်ခန် တို့၏ မောင်းဂွတ်မြင်းတပ်ဖွဲ့
လေ့ကျင့်ပြီးသား မြင်းတပ်ဖွဲ့တွေ ပုဂံမြေပေါ်မှာ
ဆူညံပွက်ထရှုပ်ထွေးလျက်ရှိ၏ ။ နှစ်ပေါင်းများစွာ မြင်းကုန်းနှီးပေါ်တွင်
ကျင်လည်နေသည့် မောင်းဂွတ်များ၏ မြင်းဇက်ကြိုးသပ်သံ။
ထွားကြိုင်းတောင့်တင်းသည့်မြင်းများပတတ်ရပ်ပုံ၊မြင်းဟီသံတွေ…စသည်တို့ကစက်ဆုပ်စရာကောင်းလှ၏။
ဝေဒနာနှုန်းထားတိုးလာသည်နှင့်အညီ..ကျွန်တော်တို့၏ခန္ဓာကိုယ်ကြီးများသည် ပုံစံပျက်ယွင်းကုန်၏…။
ကျွန်တော်၏မျက်စိ၊နား၊ပါးစပ်တို့သည် ညီညာသောဂျုံလုံးမျက်နှာပြင်ချောကြီး ဖြစ်သွားသည်…။
တစ်ခါတစ်ခါအီးတီဂြိုဟ်သားပုံဖြစ်သွား…။ ခဏငယ်ကလေးအတွင်းမှာပင် ရုပ်ဝတ္တုပုံသဏ္ဍန်များအမျိုးမျိုးပြောင်းလဲသွား၏။
အခိုက်အတန့်ကလေးမှာပင်(ထိုအခိုက်အတန့်ကလေးများထဲမှအခိုက်အတန့်ငယ်ကလေးအများကြီးထဲမှာပင်)
ကျွန်တော်၏ ခြေထောက် ၊ လက်၊ ခန္ဓာကိုယ်များ လုံးဝ ပြောင်းလဲသွားပြန်သည်…။
ကျွန်တော်၏ အတ္တနှင့်မာန..ထုလုံးပုံများသည်လည်းပုံမကျ၊ပန်းမကျ၊ပျက်ယွင်းထုထွင်းခံလိုက်ရသည်။
(KEY-C) ထဲတွင်ဗဟိုရမ်သမ်က စည်းချက်ညီညီပြေးဝင်တွန်းဆောင့်လာသည်။
ကျွန်တော်အဆုတ်ကောင်းပါလျှက် လုံးဝအသက်ရှုမ၀ …။သေချာသည်ကတော့
ကျွန်တော်တို့အဖွဲ့မှပန်းချီဆရာအားလုံးဂျုံလုံးကြီးတစ်လုံးလိုဖြစ်သွားသည်..။
ကျွန်တော်တို့အားလုံးထိုအလုံးကြီးထဲတွင်ဖိညှပ်ကျပ်။

-4-

သိပ်နေပြီး ဘေးမှ၎င်း အပေါ်မှ၎င်း အထက်မှ၎င်း ထုနှက်ရိုက်သံများကို
နားတွင် ကျိတ်မှိတ်ခံစားနေရသည်။ တစ်ခါတစ်ခါ ထိုအလုံးကြီးမှာ
လမ်းကြိတ်စက်နှင့် ကြိတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး
စက္ကူအပြားအချပ်ပြန့်ပြန့်ကြီးဖြစ်သွား ပြန်သည်။ ထိုသို့ အပြားမှအလုံး၊
အလုံးမှ လေးထောင့် ၊လေးထောင့်မှတြိဂံ ၊တြိဂံမှ
လူပုံသဏ္ဍန်တဖြည်းဖြည်းဖြစ်တည်ပြောင်းလဲသွားသည်။
ကျွန်တော်သိလိုက်သည်ကတော့ကျွန်တော်တစ်ယောက်တည်းဖြစ်တည်းနေပါလား…။ကျွန်တော်ခန္ဓာကိုယ်အနှံစစ်ဆေးကြည့်လိုက်သည်…။
ဟင်..ဒါကျွန်တော်လက်မှမဟုတ်တာ…။ပန်းချီဆရာရဲ့လက်ပဲ..။ခြေထောက်၊မျက်လုံး၊ပါးစပ်တွေအားလုံးပြောင်းလဲကုန်
သည်..။ကျွန်တော်ဘယ်ဘက်လက်က အန်တီလီလီရဲ့လက်ပဲ…။ရေကြောက်လို့
မျက်စိမှိတ်အော်တုန်းက ကျွန်တော်ကိုကိုင်ထားတဲ့
အန်တီလီလီရဲ့လက်အစစ်…။ကျွန်တော်ပြုံးမိသည်။ထိုကိစ္စများအားကျွန်တော်ခဏမေ့ထားလိုက်သည်။ကျွန်တော်အတွင်းထဲတွင်
ကျွန်တော်တို့ အဖွဲ့ဖြစ်တည်နေသည်။

            အဝေးမှ ဂီတသံကို ကြားနေရသည်။

            မောင်းဂွတ်တို့၏မြင်းခွာသံများလည်းဝေးကွာသွားခဲ့ကြပြီ..။ဂီတသံနှင့်အတူစီးမျောလာသောသီချင်းထုသိပ်သည်းဆ
ကြောင့်ရင်တွင်စို့တက်လာသည်။တံတွေးကိုခဏခဏမျိုချရင်းကျွန်တော်ပါးပြင်တစ်ဘက်တစ်ချက်ပေါ်တွင်မျက်ရည်စွပ်ကြောင်းနှစ်ခုက
လေးတွဲအိဆင်းလာသည်။ စိတ်ကိုနားချ ကြည့်သည်… ။ မရ…။ အရှုံး တွေကို
မြတ်ခဲ့ပြီပဲ လူသိသော ရှိုက်သံတစ်ခု အပြင်သို့ ခုန်ထွက်လာသည်။ သီချင်း
စပြီလေ…။ သီချင်းပြန်ဆိုတာ ကိုကြားနေရပြန်သည်။

            “………ကမ္ဘာ မကြေဘူး…… ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
တော်လှန်ရေး………..“

            သီချင်းသံက သိပ်သည်းဆဲ……….။

            ကျွန်တော်၏ ခေါင်းထဲတွင်အတွေးများပျစ်ခဲလျှက်…။
ကျွန်တော်ရပ်ကြည့်နေမိသည်။ ပုဂံမြေသား ပြင်တွင် မောင်းဂွတ်တို့၏
မြင်းခွာရာများ နေရာ မလပ်အောင် ထင်ကျန်နေသည်။ အတွေးက ဒါန်းစီးနေသည် ။
အမြင်ပုံရိပ် များက ရဟတ်စီးသကဲ့သို့ ဖျတ်ကနဲ့ ဖျတ်ကနဲ့ ၀ဲလည်နေသည်။
မြင်းခွာသံများ ပျောက်ကွယ် သွားသော်လည်း ဂီတသံကတော့ ကြားနေရသည်။
ပုဂံဘုရားပုထိုးများလည်း မားမားမတ်မတ် အထီး ကျန်နေကြသည်။
သဗ္ဗေညုစေတီကြီးအနီးသို့ ကျွန်တော်၏ အမြင်နှင့် အတွေးပြေးကပ်သွားသည်။ အုတ်
၊ အင်္ဂတေ ၊ သစ်စေးများဖြင့် တည်ဆောက်ထားသော ထိုစေတီကြီး၏ ပုံသဏ္ဍန်သည်
ပွရောင်းရောင်း လှုပ်ရွရွဖြစ်နေသည်။စေတီပုံသဏ္ဍန်သည်တစ်ဖြည်းဖြည်းပျက်ယွင်းသွားသလိုလို…ဖြစ်နေသည်…။
ကျွန်တော့် အမြင်တွေများမှား ယွင်းနေသလား…။ အိုမဟုတ်ပါဘူး…။
ကျွန်တော်သေသေချာချာ ကြည့်လိုက်သည်။ ဘာတွေလဲ…။ မြွေတွေပါလား မြွေပွေးတွေ
၊ မြွေဟောက်တွေပါလား ၊ သဗ္ဗေညုဘုရား ပုံစံ ဖြစ်နေတဲ့
မြွေတွေပါလား…။မြွေထုပုံကြီးဖြင့် သဗ္ဗေညုဘုရားပုံစံဖြစ်နေပါလား…။
ကြည့်ရင်းကြည့်ရင်းဖြင့် မြွေပုံကြီး အိဆင်းလာသည်။
မြွေပုံကြီးပြန့်ကျဲသွားသည်..။ကျွန်တော်၏
ခြေထောက်ပတ်ဝန်းကျင်တွင်မြွေများအထွေးလိုက်အပျစ်လိုက်ရှုတ်ထွေးတွန့်လိမ်နေသည်။ထိုနောက်မြွေများသည်ကျွန်တော်အပါးမှ
ထွက်ခွာ သွားပြီး စုရပ်တစ်နေရာတွင် သွားရောက်စုပြုံကာ
ဓမ္မရံစေတီကြီးပုံစံဖြစ်သွားပြန်သည်။ ဓမ္မရံစေတီ ကြီးပုံစံမှာ
တည်တည်ငြိမ်ငြိမ်မဟုတ် မြွေများ၏လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရွရွ
ဖြစ်နေသည်…။မြွေများက စေတီပုံစံ များကို ဖော်ပြနေသည်။ ထိုမှ တစ်ဖန်
မြွေပုံကြီးပြိုကျသွားပြီး အာနန္ဒာစေတီပုံစံ ပေါ်လာပြန်သည်။ ထိုနောက်
ကန်တော့ပလ္လင်ဘုရားပုံစံဖြစ်ပေါ်လာသည်။ ယခုအခါတော့ ဘုရားပုံစံမှာ
မြွေများမဟုတ်တော့ပေ။ မြင်းခွာ သံများဖြင့် ပုံဖော်ထားသော ကန်တော့ပလ္လင်
ဘုရားဖြစ်သည်။ မြင်းခွာသံများကလည်း တစ်ခုနှင့် ထိခတ်ကာ
တချွင်ချွင်မြည်နေသည်။ ကြည့်ရင်းကြည့်ရင်းနှင့်ပင် မြင်းသံခွာများ
တအိအိပြိုကျကာ အပုံလိုက်ကြီး ဖြစ်သွားသည်။ ထိုသို့မြင်းသံခွာပုံသဏ္ဍန်များ
၊မြွေများကတစ်လှည့်စီ ဘုရားပုံသဏ္ဍန် အမျိုးမျိုးဖော်ပြ နေသည်။ ရွေဂူကြီး ၊
ရွှေဆံတော် ၊ မင်္ဂလာစေတီ ၊ ဗူးဘုရား ၊ မဟာဗောဓိ ၊ ရွှေစည်ခုံ ၊ မနူဟာ ၊
နန်းဘုရား ၊  အပယ်ရတနာ၊ စိမ်းညက်ညီအစ်မ ၊ဖက်လိပ်ဘုရား…စသည်တို့ကို
တစ်ခုခုပြီးပုံဖော်သွားသည်။ ထုထည် ကြီးလှသော ဤဘုရားများကို မည်သူတွေ

-5-

ဆောက်ခဲ့သနည်း..။အဘယ်ကြောင့်ဆောက်ရသနည်း..။ပုဂံသားတွေပင်ပန်းလိုက်လေ…။အေးလေ..ဒီလိုပင်ပန်းခံရလို့ကျွန်တော်
တို့ လက်ရာကောင်းတွေ ကြည့်ရတာပေါ့..။ သို့ပေမယ့် နရသီဟပတေ့ မင်းလက်ထက်၌
ပုဂံပြည်သား ပင်ပန်းသည်ကိုပို၍သနား
မိသည်…။ဤသို့ထုထည်ကြီးမားသောဘုရားများတည်ဖို့အုတ်များ၊မြေစေးများ၊အင်္ဂတေများအများအပြားရှာဖွေရမည်။
အုတ်အတွက်မြေကြီးများတူးဖော်ရမည်..။မြေကြီးမျာကိုဖုတ်ဖို့ထင်းအမြောက်အမြားလိုမည်..။
ထင်းရဖို့တောအမြောက်အမြားမှထင်းရအောင်ရှာရမည်။နရသီဟပတေ့မင်းလက်ထက်ရာသီဥတုမည်သို့ရှိမည်နည်း…။
ကျွန်တော်၏အတွေးကိုတံစို့ထိုးမီးကင်လိုက်သကဲ့သို့ခံစားလိုက်ရသည်။
(ဟင်းခွက်ပုံရာစားပြီး မိဘုရား မောင်းမမိဿံများ ကိုယ်လုပ်တော်များဖြင့်
ပျော်ပါးနေသောမင်း၊ ဧရာဝတီမြစ်ကမ်း တလျှောက် အလုံပိတ်ရေချိုးနန်းဆောင်
များလုပ်ဆောင်ကာ မိဘုရားများနှင့် ရေကစား ၀ါသနာထုံသောမင်း မောင်းဂွတ်
တို့အာဏာထွားချိန်ကူဗလိုင်ခန်သည်တိုင်းတစ်ပါးနိုင်ငံများကိုစိတ်ဝင်စားမျက်မှောက်ကြုတ်စဉ်းစားနေသောအချိန်၌ဟင်းခွက်
သုံးရာအကြားတွင်ဗျာများဧရာဝတီမြစ်ကမ်းပါးတွင်မိဘုရားများနှင့်ပျော်ပါးရေကစားနေသည့်နရသီဟပတေ့မင်းသည်လည်း
မြင်းခွာချက်ဖြင့် အပေါက်ခံခဲ့ရသည်မှာမဆန်းလှ ပေ။

            ပုဂံသည် မိမိယဉ်ကျေးမှု ၊ စာပေ ၊
အနုပညာထွန်းကားရာမြို့ဖြစ်သည်။ အနုပညာလက်ရာများကို ၊ ကြည့်ခြင်းအားဖြင့်
သက်သေခံနေသည်။ ဖတ်လိပ်ဘုရားထဲမှ စဉ့်ခွက်ပန်းချီများသည်လည်း ယနေ့အထိ
မော်ဒန်ဖြစ်နေ သည်ဟု ကျွန်တော်ထင်သည်။
မြတ်စွာဘုရားသည်သာဝတ္တိပြည်မွန်ဇေတ၀န်ကျောင်းတော်၌နေတော်မူသောအခါဆဗ္ဗဂ္ဂိရဟန်းတို့၏ဆဲရေးခြင်းကိုအကြောင်းပြု၍
ငါးရာငါးဆယ်မှနန္ဒိဝိသာလဇတ်တော်ကိုဟောကြားခဲ့သည်။ဂန္ဓာရတိုင်း၌နေသောပုဏ္ဍားကနန္ဒိဝိသာလနွားလားကိုဆဲရေးတိုင်းထွာကာ
နှင်တံဖြင့် ရိုက်နှက်နေပုံတွင်ဖတ်လိပ်ဘုရားစဉ့်ခွက်ပန်းချီ၌
လှည်းဘီးငါးဘီး တပ်ထားသည်။ ထိုခေတ်ကလှည်းများ
ဘီးငါးဘီးတပ်ထားသည်လား…။ဒါလည်းမဖြစ်နိုင်…။သို့ဆိုပါကထိုလှည်းဘီးငါးဘီးသည်ငါးရာငါးဆယ်ဇာတ်တော်ကိုကိုယ်စားပြု
သောသင်္ကေတလား…။ပုဂံခေတ်လက်ရာမျာအားတွေးစရာအများကြီးဖြစ်လာသည်။
တစ်ခါတစ်ရံသစ်ပင်နှစ်ပင် အရွက်ကြားထဲတွင်
လူမျက်နှာနှစ်ခုရေးထားသောနံရံပန်းချီကိုတွေ့ရသည်။တစ်ဖန်နံရံပန်းချီတစ်ခုတွင်လည်းလူမျက်နှာများသည်မျက်လုံးများမညီညာ
ကြ။လူများ၏မျက်လုံးတစ်လုံးကအတည့်တစ်လုံးကစွေစောင်းရေးထားသည်…။ထိုခေတ်ကလူများ၏အစ္ဇျတ္တကိုမျက်လုံးအကြည့်
ဖြင့်ဖော်ကြူးရေးထားသင်္ကေတပြုခဲ့သည်လားမပြောတက်။
စဉ်းစားစရာများရှိလာသည်။ရှိပြီးသောလက်ရာများပျောက်ပျက်သွားမည့်အရေးကိုထပ်မံစိုးရိမ်လာပြန်သည်..။
တစ်ချို့ပန်းချီများအင်္ဂတေများဖြင့်ဖုံးလွှမ်းခဲ့ပြီ..။
(၁၃)ရာစုသည်မောင်းဂွတ်ရာစုမောင်းဂွတ်တို့မီးဟုန်းဟုန်းတောက်သောကျားသစ်ရာစု
ဟုတင်စားကြသည်…။ မောင်းဂွတ်တို့ မြင်းခွာသံတွေ
တဖြောင်းဖြောင်းညံနေချိန်တွင် (၁၃)ရာစု ပုဂံ (နရသီဟပတေ့မင်း) နေ၀င်ချိန်
ရောက်ခဲ့ရသည်။ (၁၃)ဂဏန်းသည် ကံမကောင်းသည့်နံပါတ်ဟု ပုဂံမြေအတွက်
ဖြစ်တည်ပေးခဲ့လေသလား…။ စာပေမရှိ၊ လူမျိုးယဉ်ကျေးမှုမရှိ ၊
အရိုင်းအစိုင်းများကဲ့သို့ ရေကြည်ရာမြတ်နုရာသို့သိုးအုပ်၊ဆိတ်အုပ်
၊များဖြင့်လှည့်လည် သွားလာနေထိုင်ကြသော ခြေသလုံးအိမ်တိုင်
မောင်းဂွတ်လူမျိုးများ
လက်အောက်မြင်းခွာအပေါက်ခံခဲ့ရသည့်ပုဂံမြေအားကျွန်တော်ဝမ်းနည်းမိသည်။
ပုဂံပြည်ကိုယ်ထီးကိုယ်နန်းဖြင့်အထင်အရှားရှိနေစဉ်ကမောင်းဂွတ်တို့သည်စိုက်ပျိုးရေးလုပ်ငန်းမရှိ။
သွေးသားစပ်ရာဆွေမျိုးစုကလေးအလိုက်အာရှတိုက်အလယ်ပိုင်းမြတ်ခင်းပြင်များ
တွင်မိမိတို့၏သိုးအုပ်၊ဆိတ်အုပ်များဖြင့်လှည့်လည်နေထိုင်နေကြသည်။
မောင်းဂွတ်အရိုင်းအစိုင်းများသည်မြင်းကုန်းနှီးများပေါ်သာ ကြီးပြင်းရင်းနိုင်ငံမရှိ၊တိုင်းပြည်မရှိ။
သို့သော်မြင်းစီးရင်ကျွမ်းကျင်လာသောတိုက်ခိုက်ရေးပညာသည်အလိုလိုလေ့ကျင့်ပေးပြီးသားဖြစ်နေသည်လား…။
(၁၃)ရာစုတွင်မောင်းဂွတ်တို့၏မြင်းခွာသံများမြည်ဟီးခဲ့သည်။
ကျွန်တော်၏ အတွေးများနောက်ကျိဝေး၀ါးနေသည့်
အတွေးကအတွေ့ကိုထပ်မံတွေးလိုက်သည်။အသိကအသိကိုထပ်မံသိလိုက်သည်။
ကျွန်တော်၏အမြင်များမှောက်မှားချွတ်ယွင်းခဲ့လေသလား…။မျက်စိမြင်မျဉ်းတန်းတလျှောက်ပုဂံဘုရားပုထိုးများတစ်စုတစ်ဝေးတည်း ရှိနေပြန်သည်။
ယခုအခါတော့ ဘုရားအားလုံးမီးခဲတုံးရဲရဲကြီးများဖြင့်ပုံဖေါ်ထားကြ၏။မီးညွှန့်များမရှိမီးခဲရဲရဲဘုရားပုထိုးများဖြစ်ကြသည်။
မျက်စိများကျိန်းစပ်သွား၏။ကျွန်တော်ကြာကြာရပ်ကြည့်မနေနိုင်လောက်အောင်ပူလျှက်ထိုနေရာမှကျွန်တော်အမြန်ထွက်ခွာလာသည်။

            ကြားနေရပြန်ပြီ…မြင်းခွာသံတွေ… ကျွန်တော်နောက်ကမြင်းခွာသံတွေ…။

-
ဖြစ်စဉ်အားလုံးသည် မြန်ဆန်လွန်းလှသည်။
ကျွန်တော်နောက်လှည့်မကြည့်ခင်မှာပင် စွေ့ကနဲ့ဆွဲတင် လိုက်ခြင်းကို
ခံလိုက်ရသည်။ ကျွန်တော်သေသေချာချာ လိုက်သောအခါ မြင်းပေါ်မှ လူကြီး၏
မျက်နှာမှာ ဂျန်ဂျစ်ခန် မျက်နှာတစ်ခြမ်း ၊ ကူဗလိုင်ခန်
မျက်နှာတစ်ခြမ်းဖြစ်နေသည်…။ ကြည့်ရင်းကြည့်ရင်းနှင့်ပင် သူ၏ မြင်း
အသွားနှေး၍ လေးတွဲလာသည်…။ သူလွယ်ထားသောဓားနှင့် မြှားတိုမှာလည်း
ဖယောင်းအရည်ပျော် သလိုကောက် ကွေးအိတွဲလာသည်။ အခြေအနေများ
တဖြည်းဖြည်းပျက်ယွင်း ပြောင်းလဲလာ၏။ ထိုသူသည် သူ့ကိုယ်သူမခံရပ်
နိုင်လောက်ပုံစံပျက်လာသောကြောင့် သူ့လက်ကြီးဖြင့် ကျွန်တော်အား
ကိုင်မြှောက်ထား ခြင်းပေါ်မှတစ်ဆင့် အဝေးသို့အားရှိသလောက်
ဆွဲလွှင့်ပစ်လိုက်၏။
သို့သော်ကျွန်တော်လုံးဝနာကျင်မှုမရှိ…။ကျွန်တော်တို့အားလုံးဂျုံလုံးကြီးတစ်ခုထဲတွင်ဖိသိပ်လုံး၊ပြားရှည်ထွက်ခဲ့သောဒိုးယိုးပေါက်ပုံဆောင်ခဲကြီးတစ်ခု
ဖြစ်တည်ပြီးခဲ့သောကြောင့်ဖြစ်နိုင်သည်။ဒူပေဒါဏ်ပေခံနိုင်သွားတာလည်းဖြစ်နိုင်သည်။
အခြားအကြောင်း ကြောင်းကြောင့် မနာကျင်တာလည်း ဖြစ်နိုင်သည်။ဘုရားထဲမှ
ကျွန်တော် လှမ်းကြည့်လိုက်သောအခါ စောစောက လူကြီး၏မြင်းမှာ
ဖယောင်းတိုင်များလို တဖြည်းဖြည်းပျော်ဆင်းပုံပျက်လာသည်။
မြင်းပေါ်မှလူသည်၎င်း
၊မြှားကျည်ထောက်သည်၎င်း၊လက်နက်ကရိယာမျိုးစုံသည်၎င်းတအိအိအရည်ပျော်ဆင်းကုန်၏။မြင်ကွင်းအားလုံးမှုန်ရည်ထွေပြား…။
မြေသားရင်အုံ တစ်ခုလုံး အသစ်ဖြင့် မြင်ချင်သည်။ စိတ်ထံတွင်
မြင်းခွာသံတွေလိုလို တစ်ကြိုးပြက်သွား၍
ပြန်ဆက်ကာတီးနေသောဂစ်တာသံလိုလိုမိုးခြိမ်းသံလိုလို..။တော်လဲသံလိုလိုကြားနေရသည်။
အတွေးများကိုစနစ်တကျပြန်ခေါက်သိမ်းလိုက်သည်..။
လွတ်ထွက်သွားသောစိတ်အစအနကလေးများကိုလည်းလိုက်လံစုဆောင်းနေဆဲ…။
ထိုအချိန်အတောအတွင်းမှာပင်ကျွန်တော်ရောက်ရှိနေသောဘုရား၏အောက်ခြေတလျှောက်မျက်စိရောက်သွားသည်။
ဘုရား၏လက်ချောင်းတော်ကလေးများနှင့်အုတ်နံရံသည်ကျွန်တော်ဘေးတစ်စောင်းဝင်လာရုံသာရှိသည်။
အပေါ်သို့မော့ကြည့်လိုက်သောအခါရင်အုံကြီးမို့မောက်နေသောဘုရားကိုကျွန်တော်တွေ့လိုက်ရသည်။ကျွန်တော်ခေါင်းထဲတွင်မိုက်ကနဲဖြစ်သွားသည်…။

ကျွန်တော်၏စိတ်သည်အောက်သို့အစိတ်စိတ်အမြွှာမြွှာကျကွဲသွားသည်။
ထိုဘုရားထဲမှာပင်ကျွန်တော်သည်စားဖို့လက်ရသည်။ကြည့်ဖို့နားရွက်ရသည်။လမ်းလျှောက်ဖို့ပါးစပ်ရသည်။နားထောင်ဖို့မျက်လုံးရသည်။
ရလိုက်ရပါသည်။ ထပ်၍ ထပ်၍ ရလိုက်ရ ပါသည်။ ကျွန်တော်ထဲမှ ကျွန်တော်တစ်ခု
ထွက်ကျသွားသည်။ ကျွန်တော် ကျွန်တော့်ကိုလိုက်ကောက်သည်။ ထွက်ကျသွားသော
ကျွန်တော်က ကျွန်တော့်ကို ကန်တော့ ပလ္လင်မီးပုံပွဲကဂစ်တာဖြင့်
သီချင်းတီးပြသည်။ ဂီတာကြိုး မပြတ်ပါစေနှင့်ဟု ကျွန်တော်ဆုတောင်းနေသည်။
ကျွန်တော်ကို ကျွန်တော် ကကြည့်ရင်း အတွေးဆန်ကာကွက်ထဲတွင် အိမ်မက်၏ တံခါး။
တံခါးပေါက်မှသော့။ထိုသော့သည်အရည် ပျော်အိဆင်း…။ လေကောင်း ၊ လေသန့် ၊
ပြတင်းပေါက်နှင့် တမာပင် ၊ ထပ်ခါ ထပ်ခါ ပြင်ရေး နေရသော ခပ်ညံ့ညံ့
ကဗျာတစ်ပုဒ် ။ လူ ၊ စင်္ကြ၀ဠာ ၊ ကုလားထိုင် ၊ ပြောင်းပြန် လှန်ချုပ်ထားသော
အ၀တ် အစားများ မျက်မှန် စိမ်နှင့် မြည်း ၊ မာတိကာ သာရှိပြီး ဗျည်းနှင့်သရ
မရှိသော စာအုပ် (သို့မဟုတ်) ဗျည်းသာ ရှိပြီးသရမရှိသော သရရှိပြီး
ဗျည်းမရှိသော စာအုပ် ၊နမူနာကားတစ်ချို့…စသည်တို့သည် အစီအစဉ်မကျသည့် အစီ
အစဉ်ကျမှုများ ဖြင့်တွေ့လိုက်ရသည်။ ကျွန်တော်ခေါင်းထဲမှ ဦးနှောက်
အမျှင်အတန်းရှည်ရှည် ကြီးထဲတွင် ဒို ၊ ရေ ၊ မီ ၊ ဖာ ၊ သင်္ကေတများ ၊
ဗဟုရစ်သမ် သင်္ကေတများကို တစ်ပါးတည်း တွေ့မြင်လိုက်ရသည်…။ ဆူညံနေသော
အသံများကို နားထဲ၌ ဆက်တိုက်ကြားနေရ၏ ။
အတွေးကကပ်သွားလိုက်ခွာသွားလိုက်။စိတ်ကကျွန်တော်ကိုကွာရှင်းလိုက်ပြန်ပေါင်းလိုက်နှလုံးအိမ်သည်လည်းတဒုံးဒုံးခုန်လျက်..…။
ကျွန်တော်ရင်အုံ ကြီးမှာလည်း မို့မောက် လျက်…။

            (ဂ)

            ကျွန်တော်ရင်အုံကြီးမှာလည်း မို့မောက်လျက်…….။

             တဒုံးဒုံး ခုတ်မောင်းလျှက်ရှိသော ရထားသံကြောင့်
ကျွန်တော်လန့်နိုးသွားသည်…။ လန့်နိုးသွားမှ ရင်ဘတ် လတ်မောင်း
ခန္ဓာကိုယ်အနှံ နာကျင်လာသည်။ ဘေးတစ်ဘက် ၊ တစ်ချက်မှ ဖြူဖြူဖွေးဖွေးများ၏ကျပ်ညှပ်မှု ကြောင့်ဖြစ်သည်။
အချိန်မည်မျှကြာသွားသည်ကိုမသိ…။ကျွန်တော်နာရီကြည့်လိုက်သောအခါကျွန်တော်တို့မြို့ကိုရောက်ခါနီးပြီ…။
ရထားပေါ်မှလူများကျပ်ခဲပြည့်သိပ်ဆဲ…။ကျွန်တော်ထိုင်နေရာမှစောစောကဆေးလိပ်သောက်သူ၊စကားပြောသူများကိုမော့ကြည့်လိုက်သည်။
ထိုလူများသည်ကျွန်တော်ကျောင်းသားဘ၀ကသင်ခဲ့ရသောဆယ်တန်းပင်ရင်းစကားပြေ..လက်ရွေးစင်ထဲမှလူကြီးနှင့်တူသည်။
”ရှိ၍မရှိသူ”စာတမ်းထိုးထားသောတင်းတိမ်ကို ဖွင့်လိုက်သောအခါ လှပသောတိုက်ခန်းပုံ ပန်းချီကား၏ ရှေ့တွင် ပန်းပုထုထားသော အရုပ်နှင့်တူ သည်။
တူတာတွေလည်း ရှိနိုင်တာပဲ…။ တူနေကြ ပါဦးမည် ..။
ထိုသူနေတာများနှင့် အတူ နေကြဦးမည်လား..။
ထိုတူနေတာများနှင့် အတူနေရတော့မည်လား…။

            ရထား၏ဘီးပွတ်တိုက်သံက ရစ်သမ်မိလျက် တဖြည်းဖြည်း… တဖြည်းဖြည်း…။

            ရထားပြတင်းပေါက်မှ ရောင်နီကိုမှုန်မှုန်ဝါးဝါးတွေ့ရသည်။
             မဝေးလှသောကာလအတွင်း မြို့ကိုရောက် တော့မည်။
တောင်တန်းဘေးတွင်ရှိသော ကျွန်တော်တို့မြို့ကလေး၏ အစွန်းအရိပ်သည် ထွက်ပေါ်လာတော့ မည့်နေရောင်အောက်တွင် မှုန်မှုန်ဝါးဝါး…။
သီချင်းသံတွေကတော့ကြားနေဆဲ……။

                        ``ကမ္ဘာ မကြေဘူး ….ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ
ကျဆုံးသော…….``……။          ။


                               (လှိုင်းထက်)
  သရုပ်ဖေါ်ပန်းချီချမ်းငြိမ်းကျော်