Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

san Myint

                      သရုပ်ဖေါ်ပန်းချီ ဒေါက်တာစန်းမြင့်

    ကလေးတွေ စာကျက်နေကြသည်။အသံစာစာနှင့် အလွန်သာယာ၏။အစားအစာဝါးစားပါ။အသားပါသလား။ငါးပါသလား။ဖတ်စာထဲမှာဤသို့ပါ၏။

၁/ စိန့်ဂျွန်ဆင်ST JOHNSON ကျားဝတ် အင်္ကျီ၊ အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်သည်။ချူပ်ရိုးချူပ်သား သေသပ်လှပသောကြောင့်၊ အချိုးကျပြီး ကြာရှည်ဝတ်နိုင်သည်။ရောင်းဈေး ကျပ်တစ်သောင်းရှစ်ထောင်။

၂/ ရက်ဗလွန် REVLON နှုတ်ခမ်းနီဆိုးဆေး၊ အမေရိကန်နိုင်ငံလုပ်၊တစ်မိနစ်အတွင်းခြောက်သည်။တစ်နေကုန်ခံသည်။ဗီတာမင်အီးပါ၍ နုတ်ခမ်းများ မပျက်စီး၊တန်ဖိုးကျပ် လေထောင့်လေးထောင့်သုံးရာကျပ်။

၃/ပင့်ဟောက် PINK HOUSE မ၀တ်အင်္ကျီ၊ထိုင်းနိုင်ငံလုပ်၊ ဒီဇိုင်းစုံရောင်စုံ ရောင်းစုံ ကျပ်သုံးထောင်။

၎/ဟန်းတင်း HANG TEN ရှပ်အင်္ကျီ၊တန်ဘိုးကျပ်သုံးထောင်။

၅/ပုလစ်(စ) POLICE နေကာမျက်မှန်၊ အမေရိကန်နိုင်ငံလုပ်၊ နောက်ဆုံးပေါ် ဒီဇိုင်း၊ရောင်းဈေး ကျပ်နှစ်သောင်းလေးထောင်၊

၆/MAX 102 SODA ခါးပတ်အိတ်၊ တန်ဖိုးကျပ် နှစ်ထောင့်သုံးရာ။

၇/အေလိယန်ဝပ်ရှော့ ALIENS WORKSHOP ဂျင်းဘောင်းဘီ၊ရောင်းဈေး ကျပ်လေးထောင့်ရှစ်ရာ။

၈/စကတ်ရှာ SKECHERS ကျားစီးဘိနပ်၊ တန်ဖိုးကျပ် နှစ်သောင်းလေးထောင်။

၉/နိကေNIKE လျှာထိုးဦးထုပ်။ရောင်စုံ။ တန်ဖိုးကျပ် နှဏ်ထောင့်ရှစ်ရာ။

၁၀/ဘီးယင်း BEING ကော်လာပါ၊ဇစ်တပ်၊ မ၀တ်စပို့ရှပ်တန်ဖိုး လေးထောင့်သုံးရာ။

၁၁/ ခရေးဇီးCRAZY စကတ်ရောင်စုံ၊ တန်ဖိုးကျပ် သုံးထောင့်လေးရာ။

၁၂/မီလန်MILAN မစီးဖိနပ်/တန်ဖိုးကျပ် သုံးထောင့်ခြောက်ရာ။

၁၃/အိုမီဂါ ဆီးမာစတာOMEGA SEAMASTER ကျားဝတ်လက်ပတ်နာရီ၊တန်ဖိုးကျပ် နှစ်ဆယ့်ခြောက်သိန်း။(၂၆၀၀၀၀၀၀တိတိ)

၁၄/ရာဒို RADO လေးထောင့်၊ အပြာရောင်၊ မ၀တ်လက်ပတ်နာရီ၊တန်ဖိုးကျပ် ဆယ့်နှစ်သိန်း။(၁၂၀၀၀၀၀၀တိတိ)

၁၅/ပြောင်ခေါင်းစိမ်းဝမ်းဆက် ၊အလေးချိန် ၈၇.၅၈ဂရမ်၊အလျော့တွက်၇ပဲ၊တန်ဖိုးရှစ်သိန်းခြောက်သောင်း(၈၆၀၀၀၀တိတိ)

၁၆/စိန်နဲ့မြိတ် ပုလဲဆွဲသီး........တန်ဖိုးကျပ် သုံးသိန်းရှစ်ထောင်။

၁၇/နီလာနှစ် စိန်တစ်ပွင့် FANCY နားကပ်၊တန်ဖိုးကျပ် တစ်သိန်းရှစ်သောင်း

၁၈/စိန်ကိုးပွင့် ရေလှိုင်းပုံလက်စွပ်၊ တန်ဖိုးကျပ် သုံးသိန်းနှစ်သောင်းငါးထောင်။

၁၉/ဖဲပြားမီးပုံးနားဆွဲ၊လေးသောင်းတစ်ထောင်။

၂၀/ယပ်တောင် ဘောလုံး နားဆွဲ ၊လေးသောင်း တစ်ထောင်ကျပ်။

       ကလေးတွေ ဘယ်သွားကုန်ပြီလဲ။စာကျက်သံ မကြားရ။ တိတ်ဆိတ်လို့၊ အစားအစာ ၀ါးစားပါ။ အသားပါသလား။ငါးပါသလား

၁/ ဇီယာဆန်   တစ်ပြည် ၂၀၀ိ/ - နှစ်ရာကျပ်

၂/ပဲတောင့်ရှည် ၂ စည်း ၅၀ိ/ - ငါးဆယ်ကျပ်

၃/ငါးပိရေကျို   ၁၀ါး  ၆၀ိ/- ခြောက်ဆယ်ကျပ်

၎/ချဉ်ပတ်စုံတို့စရာ  ၂၀ိ/ - နှစ်ဆယ်ကျပ်

၅/ဘဲဥတစ်လုံး   ၅၀ိ/ - ငါးဆယ်ကျပ် 

      စုစုပေါင်း ညနေစာဈေးဖိုး  သုံးရာရှစ်ဆယ်ကျပ် (၃၈၀ိ/-)

 

                                      ဇော်ဇော်အောင်

                          (MILETUS ၀တ္ထုစု၊သြဂုတ်လ၊၂၀၀၅)

ဈေးဝယ်စာရင်းဝတ္ထုတို