Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

လူ့လက်ထဲက ထွက်သွားခါစဆိုတော့ ဘိုသီဖတ်သီ အရောင်အသွေး ကလည်း ညှင်းသိုးသိုး ဖြစ်နေတယ်ထင်ရတယ်။ နောက်ညတော့ ထူးထူးခြားခြား အခန်းထဲက နံရံ အိပ်တန်းဟောင်းလေးမှာ သူ ပြန်အိပ်တယ်။ ``မနေ့ညက အပြင်မှာအိပ်တာ ချမ်းလို့လားသမီး။ အိပ်တန်းမရှိသေးလို့ ချမ်းချမ်းစီးစီး ကြုံသလို အိပ်ခဲ့ရတာလား။ အိပ်ရတာ စိတ်ထဲမှာ မလုံခြုံလို့လား။´´ စိတ်ထဲကမေး ၀မ်းသာဝမ်းနဲလည်း ဖြစ်နေတာပေါ့။ နောက်နေ့တော့ စာကလေးတွေ ထုံးစံအတိုင်း အိပ်ယာ စောစောထကြတော့ သူလည်း အစောကြီး ထပျံသွားပါတယ်။ တနေကုန် စာ အုပ်ကြီးသွားရာနောက် လိုက်ပြီး သူပျံ နေလိုက်တာ။ လွတ်လပ်လို့၊ ပျော့ပါးလို့။ သူ သင်ကြား လေ့လာစရာတွေကို လေ့လာ သင်ကြားနေပုံပါဘဲ။ အစာလာကောက်လိုက်၊ ပျံသွားလိုက်။

 

ကိုယ်ကတော့ ကိုယ် အခန်းရှေ့ သူတို့ ပျံကျလာမှ ဒီတခေါက် ငါ့သမီးလေး ပါလာသလား လိုက်လိုက် ရှာကြည့် တွေ့ရင်စိတ်ချမ်းသာရ အသင့်ချန်ထားတဲ့ ထမင်းလုံးလေးတွေပစ်ကျွေးရင်း ဧည့်ခံရပေါ့။ ``နား ရမယ့် အိပ်တန်း တွေ့ပြီလား။ အဖေါ်တွေကော ရပြီလား။ အချင်းချင်းပြတဲ့ အန္တရာယ် အချက်ပေး သင်ခန်းစာနဲ့ သင်္ကေတတွေကော ကျေညက်ပြီလား။ မျက်စိရှင်ရှင် နားရှင်ရှင်နဲ့ အန္တရာယ်ကို သတိထားရင်း အစာကောက်ရတဲ့ သင်ခန်းစာတွေကော တက်ပြီးပြီလား။´´ အခန်းထဲကနေ လှမ်းမေး နေမိတယ်။ နောက်ရက်တွေမှာ သမီး သူ့အဖေကြီး အခန်းမှာ ပြန်မအိပ်တော့ပါဘူး။

 

သူမ ပြောတတ်လို့ဖြစ်မှာ။ နောက်ဆုံး နှုတ်ဆက်တဲ့ အနေနဲ့ ညက သူ လာအိပ်သွားတာဖြစ်မှာ။ အချိန်တော်တော်ကြာတဲ့အထိ မိငယ်ကို ကိုယ်က စာကလေးအုပ်တွေထဲမှာ လိုက်ရှာရင်း မှတ်မိနေတုန်းပါ။ နောက်တော့ ကိုယ်လည်းေ၀၀ါးစပြုလာပြီ။

 

အသက်ကရပြီ။ မျက်စိတွေကလည်း သိပ်မှ မလျင်တော့တာ။ မိငယ်က စာ အစစ် ပီသ လာလေလေ အဖေကြီးတယောက်ေ၀၀ါး လာလေလေပေါ့။ သမီးရဲ့လှုပ်ရှားပုံ ပြုမူပုံ ပျံသန်းပုံတွေဟာ မြန်ဆန် ညီညာ တိကျ သေသပ်သွားတဲ့အခါပေါ့။ ဘာဘဲဖြစ်ဖြစ် စာကလေးအုပ်တွေ အခန်းရှေ့ကျလာတိုင်း ကျွန်တော်ကတော့ အသင့်ဆောင်ထားတဲ့ ထမင်းလေးတွေ ပစ်ချ ကျွေးဖြစ်ပါတယ်။