ဝတ္ထုတို
- Details
- Written by kaungkin
- Category: ဝတ္ထုတို
- Hits: 1137
"အလို ဘယ့်နှယ်ဖြစ်တာတုန်း "
" အော် ခေတ်ကာလ သူ့နယ်ပယ်နဲ့သူ တတ်ကျွမ်းနားလည်သူတွေ ပါးရှားကုန်ပြီ ထင်ပါရဲ့။ အဲ ထင်တယ် ဆိုတာ စကားအားဖြင့် ပြောတာ၊ တကယ်က ပါးရှားနေပြီ။ တချို့နေရာ ဌာနတွေမှာ မျိုးဆက်သစ် ရှားပါးတဲ့ ပြဿနာ ရှိနေပြီတဲ့။
တလောက သတင်းစာတိုက်က မိတ်ဆွေဟောင်း တယောက်နဲ့ မြို့ထဲ ငါးဆယ့်နှစ်လမ်းနားမှာ ဆုံတုန်း သူပြောသွားတာပဲ၊ နောက်တယောက်က ရန်ကုန်တက္ကသိုလ်မှာ လုပ်တဲ့ လူငယ်ဘက်စုံဖွဲ့ဖြိုးရေးပွဲတော်
" သူငယ်ချင်းရေ အခု နောက်မျိုးဆက်သစ်တွေက အတွေ့မကြုံမရှိလို့ ပြောပြလည်း လက်မခံဘူး၊ သူတို့ သိတာအမှန်၊ မသိလို့ ပြောရင် စီနီယာလည်း စိနီယာမှန်း အလေးထားရကောင်းမှန်း ပညာယူရမယ်မှန်း နားမလည်ကြဘူး ၊ အထက်က တခုခုခိုင်းလို့ မေးရင် မသိဘူး ဒါ သူတို့အဖြေ ၊ မသိဘူးဆို ပြီးပြီ၊ ကိုယ်တို့က ရာထူးကြီးတော့ ခေါင်းခံရတာပေါ့ စိတ်ညစ်လာပြီ" တဲ့
လူကြီးတွေက မသိကြဘူးလားဆို သူတို့က အလုပ်ဝင်ကတည်းက ဟိုလူကြီးအမျိုး ဟိုလူနဲ့အသိ ဘယ်သူဘယ်ဝါနဲ့ပိုင်တယ် ဒီလို ဝင်လာကြတာ၊ အလုပ်ထဲကြ သင်ယူမှု တာဝန်ယူမှု တာဝန်ခံမှုတွေ နားမလည်ကြတာလေ
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူရဲ့ ရင်ဖွင့်စကားကို နားထောင်ရင်း သက်ပြင်းသာ အခါခါ ချမိတော့သည်။
ဒါတွေ တွေးမိတော့ သတင်းခေါင်းစဉ် အကြောင်းဆီ စိတ်က ပြန်ရောက်သည်။ သတင်းအဖြစ်အမှန်အတိုင်းဆိုက လေယာဉ်မှာ ရောဂါပိုး ဗိုင်းရပ်စ် တခုခု ရှိနေတဲ့ အဆိုပါလေယာဉ်ပေါ် နာရီပေါင်းများစွာ စီးလာကြလို့ ခရီးသည်တွေ ရောဂါဖြစ်ကာ နာမကျန်းဖြစ်ကြတာလို့ ဆိုလိုက်ပုံ၊ အရေးအသား ဘာသာပြန် အထာမကျမှုကြောင့် ဖြစ်သွားတယ် လို့ ရိုးရိုးပဲ တွေးမိသလို တကယ်ပဲ သတင်းဘာသာပြန်သူဟာ လေယာဉ်မှာ ပိုးဝင်တတ်တယ်လို့ ထင်ပြီး ရေးတာရော မဖြစ်နိုင်ဘူးလား ဒေါ်မြသီရိ ဆက်တွေးနေမိသည်။ ဖြစ်နိုင်တာပေါ့၊ လောကမှာ ဘာမဆို ဖြစ်နိုင်တယ် အဲ အောင်လအန်ဆိုင်း ကြော်ငြာနဲ့ မှားတွေးမိပြီ ထင်ပါရဲ့
ဒေါ်မြသီရိ ကိုယ့်အတွေးကို ပြန်ပြီး ရယ်နေမိသည်။ တချို့ အတွေးတွေ သိတာတွေ သိပ်ပြီး လမ်းလွဲတတ်တယ် ဆိုတာ ရုပ်မြင်သံကြား အစီအစဉ်တခုကြည့်ရင်း တွေ့နေတတ်တာပဲလေ။ တခါတလေ ခွက်ထိုး ခွက်လန်ရယ်ရင်း လူငယ်တွေအတွက် စိတ်မသက်မသာ ဖြစ်ရတာ အားမလိုအားမရတာ ဖြစ်ရတာ ကြုံရတယ် မဟုတ်လား။
money drop ( ငွေတွေဝင်) အစီအစဉ် မှာလေ တခါက လူငယ်နှစ်ယောက် ဝင်ဖြေတာ အမှတ်ရသည်။ အမှတ်ရတာကတော့ အများကြီးပေါ့၊ အဲဒီထဲကမှ ဒီနှစ်ယောက် အကြောင်းလေး ပြောပြချင်တာ၊ အဲ အစီအစဉ်ခေါင်းစဉ်က တမျိုးကြီးနော်၊ အင်္ဂလိပ်လိုနဲ့ မြန်မာလိုက ပြောင်းပြန်ကြီး ဖြစ်နေသလိုပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဖြေမှားတဲ့အခါ ငွေပုံပြီးတင်ထားတဲ့ အဖြေတံခါးပေါက်က ငွေတွေ ပြုတ်ကျ သွားတာလေ မရတော့ဘူး၊ မကျပဲ ကျန်တာမှ ဖြေသူက ရတာမဟုတ်လား၊ ထားပါတော့လေ။
အဲဒီ အစီအစဉ်မှာ လာဖြေတဲ့ သူငယ်ချင်းနှစ်ယောက်က တက္ကသိုလ်ကျောင်းသားတွေ၊
အဲဒီနေ့ကတော့ တယောက်က မြန်မာစာအဓိကယူထားတဲ့ ကျောင်းသား၊ နောက်တယောက်က သတ္တဗေဒဘာသာနဲ့တဲ့
အမယ် မေးခွန်းရွေးဖို့ ထွက်လာတော့ မြန်မာစာနဲ့ ပတ်သက်တာ ၊ သူတို့ ရွေးလိုက်တာ ကဗျာတဲ့
အဖြေ လေးခု ပေးထားတဲ့ အတွက် မသေချာရင် မသိရင် ဇဝေဇဝါ ဖြစ်ရင် ပေးထားတဲ့ ငွေထုတ်တွေကို သုံးနေရာ ခွဲဖြေလို့ ရသည်။
အချိုးနှစ်ချိုးဖြင့် စပ်ထားသည့် ကဗျာတဲ့ မေးခွန်းက ၊ အဖြေက လေးမျိုး ပေးထားသည်။ ဒွေးချိုး လေးချိုး တျာချင်း တြိချိုး တဲ့
ဒေါ်မြသီရိ အားရဝမ်းသာ မျှော်လင့်မိသွားသည်။ ကိုင်း မြန်မာစာ ကျောင်းသားလေး ပုံလိုက်ပေရော့ အဖြေတခုထဲ အေးအေးဆေးဆေး၊
တကယ်ကျ ထင်သလို မဟုတ် မြန်မာစာ ကျောင်းသားလေးက သူမသိပါတဲ့၊ သတ္တဗေဒကျောင်းသားလေးက သူသိတယ် တျာချင်း တဲ့
ဒေါ်မြသီရိ ကိုယ့်နှာဖူး ကိုယ်ရိုက်မိသည်။ ဒွိစုံ တို့ ဒွေးချိုးတို့ ဆိုတာ နှစ်ခု အသုံးတွေလေ ပါးစပ်ကလည်း တဖွဖွပေါ့
အဖြေသုံးခု ခွဲဖြေလို့ရတော့ ဒွေးချိုးမှာ အနည်းငယ်ထည့်ပုံလို့ နောက်တဆင့်တက်သွားသည်။ သိလို့ မဟုတ်၊ နောက်ဆုံးအချိန်အထိ တျာချင်းသာ အကြိုက်ဆုံးတဲ့
နောက်မေးခွန်းတခုက ကြက်တူရွေးအမျိုးအစားငှက်ကြီးကို
သတ္တဗေဒကျောင်းသားက မသိပါတဲ့ ခွဲဖြေကြတာမှာ ကတ္တရာ ကတ္တရီ ကတ္တဝါ သုံးခုကို ခွဲဖြေသွားသည်။ ကတ္တရာမှာ ဖြေရန်မဟုတ်သည့် မေးခွန်းလို့ မသိလေရော့သလား၊ တကယ်ပဲ ကတ္တရာငှက် ဆိုတာ ရှိတယ်ထင်သလား သူတို့ကြည့်ပြီး အတွေးတွေ ပေါ်နေရသည်။
ဒါ့ကြောင့် ဒေါ်မြသီရိ ယနေ့ခေတ် လူငယ်တွေကို လျှော့မတွက်ရဲပါ၊ လေယာဉ်လည်း ရောဂါပိုး ဝင်တတ်တယ်လို့ သူသိထားလို့ ကောက်ရေးတာရော ဖြစ်မနေနိုင်ဘူးလား တွေးရင်းက အော် ယနေ့ခေတ်မှ မဟုတ်ပါဘူး ဘယ်ခေတ်ဖြစ်ဖြစ် ဒီလို တွေးခေါ်တတ်တဲ့သူတွေ တလွဲတွေးတာတွေ ရှိတာပါပဲ ၊ ကိုယ်လူကြီးဖြစ်တိုင်း နောက်လူငယ်တွေ မသိရကောင်းလား အပြစ်ပုံလို့ ဘယ်ရမလဲ၊ ဒါဟာ လူငယ်တိုင်း မဟုတ်သလို လူတိုင်းလည်း ဘယ်ဖြစ်မလဲ၊ အသက်ကြီးတဲ့သူလည်း သူထင်တာ သူမှန်တယ် ထင်ကြတာပဲလေ
ဒေါ်မြသီရိတယောက် တချိန်က ရောဂါပိုးဝင်တဲ့ ကွန်ပျူတာတွေအကြောင်းဆီ စိတ်ရောက်သွားတော့သည်။
အချိန်ကတော့ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်၊ ဒေါ်မြသီရိတို့ ဌာနမှာ ကွန်ပျူတာတွေ စပြီး အသုံးပြုကာစ၊
ဌာနဆိုင်ရာ ဘတ်ဂျက်နဲ့ ဝယ်ရတဲ့ အပြင် အင်မတန် တန်ဘိုးကြီးသည့် အတွက် သူတို့ကို တယုတယထားတာ ဖြစ်သည်။ သေသေချာချာ အခန်းဖွဲ့ပေးရသည်။ အဲကွန်းတပ်ပေးရသည်။ ပြီးတော့ ပျက်မှာစိုးလို့ လူတိုင်းမကိုင်ရ။ ကွန်ပျူတာကို သုံးဖို့ အတွက် ကွန်ပျူတာ တပ်ရမည် ဆိုကတည်းက ကွန်ပျူတာသင်တန်း တက်ဖူးသူ ကွန်ပျူတာကို အပြင်လောကမှာ ထိတွေ့ ကိုင်တွယ်ဖူးသူတွေကို စာရင်းကောက်၊ ဌာနကနေ သင်တန်းပို့ပြီး တက်ခိုင်းကာ သင်တန်းဆင်းလာသူကိုမှ ကွန်ပျူတာကို ပေးကိုင်တာ ဖြစ်သည်။ အခြားဝန်ထမ်းများ အနားမကပ်ရ၊ မျက်စောင်းမထိုးရ၊ မဆိုင်ပဲ ကွန်ပျူတာခန်းထဲ ဝင်လာပါက ဘာလာလုပ်သလဲ မသင်္ကာမေးခွန်း မေးခံရသည့် ကာလ၊ ကွန်ပျူတာဖြင့် အလုပ်လုပ်နိုင်သူမှာ အများအခေါ် " ဆရာကြီး" သူတို့က ဆရာကြီးတွေပေါ့ တို့နဲ့မတူ ၊ ဒီလိုကာလ၊
အဲဒီတုန်းက ဒေါ်မြသီရိက ကွန်ပျူတာကိုသာ ဘယ်ကစဖွင့်ရမှန်းမသိတာ၊ စာတွေဖတ်ပြီး ကွန်ပျူတာအကြောင်း သိနေတာ ဖြစ်သည်။ သူဘွဲ့ရပြီး ကာစ မဟာသိပ္ပံ( ကွန်ပျူတာသိပ္ပံ) တက်မယ်ဆိုကာ ဝင်ခွင့်ဖြေစဉ် စာတွေ့ တော်တော်များများ ဖတ်ဖူးခဲ့သေးသည်။ ဌာနမှာ အလုပ်ဝင်နေတုန်း သတင်းတပုဒ် ထွက်လာသည်။ ကွန်ပျူတာ ဗိုင်းရပ်စ်တဲ့၊
ကွန်ပျူတာကို မသုံးမဖြစ် သုံးရမည် ဖြစ်လာသောအခါ အဆိုပါ ဆရာကြီး ဆရာမြီ့းတွေက ဌာနတွင်း ဝန်ထမ်းတွေကို ထပ်ဆင့် ရက်တိုသင်တန်းပေးကာ ကွန်ပျူတာဖြင့် မဖြစ်မနေလုပ်ရမည့် အလုပ်တွေကို ဒါကိုဖွင့် ဒါကိုနှိပ် ဒါတွေ ဖြည့် စသဖြင့် လက်ပူတိုက်ပြီး တတ်လာသည့် အမကြီး အထိတ်တလန့်ဖြင့် ကွန်ပြူတာဗိုင်းရပ်စ်ကြောက်လို့ ဒေါ်မြသီရိတို့နဲ့ တွေ့တိုင်း စိတ်ညစ်ပါတယ် ရောဂါပိုးတွေကလည်း အဆန်းတွေချည့်လို့ စိတ်ပျက်စွာ ညည်းတွားတာကို နားမလည်စွာ ကြောင်ကြည့်မိလေသည်။
ပထမတော့ နောက်နေတာလား သူက အရာရှိမမလေ နောက်မှာတော့မဟုတ်။
သူ့ကို အဲဒီရက်ပိုင်း ဆပ်ပြာခွက်ကလေးကိုင်လို့ ရုံးခန်းနဲ့ သန့်စင်ခန်း လွန်းထိုးသွားလာနေတာ မြင်ရသည်။ တကယ်က အဲဒီ မမမှာ အရင်ကတည်းက လက်မကြာခဏ ဆေးတတ်သည့် အလေ့ ရှိသည်။ ဒါကို ရုံးကလူတွေ အားလုံးသိသည်။ ရုံးရောက်လို့ ဆွဲခြင်းချပြီးတာနှင့် သူ့ရဲ့ ပထမဆုံး အလုပ်က ဆပ်ပြာခွက် ကောက်ကိုင်ကာ သန့်စင်ခန်းကို အရင်သွား လက်ဆေးခြင်း အလုပ် စလုပ်သည်။
ဒေါ်မြသီရိကို တချို့က ပြောသည်။ အဲဒီ အမက အသန့်ကြိုက်တာ လွန်လွန်းသည်တဲ့၊ သူနဲ့ဒေါ်မြသီရိ သန့်စင်ခန်းမှာ ဆုံတော့မှ တအံ့တဩ ရယ်မောခဲ့ရသည့် အဖြစ်၊ တကယ်တော့ ဘာဖြစ်သလဲ၊ လူဆိုတာ သူ့ အစွဲနဲ့သူ၊ သူ့အကျင့်နဲ့သူမဟုတ်လား၊ ကိုယ်လုပ်ပေးနိုင် ကူပေးတာ ရှိလို့ အပန်းမကြီးပဲ ကူပေးရတာ ဘာမှ ညည်းစရာ မရှိသလို ဝေဖန်စရာမလိုလို့ ဒေါ်မြသီရိ ခံယူတာပင်။
အဲ အဲဒီနေ့က သန့်စင်ခန်းမှာ ဘယ်သူမှ မရှိ၊ ဒေါ်မြသီရိ တယောက်ထဲ၊ ဘေစင်- လက်ဆေးကန်မှာ လက်ဆေးပြီး ပြန်ထွက်ဖို့ အလုပ် ရေအိမ်ထဲဝင်နေတဲ့ အဲဒီ အမကြီးက
ReplyForward
|
- Details
- Written by ဝေမြင့်မောင်
- Category: ဝတ္ထုတို
- Hits: 1980
၁။
ဖောက်ပြန်ရေးသမားတဲ့ ဘယ်လောက်ကြောက်စရာကောင်းတဲ့ အသုံးအနှုန်းလဲ။ဖောက်ပြန်မှုထက်
ဖောက်ပြန်မှုသည် လူ တို့ ထံမှ ဆင်းသက်လာသည်။အရက်ပုလင်းအဖုံးမှ ကံစမ်းမဲပေါက်ကာ လဲလှယ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ကျောက်တု
၂။
တကယ်တော့ အဲ့ဒီလူ ကိုကြည့်ရတာ ကောင်းကောင်းမွန်မွန် ပါ။ ဟိုလမ်းထိပ်က ကောင်ပြောတာတော့ အဲ့လူက တက်တူးကြီးနဲ့ ဆိုပဲ။ဒါလည်း အဲ့ကောင်ပြောတာပါ။ဘယ်သူမှ သူ့ တက်တူးကို သိတာမဟုတ်ဘူး။မြင်ဖူးတာမဟုတ်ဘူး
၃။
ပဲပြုတ်ရောင်းတဲ့ အမေအေးကတော့ ပြောတယ်။ဘာဖောက်ပြန်တာလဲဆိုတာေ
၎။
အချိန်တွေသာ ကုန်သွားတယ်။အဲ့ဒီဖောက်ပြန်ရေး
၅။
မုန်တိုင်းလာပြီးတဲ့ခါ မုန်တိုင်းထပ်လာဖို့ အခြေအနေမရှိတော့တာ ဖြစ်နိုင်သလို ထပ်လာတာလည်းဖြစ်နိုင်တာပါပဲ။လူေ
၆။
အင်း
ဖောက်ပြန်ရေးသမားဆိုတာ
ဖောက်ပြန်ရေးသမားဆိုတာ ....။
ဝေမြင့်မောင်
2016 June 7
- Details
- Written by ခိုင်ခိုင်စောလွင်
- Category: ဝတ္ထုတို
- Hits: 3897
- Details
- Written by ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
- Category: ဝတ္ထုတို
- Hits: 3681
အခုတလော ရပ်ကွက်ထဲမှာ ကြက်နာကျနေတဲ့အကြောင်း သားလတ်ခေါဘူ ပြောလို့ ခေါဂေသိရတယ်။ဟုတ်မယ် မနေ့ က ခေါဂေရုံးတက်သွားရင်း လမ်းထိပ် ဒေါ်ညိုကြီးပြောတာ ခပ်သဲ့သဲ့ကြားရတယ်။ ကြက်တွေ တစ်ကောင်ပြီးတစ်ကောင်သေနေတယ်တဲ့။သားလတ်ခေါဘူက ငါးတန်းကျောင်းသား။ဒီကောင်က ကြက်ဆိုသိပ်ချစ်တာ။ကြက်မွေး ဖို့ အဆိုတင်သွင်းပြီး ယောက္ခမကြီး(သူတို့ အဘိုး)အိမ်က ကြက်မလေး ယူလာတာလည်း ဒီကောင်ပဲ။သူတို့ အမေစိမ်းယက တားသေးတယ်"အလုပ်ရှုပ်ပါတယ် မမွေးပါနဲ့ "ဆိုတော့ ဒီကောင်က မရဘူး။"သားဂရုစိုက်မှာပါ အစာလည်းသားကျွေးမယ်နော်...အမေနော် "နဲ့ ခဏခဏပူညံပူညံ လုပ်နေတော့ စိမ်းယက မရတဲ့အဆုံး ခွင့်ပြုပေးရှာတယ်။ခေါဂေက အေးဆေးပဲ။စိမ်းယ မကြိုက်မှန်းသိတော့ သူတို့ သားအမိကြားမှာ ဝင်မပါဘူး။ခေါဘူကလည်းပါးတယ် သူ့ အဖေခေါဂေ ခွင့်ပြုလို့ ဘာမှဖြစ်မလာဘူး သူ့ အမေ စိမ်းယခွင့်ပြုမှ အဆင်ပြေမယ်မှန်းသိတော့ သူ့ အမေဆီ ကပ်တာပဲ။ဒီကောင် လုပ်လိုက်လို့ မအားတဲ့ကြားက ခေါဂေ ကြက်အိမ်ဆောက်ပေးရသေးတယ်။ဘာတဲ့ ဒီကောင်ပြောတာ"အထဲမှာ ကြက်ကလေးတွေ ချောင်ချောင်ချိချိနေလို့ ရအောင် ကျယ်ကျယ်လေးဆောက်ပေးနော် အဖေ ပြီးတော့ သပ်သပ်ရပ်ရပ်လေးနော်အဖေ...သားကြက်မလေးက ကြက်ကလေးတွေအများကြီး မွေးမှာဗျ"တဲ့။ဒါနဲ့ ခေါဂေ ကြိမ်းပစ်တယ် "အေး မင်းပါ ဝင်နေလို့ ရအောင် ငါဆောက်ပေးမယ်"ဆိုတော့မှ ဒီကောင်ငြိမ်သွားတာ။
- Details
- Written by ခိုင်ခိုင်စောလွင်
- Category: ဝတ္ထုတို
- Hits: 4365
ဘန်ကောက်လေဆိပ် ကနေ " သွေးသွေး" စီးလာသည့် လေယာဉ်က ကောင်းကင်ကို ထိုးတက်ပြီး မကြာမီမှာပဲ မြန်မာပြည်ရဲ့ ပိုင်နက်ပေါ်က ဖြတ်သွားတာကို လမ်းပြမြေပုံကြည့်ရင်း ရင်ထဲ လှပ်ကနဲ ဖြစ်လေသည်။
မြန်မာပြည်နဲ့ ပတ်သက်လေတိုင်း " သွေး" ရဲ့ ရင်ထဲမှာ လှိုက်ကနဲ ဖိုကနဲ ဖြစ်ရတဲ့ ခံစားချက်တွေ မကြာခဏ ဖြစ်လို့နေလေသည်။
ဒီလို ဖြစ်တိုင်း ဖေဖေ ဦးမြင့်မိုရ်နဲ့ မေမေ ဒေါ်သီရိတို့ကို တမ်းတမ်းတတ လွမ်းဆွတ်သတိရမိသည်မှာ အတောမသတ်။
အမေရိကား ရောက်ဖို့ အချိန်အတန်ကြာ စီးရအုန်းမည်မို့ မျက်လုံးကိုမှိတ် ခန္တာကိုယ်ကို ဖြေလျှော့ထိုင်ရင်း စိတ်က ကုန်လွန်ခဲ့သည့် အချိန်တွေဆီ တားမရဆီးမရ ရောက်လေတော့သည်။