ရုပ်/သံ အနုပညာ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

လန်ဒန်မြို့ OXfam book Shop တွင်ကျင်းပသော နိုင်ငံတကာကဗျာဆရာ ၅ဦး ပါဝင်သော ကဗျာရွတ်ဆိုပွဲတွင် ကဗျာဆရာခင်အောင်အေး ၏ မပျော်ရွင်ခြင်းအရင်းကျမ်း ကဗျာရွတ်ဆိုမှုဗီဒီယို ဖြစ်ပါသည်။ 

ကဗျာဆရာဇေယျာလင်းက  အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပေးထားပြီး The Wolf ကဗျာမဂ္ဂဇင်းအယ်ဒီတာ ကဗျာဆရာ James က အင်္ဂလိပ်ဘာသာပြန်ကိုကူညီရွတ်ဆိုပေးထားပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

၁၉၉၈ခု မန္တလေးထောင်တွင်း ကာလများတွင် ပန်းချီ ထိန်လင်းမှ ဒီသီချင်းကိုရေးခဲ့ပြီး  

ဧရာဝတီ ကိုရဲနည် က ဒီသီချင်းကို သူ့စီးရီးခေါင်းစဉ်အဖြစ် သူ့မိတ်ဆွေဂီတသမားများနှင့် ၂၀၀၇ ခုမှာ တီးခတ်သီဆိုပြီး ထုတ်ဝေခဲ့ပါတယ်။

သီချင်းရဲ့ နောက်ခံဟာမိုနီ အသံကိုတော့ အဆိုတော် ပန်းချီဆရာမ ချောအိသိမ်း နဲ့ ဖရက်ဒီခင်မောင် (ခ) ကိုမျိုးမင်း တို့က အားဖြည့်သီဆိုပေးထားပါတယ်။

ယခုနိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာမှု ­အပေါ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားလုံးခံစားနိုင်ရအောင် ပြန်လည် ဖေါ်ပြလိုက်ပါတယ်။

အလင်းသစ်ပွဲတော်မှာ မိသားစုအားလုံး လွတ်လပ်ပွင့်လင်းစွာ ပျော်ရွင် နိုင်ကြပါစေ။

  စာတည်း

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 စာပေ ဟောပြောပွဲမှာ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရွတ်ဆို ဟောပြောသွားတဲ့ ရသ ကဗျာလေး တပုဒ်ပါ။ 

 

 
(ဒီမိုကရက်တစ် မြန်မာ့အသံမှ ရယူထားခြင်းဖြစ်ပါတယ်။)
Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

ကိုခင်ဝမ်းရဲ့ သိကြတဲ့ လူတိုင်း “ပန်းခရမ်းပြာ” ကို သိကြပါတယ်။

အဲဒီ ပန်းခရမ်းပြာ သီချင်းကို ဖန်တီးခဲ့သူကတော့ ကိုရဲလွင် ပါပဲ။ ရတနာမြိုင် အဆောင်က မိန်းကလေးတွေကို တင်စားရည်ညွန်းပြီး “ရတနာမြိုင် သံပြိုင်တင့်ဆန်းပွင့်နေ” ဆိုတဲ့စာသားတွေ၊ “လမ်း တံတားဖြူ နေရာလေး တေးသံလွမ်းစေကွယ်” ဆိုတဲ့ သမိုင်းဝင် တံတားဖြူ နေရာအဖွဲ့အနွဲ့လေးတွေနဲ့ ချစ်စရာ၊ လွမ်းမောစရာ၊ ကြည်နှုးစရာ တမ်းတ သတိရစရာတွေ အပြည့်နဲ့ လှပစွာ တန်ဆာဆင်ထားတဲ့ သီချင်းလေး တပုဒ်ပါပဲ။

အခုတော့ အဲဒီ သီချင်းကို ရေးစပ်သူ ကိုရဲလွင်ကိုယ်တိုင် vertical vibration တီးဝိုင်းနဲ့ အတူ သီဆို ဖျော်ဖြေထားတာကို ကောင်းကင် (နိုင်ငံပြု အနုပညာ) မဂ္ဂဇင်းမှ စာဖတ်ပရိတ်သတ်များအတွက် တင်ဆက်လိုက်ပါတယ်။

 

 

download