ရုပ်/သံ အနုပညာ
- Details
- Written by သစ္စာနီ
- Category: ရုပ်/သံ အနုပညာ
- Hits: 2947
ယခု အောက်တွင်ရှုစားရမည့် ဗီဒီယို သည် ၂၀၁၂ နိုဝင်ဘာလက စာရေးဆရာသစ္စာနီ အင်္ဂလန် နိုင်ငံသို့ ကဗျာရွတ်ပွဲ ခရီးစဉ်လာရောက်စဉ် လန်ဒန်မြို့ မြန်မာမိသားစု များနှင့် တွေ့ဆုံပွဲမှ ဟောပြောချက်များဖြစ်ပါသည်။
စာရေးဆရာသစ္စာနီ၏ ပထမဆုံးနိုင်ငံခြား ခရီးစဉ်ဖြစ်သလို ပထမဆုံး စာပေဟောပြောပွဲလည်းဖြစ်ပါသည်။
- Details
- Written by ဇေယျာလင်း
- Category: ရုပ်/သံ အနုပညာ
- Hits: 3428
ဇွန်လ ၂၆ ရက် လန်ဒန်မြို့ အိုလံပစ် အထိမ်းအမှတ် ကမ္ဘာ့ ကဗျာပွဲတော် အတွင်း မြန်မာခေတ်ပြိုင် ကဗျာဆရာဇေယျာလင်း က( မုတ်ဆိပ်တို့၏သွားရာလမ်းများ )ကဗျာကို ကဗျာဆရာ ကိုယ်တိုင် မြန်မာဘာသာရွတ်ဆိုခဲ့ပြီး ကဗျာဆရာ ကိုကိုသက်က အင်္ဂလိပ်ဘာသာပြန်ဆိုထားသည့် the Ways of The Beards ကဗျာကို လန်ဒန်အခြေစိုက် the Wolf မဂ္ဂဇင်းအယ်ဒီတာ James Byrne ကအင်္ဂလိပ်ဘာသာဖြင့် ပူးတွဲရွတ်ဆိုခဲ့ပုံကို ရုပ်သံ အနုပညာ အဖြစ်တင်ဆက်လိုက်ပါသည်။
- Details
- Written by မောင်ချောနွယ်/ဇေယျာလင်း
- Category: ရုပ်/သံ အနုပညာ
- Hits: 3166
ဇွန်လ ၁၆ ရက်ကနေ ဇူလိုင်လ ၁ ရက်ထိ လန်ဒန်မြို့ Southbank Centre မှာကျင်းပတဲ့ ကမ္ဘာ့ ကဗျာပွဲတော်ကို မြန်မာနိုင်ငံက ခေတ်ပြိုင်ကဗျာဆရာ ဇေယျာလင်း တက်ရောက်ခဲ့ပါတယ်။ ဒီကဗျာပွဲတော်ကို နိုင်ငံတကာ ကဗျာဆရာပေါင်း ၃၀၀ တက်ရောက်ခဲ့ပြီး ယူကေနိုင်ငံသမိုင်းမှာ နိုင်ငံတကာ ကဗျာဆရာ အများဆုံး တက်ရောက်ခဲ့တဲ့ အကြီးဆုံး ကဗျာပွဲတော်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ အစီအစဉ်မှာ နိုင်ငံတကာ ကဗျာဆရာတွေနဲ့အတူ အက်လီဇဘက် ဘုရာမခမ်းမမှာ ကဗျာဆရာ ဇေယျာလင်းက သူ့ရဲ့ လက်ရွေးစင် ကဗျာတချို့ကို ရွတ်ဆိုသွားခဲ့ပြီး ကဗျာရွတ်ဆိုပွဲ အပြီးမှာ နိုင်ငံပေါင်း ၂၀၀ ကျော်က ခေတ်ပြိုင် ကဗျာဆရာပေါင်း ၃၀၀ ကျော်တို့ရဲ့ ကဗျာပုဒ်ရေ တသိန်းကျော်ကို ကောင်းကင်ကနေ ဟယ်လီကော်ပတာနဲ့ နာရီဝက်ခန့်ကြာ ကဗျာမိုး ရွာချခဲ့ပြီး ကဗျာပွဲတော်ကို ဖွင့်လှစ်ခဲ့ပါတယ်။
ဇွန်လ ၁၈ ရက်နေ့မှာ ယူကေအခြေစိုက် နာမည်ကျော် The Wolf ကဗျာမဂ္ဂဇင်းရဲ့ ဆယ်နှစ်မြောက်မွေးနေ့ အခမ်းအနားကို တက်ရောက်ပြီး မြန်မာခေတ်ပြိုင်ကဗျာ ရေစီးကြောင်း အကြောင်း ဆွေးနွေးတင်ပြ ခဲ့အပြီး ကဗျာဆရာ မောင်ချောနွယ်ရဲ့ နာမည်ကျော် လူကြိုနည်းတဲ့ကောင် ကဗျာ အင်္ဂလိပ်ဘာသာပြန်ကို ရွတ်ဆိုခဲ့ပါတယ်။
ကဗျာပွဲတော်မှာကဗျာဆရာ ဖေယျာလင်း ရဲ့ ကဗျာရွတ်ဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းများထဲမှ ပထမဦးဆုံး ကဗျာဆရာ မောင်ချောနွယ်ရဲ့ လူကြိုက်နည်းတဲ့ကောင် Unpopular Chap ကဗျာရွတ်ဆိုမှုကို ပထမဦးစွာ တင်ဆက်လိုက်ပါတယ်။
စာတည်း
- Details
- Written by စာတည်း
- Category: ရုပ်/သံ အနုပညာ
- Hits: 3692
မြန်မာနိုင်ငံ သမိုင်းတလျောက်တွင် မင်္ဂလာအရှိဆုံးနေ့ ရက် အဖြစ် မှတ်တမ်းတင်အပ် ပါသည်ခင်ဗျား။
ယခု ဖေါ်ပြထားသော သီချင်း ကို ၁၉၉၈ခု မန္တလေးထောင်တွင်း ကာလများတွင် ပန်းချီ ထိန်လင်းမှ ဒီသီချင်းကိုရေးခဲ့ပြီး
ဧရာဝတီ ကိုရဲနည် က ဒီသီချင်းကို သူ့စီးရီးခေါင်းစဉ်အဖြစ် သူ့မိတ်ဆွေဂီတသမားများနှင့် ၂၀၀၇ ခုမှာ တီးခတ်သီဆိုပြီး ထုတ်ဝေခဲ့ပါတယ်။
သီချင်းရဲ့ နောက်ခံဟာမိုနီ အသံကိုတော့ အဆိုတော် ပန်းချီဆရာမ ချောအိသိမ်း နဲ့ ဖရက်ဒီခင်မောင် (ခ) ကိုမျိုးမင်း တို့က အားဖြည့်သီဆိုပေးထားပါတယ်။
ယခုနိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာမှု အပေါ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားလုံးခံစားနိုင်ရအောင် ပြန်လည် ဖေါ်ပြလိုက်ပါတယ်။
အလင်းသစ်ပွဲတော်မှာ မိသားစုအားလုံး လွတ်လပ်ပွင့်လင်းစွာ ပျော်ရွင် နိုင်ကြပါစေ။
စာတည်း