ဘဝ အတွေ့အကြုံ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

image
ဟေ့   လူ ၊ ဟေ့   လူ
        ထ   ထ
ဟေ့   လူ၊ ဟေ့   လူ
        ထ   ထ
ဟေ့   လူ၊ ဟေ့   လူ
        ထ   ထ

ခင်ဗျား လင်းသလောက်
လက်လက်ထ  မယ့်
ကောင်းကင်ကြီးတဲ့ဗျ  ။

                       ရန်လင်းအောင်
Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ဟာစရီပါးကလံချားဆွဲတယ်
ငါ့အစ်ကိုကဆိုက်ကားနင်းတယ်၊ ဒါပဲကွာတယ်
အသားကမည်းမည်း၊ မျက်လုံးက ပြူးပြူးလက်ပြင်ကုန်းကုန်း
ခြေသလုံး ကျူတံရိုးနဲ့ ငါ့အစ်ကိုမှာ
အာလောကလိုဇနီးတစ်ယောက်
မာနူးနဲ့ ရှမ်ဘူးလိုသားနှစ်ယောက်လည်းရှိ ရဲ့ ။

အသက်လေးဆယ်ကျော်မှာနား က လည်းလေးသေး
ရှေ့သွားတွေလည်းကျိုးလို့၊ ကျန်းမာရေးက ချူချာ
သုခမြို့တော်ထဲကရပ်ကွက်နဲ့တူတဲ့
ရခိုင်စုရပ်က ပြွတ်သိပ်တဲ့ အိမ်တစ်အိမ်ဘေးအဖီဆွဲ
ဝပ်ကျင်းဖွဲ့
မနက်လင်းတာနဲ့ သူ့ဆိုက်ကားပေါ်တက် ဂိတ်ထိုး
ရာဟောင်ဘူတာလိုဘူတာကိုလည်းနင်းပို့ရ
ဘရာဘဇေးဈေးလိုဈေးကိုရောက်ရ
ဆေးစပ်ဖိုကြီးတွေ ထမ်းတင်ပြီး
လက်ကိုင်ကိုလက်နှစ်ဖက်ထောက် အားကုန်မတ်ရပ်နင်း
ဆေးလိပ်ခုံတွေကိုလည်းလိုက်ပို့ရရဲ့ ။
အမျိုးမျိုးသောအထွေထွေ ခရီးသည်ကို
လိုရာအရောက်ပို့ပေးရတဲ့ ဟာစရီပါးလို ငါ့အစ်ကို . . . . .။
ဟာစရီပါးရဲ့လံချားလိုပါပဲ၊ ငါ့အစ်ကိုရဲ့ ဆိုက်ကားဟာ
ဘဲလ်မှအပအကုန်မြည်ဆိုတဲ့ ဆိုက်ကားအိုလေး
သူ့မိသားစုပါးစပ်ပေါက်တွေအတွက် ရုန်းရ
အမြဲတမ်းအဆင်ပြေတယ်ရယ်လို့ မကြားမိဘူး ။

အုံနာခမပြည့်လို့ စားစရာဆန် မရှိလို့ ဆေးကုသဖို့
သွေးနဲ့ အရိုး ၀ယ်သူမရှိကြတော့/ ရှိရင်လည်း
ရောင်းချင်ရောင်းမှာ
ရှိတဲ့ပစ္စည်းလေးအပေါင်ဆိုင်ရောက်ရ
တစ်ခါကများထမင်းချက်တဲ့ ဒန်အိုးလေးပေါင်စားခဲ့ရသတဲ့။
တစ်နေ့သား ငါ့အစ်ကို ဇနီး အာလောကလို ကုလားမ က
ငါ့လာပြောရှာရဲ့ ဟာစရီပါးလိုအစ်ကိုဟာ
အိပ်ရာကမထနိုင်တော့တဲ့
သြော် ငါက ကိုဗာစကီးလည်းမဟုတ် ဒေါက်တာမက်လည်း
မဟုတ်တော့
ပိုက်ဆံကလေးတစ်စနှစ်စပေးတာကလွဲလို့
ငါကလည်း ငါ့ဇာတ်ထုပ် နဲ့ ငါပါ အစ်ကိုရာ
သိပ်မကြာလှပါဘူး ၁-၁-၂၀၁၀ သောကြာမနက်ကြီးမှာ
ဟာစရီးပါးလို ငါ့အစ်ကိုဟာရင်ဘတ်ထဲက
အင်ဂျင်စက်ရပ်သွားပါတယ် ။ - - - - - - - -။

                               အောင်လွန်းမြိုင်


ကဗျာပါအမည်များ  “သုခမြို့တော်” မြသန်းတင့်
(ဘာသာပြန်) မှ
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
    

       ရိုင်း၏ကြောင်၏ကိစ္စမရှိဘူး
       မလွတ်လပ်တဲ့ယဉ်ကျေးမှုကိုငြင်းပယ်တယ်
       လွတ်လွတ်လပ်လပ်အရိုင်းဘဝကိုရွေးချယ်တယ်
       အသက်ကလေးခပ်ငယ်ငယ်နဲ့
       သူ့ရှင်သန်မှုဟာကြီးမြတ်တယ်
       လွတ်လပ်ရေးကိုဆောင်ကြဉ်းပေးတယ်
       မျိုးဆက်ကောင်းကိုပွားစီးခဲ့တယ်
       သန်းခြောက်ဆယ်ရဲ့ နှလုံးသည်းပွတ်မှာ
       နတ်ဒေဝါလိုရှင်ပြန်ထမြောက်ပြီ ။       ။

 

            မင်းညွန့်လှိုင်

သရုပ်ဖေါ်ပုံ KMY

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 ဘာလဲ........သူတို့ လိပ်စာလား
မောင်သင်းခို်င် မောင်ကြူးရင့် သန်းဆွေမိုး(ကလော)တို့ ကပျဉ်းမနား
ခိုင်မြဲကျော်စွာ ၊အိုအောင်တို့ က နေပြည်တော်
အောင်ချိမ့် ၊သစ္စာနီ ၊မိုးဝေး၊စိုင်းဝင်းမြင့်တို့ က ရန်ကုန်
မန္တလေးမှာ မောင်နိုင်လင်း(ကောလင်း) ၊ပိုင်စိုးဝေ၊ ထွဏ်သွေးအိမ် ၊ထွန်းလင်းသစ်
ပုသိမ်မှာ ဆလိုင်းနွေ(မင်းတပ်)
မှော်အောင်က လားရှိုး
အဂ္ဂလင်းက ပခုက္ကူ
မင်းဘူးမှာ နရနီ
ကျောက်ဆည်မှာ တင်လတ်ကို၊လင်းခါး


ဟုတ်ပါတယ်..ဒါသူတို့ လိပ်စာပါ
အထက်ပါကိစ္စများအတွက်
မျိုးတေဇာမောင် ၊အောင်နှင်းသစ် ၊သီမာဝင်း
သစ်ခါး၊မုယော ၊သစ္စာမင်းအိမ် ၊ဆလိုင်းမြတ်နိုးသူ၊မျိုးကိုတို့ အား
အထူးကျေးဇူးတင်ပါကြောင်း............
ဟုတ်ပါတယ်....ဒါကဗျာမဟုတ်တဲ့ ကဗျာပါ.........။

ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)

သရုပ်ဖေါ်ပုံ ပန်းချီစံမင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

PICTURE

 

အင့်   ဖူးက တစ်ခါမှ ဒီလို ကြင်ဖော်ရှာအင်တာနက် စာမျက်နှာမျိးတွေမှာ  

ဖူးအကောင်းတွေ မတင်ဘူးတော့ ဘယ်ကဘယ်လို စရပါ့  

ဖူးအသက်က ဆယ့်ရှစ်နှစ်  အရပ်က ငါးပေ ရှစ်လက်မ ဖူးဆံနွယ်က

သွယ်ပြော့ခွေရှည်နက်မျော  ဖူးကိုယ်လုံးကိုယ်ပေါက်ကတော့ အဝလွန်မှာစိုးလို့

ညစာရှောင်နေတာ နှစ်နဲ့ချီကြာနေပြီဆိုတော့ စင်းစင်းလေးလိုပဲပြောပါရစေရှင့်  

ဖူးက တောင်ငူသူ     ဖူး အခုစာသင်နေတာက မန်းလေးမှာ 

 

ဖူး အတွက်တော့ ယောက်ျား ဆိုတာ ဟာသဉာဏ် င်သူဖြစ်ရမယ်

ကြင်နာတတ်ရမယ်ဆိုတာက ပထမဆုံးလိုအပ်ချက်  ကိုယ်လိုရာ ကိုယ်ဆွဲ

တွေးတတ်သူ  ငါ့စကား မယားရပြောတတ်သူ အသည်းက ဇီးရွက်လောက်

ကျန်သူတွေကိုတော့ ဖူး မစဉ်းစားချင်

 

ဖူးက လူမျိးမရွေး ဘာသာမရွေးပါ  ဖူးက ကပြားဆိုတော့ လူမျိးဘာသာ

ခွဲခြားသူတွေကို ဖူးသိပ်ရွံတယ် လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေရှိတဲ့

သူတိုင်းကို ဖူးက ခင်ဖူးမင်ဖူးချင်ပါတယ်  အတွေးခေါင်လွန်းသူတွေ

သိပ်ရှုပ်ထွေးလွန်းသူတွေ ဘာသာရေးကိုင်းင်းလွန်းသူတွေတော့

ဖူးနဲ ကိုက်ဘူးထင်တယ် 

 

ဖူးက ခရီးသွား သိပ်ဝါသနာပါတာ  ငယ်ငယ်ကဆို အမေ့မပြောပဲ

ပျောက်ပျောက်သွားတတ်လို အမေက ညီးနော် တော်တော်ကဲ 

ငါထန်းခေါက်ဖာနဲလိုက်ကောက်နေရဦးမယ်လို ကိမ်းတာ ခဏခဏမို့

ထိမ်းထိမ်း ထားရတယ်   ဖူးက ညီအကိုမောငှ်မ ဆယ့်ငါးယောက်ထဲမှာ

အငယ်ဆုံးဆိုတော့ တစ်အိမ်လုံးကဝိုင်းပြီး ဖူးဖူးမတ်ထားခဲ့တာမို ဖူးက

ဖူး ဖြစ်နေတာ  ဖူးက ခေတ်ပြိုင်ဂီတကို အရမ်းစိတ်ဝင်စားတယ် တစ်လမ်းသွား

ဆိုတဲ့အဖွဲက ကောင်လေးတွေကို ဖူးသဘောကျတာ အရမ်း အရမ်း အရမ်း   

 

ဖူး ရည်ရွယ်သူဆိုရင်တော့ ဖူးကို တကယ်ချစ်ဖို့ပဲ    နာမည်ကီးစရာမလိုပါဘူး 

သူအတိုင်းအတာနဲသူရှိရင် ပြည့်စုံပါတယ်  ဖူးက ဆယ်တန်းကို လေးဘာသာ

ဂုဏ်ထူးနဲ ညချင်းပြီး ထုပ်ချင်းပေါက် အောင်ခဲ့ပေမယ့် သရဲ ကာက်တတ်လို

ဆေးကျောင်းမတက်ပဲ  မြန်မာစာနဲယူလိုက်တာ  အေးရာအေးကောင်း  

 

တကယ်တော့ ဖူးဘဝက လိုလေသေးမရှိပါ    အကိုတွေက မလေး နဲ

ဆော်ဒီမှာ အမတွေအားလုံးက စလုံး မှာလေ   ဖူးက ထန်းရည်ထွက်တဲ့ရွာမှာ

မွေးတာဆိုတော့ ဝိုင်ဖြသိပ်ကိက်  ဒါပေမယ့် ငယ်ငယ်တည်းက အဘနဲ

အကိုတွေက တောင်ငူသားတွေပီပီ ကွမ်းတပြစ်ပြစ်ဆိုတော့ ကွမ်းစားဆေးသောက်

ကျပျောက်သလောက်ပဲတန်တဲ့ နှုတ်ခမ်းတွေကို ဖူး စိတ်ကူးထဲတောင်မထည့်

 

တကယ်တော့ ဖူးက အင်တာနက်တက် ရည်းစား ရှာဖို့ မရည်ရွယ်ခဲ့ရိုးအမှန်ပါ

အော့ဖ်လိုင်းမှာတောင် ဖူးသာ မောင် ခေါ်ရင် ဗျာ ထူးပြီး ခန်းဝင်ပစ္စည်း ချက်ချင်း

ပြေးဝယ်မယ့် သူတွေ ရိုက်သတ်လို့မကုန်   ဒါပေမယ့်  ဖူးဘော်ဒါတွေအားလုံးနဲ့

အထူးသဖြင့် ကျောင်းက ကာရာအိုကေပြိုင်ပွဲ မိုဒယ်ပြိုင်ပွဲတွေမှာ ဖူးထက် နှာတဖြား

အမြဲသာသာနေတဲ့ ဖူးတို့ မေဂျာက ဖူးရဲ့ စာပြိုင်ဖက် ရီဝေမီမေမဒီသိန်းဒန်ကို

မခံချင်စိတ်နဲ့  ဒီနေ့ပဲ ဖူးအကြောင်းလေးတချို့ကို ဖူး အွန်လိုင်းပေါ် တင်လိုက်

မိတာလို့ ပွင့်လင်းမြင်သာ ဝန်ခံပါရစေ

 

အင်တာနက်ဖိုးလည်း တော်တော်ကျလောက်ပြီ  စာလည်းပြန်အံရဦးမယ်

ဖူးကို မင်ချင်တယ် ကြင်ချင်တယ်ဆိုရင် ဖူးကို ' ကြိုက် ' ဆိုတာလေးလုပ်ပေးလိုက်ပြီး

ဖူး အကြောင်းပြန်တာလေးကို သည်းခံပြီး စောင့်ပေးနော်လို့    နော်

အမှားပါရင် ကန်တော့ပါသေးရဲ့  ဦးလေး

 

မိဘ ဆရာ ရတနာသုံးပါး ဦးထိပ်ထားလျက်