ဘဝ အတွေ့အကြုံ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

h

များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်း စကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မဟုတ်တာအပထား စိတ်ထဲရှိတာ လျောက်ပြီး အချိန် မစေ့မချင်း ပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာ မဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက အကြောင်းကို ပြောမလို့ပါ။

 

ပန်းချီထိန်လင်း တယောက် သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက ဘ၀ ဆိုတော့ သစ်ကုန်ကူးတဲ့ အကြောင်းပဲ ပြောပြမှာလား၊ ကျောက်အောင်ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်း တွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်း သိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တခုခုကို ဘာလုပ်ဇာတ် ခင်းလာဦးမလဲ မသိဘူးလို့ ကြိုတင် တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံ သန်းချီချမ်းသာတဲ့ သန်းကြွယ် သူဌေးတယောက် ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေ ဆိုတဲ့ နောက်တီးနောက်တောက် သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တခါက ဘ၀လေး တခုကို ရေးပြမလို့ပါ ခင်ဗျ။ ကျွန်တော်ကိုယ်က သန်းတွေအကြောင်း မပြောခင်   သန်းရှာခြင်း ယဉ်ကျေးမှု အကြောင်း ပထမ ပွါးချင်ပါ သဗျ။

 

လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့ သန်းတွေအကြောင်း ဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။

 

ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေး ကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်ရှင် ဇာတ်ကားတွေထဲက အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့) တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊ အတင်းပါ တုပ်ကြတဲ့ပြကွက်မျိုးတွေလည်း မကြာခဏ ကြည့်ခဲ့ဘူးကြပါလိမ့်မယ်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ခင်မောင်ရင်

၁၉၆၉ . . စက်တင်ဘာလ (၁)ရက်

                             အထက်တန်းကျောင်းကြီး တကျောင်းနှင့်တူသည့် မန္တလေးတက္ကသိုလ် ပရဝုဏ်အတွင်း  နုပျိုလန်းဆန်းသည့်မောင်မယ်သစ်လွင်များ ပျော်ရွှင်စွာ သွားလာနေကြသည်။ ထိုအထဲတွင် ၁၆နှစ်သားအရွယ် ကျနော်ကလည်း ခိုင်မာမြဲမြံသည့် ခြေလှမ်းများဖြင့် ပျော်ရွှင်တက်ကြွလျက်   အရာအားလုံးသည် လှပရွှန်းသစ်နေပေသည်။

                             မန္တလေးဆေးတက္ကသိုလ်တွင် ပညာသင်ကြားရင်း စာပေဝါသနာပါသူ ကျောင်းသားခြင်း၊ ရင်ခုန်သံညှိခဲ့ကြသည်။

ထိုစဉ်က မြန်မာစာဌာနမှူးမှာ ကဗျာဆရာတယောက်ဖြစ်ပြီး ၊ စာပေအနုပညာစိတ်ဓါတ် အလွန်ပြင်းပြထက်သန်သည်။ နတ်တော်လရောက်တိုင်း မြန်မာစာဌာနနှင့် (First M.B.B.S) အသင်းကကြီးမှူး၍ စာဆိုတော်နေ့ကျင်းပသည်။ စာပေပြိုင်ပွဲ  စာပေဟောပြောပွဲ။ ညပိုင်းတွင် ကျောင်းသားကျောင်းသူများ၏ အငြိမ့်ပြဇာတ်များတီးဝိုင်းများဖြင့် ခမ်းနားကြီးကျယ်သည်။ မြန်မာစာဌာနကပင်တာဝန်ခံပြီး "မိုးသောက်ပန်း" နံရံကပ်စာစောင်ထုတ်ဝေသည်။ First M.B (Sr) ကျောင်းသားများက တာဝန်ယူစီစဉ်ရသည်။ နှစ်ကုန်လျင် မိုးသောက်ပန်းမှ လက်ရွေးစင်ကဗျာများကို ကဗျာစာအုပ် အဖြစ်ထုတ်ဝေသည်။ ကျွန်တော်ဆေးတက္ကသိုလ်ရောက်ပြီးနောက် (၂) နှစ်တွင် မန္တလေးဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း စတင်ထုတ်ဝေသည်။ စာပေဝါသနာပါသူ ကျောင်းသားကျောင်းသူ အချင်းချင်း စာပေအနုပညာလုပ်ငန်းများ လုပ်ကိုင်ရင်း  တွဲမိ၊ စုစည်းမိလာကြသည်။ ကျနော်တို့ ရှေ့တတန်းမှ မုံရွာသား ကိုကျော်ဝင်း၊ မန္တလေးသား မြန်မာစာဂုဏ်ထူးရှင် ကိုလေးထွန်း၊ ကျနော်တို့အတန်းမှ ကျနော် နှင့် ရွှေဗျိုင်း အောက်နှစ်တန်းမှ ကဗျာဆရာလေး မောင်မင်းထွေးနှင့်တင်မောင်သန်း တို့ကို ဗဟိုပြု၍ လူ (၂၀) ခန့်တွဲမိလာကြသည်။ စာပေအုပ်စုကြီးဖြစ်လာကြသည်။

                             ဒုတိယအကြိမ် မန်းဆေးတက္ကသိုလ်နှစ်လည် မဂ္ဂဇင်းတွင် ကျွန်တော် တို့တသိုက် ကျောင်းသားအယ်ဒီတာများဖြစ်လာကြသည်။ တာဝန်ခံ အယ်ဒီတာက ဆရာတဦးဖြစ်သည်။ ကျွန်တော်က ကဗျာ၊ ကိုကျော်ဝင်းက  ဝတ္ထု၊ ကိုလေးထွန်းက ဆောင်းပါး အယ်ဒီတာ ။ ကျွန်တော်တို့၏စိတ်ကူးယဉ်အိပ်မက်များကို အကောင်အထည်ဖော်ကြသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

ကဗျာဆရာ လှသန်းအထိမ်းအမှတ် ကျောက်တိုင်တစ်တိုင်ကို အမရပူရ တောင်သမာန် ဆရာတော်ကိုပညာ ကျောင်းဝင်းထဲကူ့ေ

ဆရာ တင်မိုး ကျောက်တိုင်နားမှာ စိုက်ထူပါမယ်။ ၂၀၁၁ နှစ်အကုန် နှစ်သစ်ကြိုနေ့ ဒီဇင်ဘာ ၃၁ မှာ ဆရာတော်အား ဆွမ်းဆက်

ကပ်လှူဒါန်းပြီး လှသန်းမိသားစုနဲ့ လှသန်းရဲ့ရင်းနှီးသူများ လှသန်းကို လေးစားကြသူ သူ့စာပေပရိသတ်များကို မနက်စာနဲ့ဧည့်ခံ

ကျွေးမွေးမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲ အပြီး တပါတ်အတွင်းမှာ ရန်ကုန်မှာ (နေ့စွဲ၊ အချိန်၊ နေရာ မသတ်မှတ်ရသေး) လှသန်းအထိမ်းအမှတ်

ကဗျာပွဲကလေးကိုလဲ ကျင်းပ မှာဖြစ်ပါတယ်။ ဒီပွဲအတွက် ၀ိုင်းဝန်းပံ့ပိုးဖို့ ဆန္ဒရှိသူတွေ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များနဲ့ ဆက်သွယ်

ထည့်ဝင် နိုင်ကြပါတယ်။ တစ်ဦးချင်းသီးသန့် အကြောင်းမကြားတော့ပါ။

 

သစ်ကောင်းအိမ် <This email address is being protected from spambots. You need JavaScript enabled to view it.>+၁၂၆၀ ၃၈၇ ၉၄၉၉

ထိန်လင်း  <This email address is being protected from spambots. You need JavaScript enabled to view it.>  +၄၄၇၉၀ ၆၆၀ ၇၁၉၇

အိန္ဒြာ <This email address is being protected from spambots. You need JavaScript enabled to view it.>

       +၆၅ ၉၆၄၈ ၇၆၆၇

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


hteinlin

                                         သရုပ်ဖေါ်ပန်းချီထိန်လင်း

 

၁၉၇၆- သြဂုတ်လ (၂၀) ရက်           . . နံနက် (၉) နာရီ

အင်းစိန်ထောင်ဗူးဝအနီးရှိ မူလတန်းကျောင်းကလေးတွင် ခင်းကျင်းထားသော စစ်ခုံရုံး ၊စစ်သားများ၊ ရဲများ ပျားပန်းခတ်လှုပ်ရှားနေကြသည်။ ဤစစ်ခုံရုံးတွင် ဗမာပြည်သမိုင်းတွင်ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သော သခင်စိုးကို စစ်ဆေးကြားနာပြီး သေဒဏ်ပေးခဲ့သည်။

သံဃာတော်များ  ကျောင်းသားများ အလုပ်သမားများကို မဆလ အစိုးရအားဆန့်ကျင်မှုဖြင့်  ထောင်ဒဏ် အမျိုးမျိုးချမှတ်ခဲ့သည်။

ဤစစ်ခုံရုံးတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား  အရှိုချင်းအမျိုးသား ကိုတင်မောင်ဦး ကို သေဒဏ်ချမှတ်ခဲ့သည်။

ယနေ့ ဤစစ်ခုံရုံးတွင် 

စာသင်ခန်းနံရံရှိ ကျောက်သင်ပုန်းကြီးကို ကြယ် ၁၄ ပွင့် နိုင်ငံတော်အလံသစ် ဖြန့်ကျက်ဖုံးလွှမ်းထားသည်။ အပေါ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ ဓါတ်ပုံ ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ်(၂) က  ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ဇော်သန်းစိန် ပါ(၁၀) ဦးတို့အပေါ်  ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)-၁ အရ အကျဉ်းနည်းဖြင့်ကြားနာစစ်ဆေးလျက်ရှိသည်။

တရားခွင်၏အလယ်တွင် ခုံရုံးဥက္ကဌဖြစ်သူ ဒု-ဗိုလ်မှူးကြီး ခင်မောင်ညွန့်က ထိုင်လျှက်ရှိပြီင်္း 

၎င်း၏တဖက်တချက်တွင် တပ်မတော်(လေ)နှင့် (ကြည်း) မှ ဗိုလ်မှူးနှစ်ဦးတို့ကအဖွဲ့ဝင်အဖြစ် ထိုင်လျက်ရှိကြ၏။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


            တနေ့တုန်းက ကျောင်းသားတွေကိုအင်္ဂလိပ်စာစင်ပေးရင်း ငယ်ငယ်တုန်းကစိန်ပီတာကျောင်း၊ လေးတန်းမှာသင်ဖူး၊ ကျက်ဖူးတဲ့ အင်္ဂလိပ်ကဗျာဆရာ တောမတ်စ်ဟူးဒ်(Thomas Hood)ရဲ့”မှတ်မိပါရဲ့၊ မှတ်မိပါရဲ့---” (I remember, I remember---) အစချီတဲ့ကဗျာလေးအကြောင်း ပြောဖြစ်သွားပါတယ်။ ကျောင်းတုန်းက တပုဒ်လုံးအလွတ်ကျက်ဖူးပေမဲ့ ကာလကြာမြင့်တာနဲ့မေ့ကုန်ပြီဆိုတော့  ကျောင်းသားတွေပြန်သွားတဲ့ နောက်မှာ အဲဒီကဗျာလေးကို အင်တာနက်ပေါ်မှာ ရှာပြီး ပြန်ဖတ်နေမိပါတယ်၊

                        ”မှတ်မိပါရဲ့၊ မှတ်မိပါရဲ့

                         ငါ့ကိုမွေးခဲ့တဲ့အိမ်ကလေးကိုလေ

                         နေ့ပိုင်းရောက်ရင် အခန်းထဲကို

                         နေရောင်ကပြူတစ်ပြူတစ်လုပ်တတ်တာ” စသဖြင့်အစချီထားတဲ့ ကဗျာကိုဖတ်ရင်း ကိုယ့်ငယ်စဉ်ကအိမ် ကိုပြန်စဉ်းစားမိနေပါတယ်။ ကျနော်ဆိုလိုတာက လူထုတိုက်အခုနေရာကိုမပြောင်းမီ ကျနော်တို့မိသားစုနေခဲ့၊ စာအုပ် တိုက်ဖွင့်ခဲ့တဲ့ ၀င်းလိုက်`ရုပ်ရှင်ရုံနံဘေးကတိုက်ပါ။ အသက်ကြီးတဲ့လူတွေအဖို့ ငယ်ဘ၀ကိုပြန်စဉ်းစားတာဟာ ဇိမ်တမျိုး၊ အရသာတပါးမို့ကျနော်လည်း အတွေးနယ်ချဲ့ချင်တိုင်းချဲ့ပြီး ”မှတ်မိပါရဲ့၊ မှတ်မိပါရဲ့-- ”လုပ်နေမိပါတယ်။     

 

    အငယ်ဆုံးသားဘိုညိုမမွေးခင်က လူထုမိသားစု