ဘဝ အတွေ့အကြုံ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

့htein

ငယ်ငယ်တုန်းက ကျောင်းကို ငါအတိုက်အခံလုပ်ခဲ့။
ခုလည်း ဘာထူးလဲ
အလုပ်ကို ငါအတိုက်အခံလုပ်။

ကျမ်းမာရေးနဲ့ ဘာသာရေးအလိုကျ မှန်မှန်ကန်ကန်ပြုမူနေထိုင်ရခြင်းကိုတော့
အားလုံးထက် ငါအမုန်းဆုံး။
ကျမ်းမာရေးနဲ့ ရိုးသားမှုထက်ပိုပြီး
လူကိုရက်စက်တာ လောကမှာဘာမှမရှိ။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
Picture

လမ်းဘေးဓာတ်တိုင်က မီးရောင်တွေ

မျက်စေ့ထဲ တရိပ်ရိပ်နဲ့ ပြေးဝင်လာမှ၊

ကျနော့အတွေးတွေ ရပ်ပြီး သတိပြန်ကပ်လာတယ်။မကြာခဏ

ဒီအဝေးပြေးလမ်းကနေ သွားနေကျဆိုတော့ ဘယ်နေရာ

ရောက်နေပြီဆိုတာကို မှတ်မိနေတယ်။ အခုကျနော့ကို

ဖမ်းချုပ်လာတဲ့ စစ်ကားတွေ၊ ပါလဲမြို့ (Palel) ကိုဖြတ်နေတာ ဖြစ်တယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 picture

၁၉၇၆ မတ်လ (၂၃)ရက်နေ့တွင်ကား တနိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ်များနှင့် G.T.I များ သပိတ်မှောက်ကြတော့သည်။ R.I.T ကျောင်းသား ကဗျာဆရာများဖြစ်ကြသော မောင်မှိုင်းလွင် (အင်းဝ) [တင်အေးကြူ] ၊ ဝင်းမင်းထွေး [အမရပူရ] နှင့် ဘုန်းနွယ်လင်းတို့က ကိုတင်မောင်ဦး၏ ညီမ ဆယ်တန်းကျောင်းသူ မလှမြိုင် (ခ) မိုင်ပိုပိုဒင် နှင့် အတူ R.I.T နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် တိုက်ပွဲစတင်ကာ တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများနှင့် ပြည်သူများကို ဦးဆောင်ကာ မှိုင်းဂူသို့ ငြိမ်းချမ်းစွာ ချီတက်၍ဂါရဝပြုကြသည်။ မှိုင်းဂူ၌ ဂါရဝ ငြိမ်းချမ်းရေးမိန့်ခွန်းကို ကိုမောင်မှိုင်းလွင်က ဟောပြောပြီး အပြန်တွင် ကျောင်းသားအခွင့်အရေး တောင်းဆိုမှုနှင့် ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတွင် ကြွေးကြော်သံများဖြင့် ဆန္ဒပြကြသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 ထလ

သြဂုတ်လဆန်းပိုင်းတွင်... မနက်စာစားပြီး ကျနော်တို့အားလုံးကို ခေါ်ထုတ်ကာ စောင်အုပ်ပြီး ရုံးခန်းရှေ့တွင် ထိုင်ခိုင်းထားသည်။ နာမည်တော်တော်များများ ခေါ်သံကြား၍ထဟုဆိုကာခေါ်သွားသည်။ လူ (၃၀)ကျော်ခန့် ခေါ်သံကြားအပြီးတွင် ကျနော့်နာမည်ခေါ်သည်။ စောင်အုပ်လျက်မှ ဆွဲခေါ်ရာသို့ အတော်ကြာကြာလိုက်ပါသွားရသည်။ ကျနော့်ရှေ့မှခြေထောက်များကိုလည်းတွေ့ရသည်။ စောင်ဖွင့်လိုက်သည့်အခါ တိုက်ခန်းရှည်ကြီးတခုရှေ့ရောက်နေသည်။ သံတံခါးဖွင့်ပေးပြီး တိုက်ခန်းထဲသို့ ကျနော်ဝင်လိုက်တော့ အခန်းထဲမှာ နှစ်ယောက်ရှိနေသည်။ အခန်းမှာ ၈' ခန့်ကျယ်ပြီး ၁၂' ခန့်ရှည်သည်။ ယခင်က သမံတလင်းခင်းထားသော်လည်း ယခုကွာပြီး မြေသားများပေါ်နေသည်။ ကြွက်တွင်းများလည်း အများအပြားတွေ့ရသည်။တဖက်နံရံတွင် ၂' x ၆' ခန့်သစ်သား ပျဉ်ချပ်ရှည်တခုခင်းထားသည်။ နံရံအင်္ဂတေများ လန်ကာ မဲညစ်နေသည်။ အခန်းထောင့်တွင် အညစ်အကြေးသွားရန် ဂန်ဖလားဟုခေါ်သော စဥ့်အင်တုံ နှစ်လုံးရှိသည်။ စုတ်ပြဲနေသော ဖျာကြမ်းဟောင်းတချပ်ကို လိပ်ကာ ထောင်ထားသည်။ ၎င်းမှာ ညတွင်ခင်းအိပ်နိုင်ရန်ဖြစ်သည်။ ညစ်ပတ်သောအခန်းအခြေအနေကိုကြည့်၍ ကျနော်အတော်စိတ်ပျက်သွားမိသည်။ တိုက်သစ်မှာ ဤအခန်းနှင့်စာလျင် များစွာသန့်ရှင်းသည်ဟုဆိုရပေမည်။ အဝင်သံတံခါးမကြီးဘေးတွင် ဆီးသွားရန် စဉ့်အိုးကြီးတလုံးချထားသည်။ မတ်တပ်ရပ်၍ သံတိုင်ကြားမှဆီးသွားရသည်။ ကျင်ကြီးသွားလိုလျင် ဖျာစများကိုချိုး၍ဖြစ်စေ၊ မိမိအဝတ်စကိုဖြဲ၍ဖြစ်စေသုံးရသည်။

                             အခန်းထဲမှာ ညဆိုလျင် (၆၀) ၀ပ်တ် မီးလုံးရှိသည်။ ဤမီးလုံးသည် ကျနော်တို့အတွက် မီးခြစ်လည်း ဖြစ်ပါသည်။ မီးလုံးရှိရာသို့ လူနှစ်ယောက်ဆင့်တက်ပြီး ရေစွပ်ထားသော စွပ်ကျယ်စကို မီးလုံးတွင်ကပ်ထားရသည်။ ခဏကြာလျင်ညှော်နံ့ထွက်၍ စွပ်ကြယ်စ မီးစွဲလျင် လွှတ်ချပြီး ပါးစပ်ဖြင့် မီးမသေအောင်မှုတ်ကာ ဆေးလိပ်မီးညှိရသည်။ ဤတိုက်တွင်ကောင်းသည့်အချက်မှာ တခန်းနှင့်တခန်းစကားလှမ်းပြော၍ရခြင်းနှင့်ရေချိုးထွက်ချိန်တွင် တခန်းနှင့်တခန်းတွေ့ရခြင်းပင်ဖြစ်သည်။ အခန်းများ၏ရှေ့တွင်တိုက်ဝင်း အုတ်တံတိုင်းရှိပြီး၊ နှစ်ပရိစ္ဆေဒကြာပြီဖြစ်သဖြင့် ညိုပုတ်ပုတ်ဖြစ်နေသည်။ အလယ်ခေါင်လောက်တွင် အဝင်အထွက်သွပ်ပြားတံခါးရှိသည်။ ထောင့်တနေရာတွင် သွပ်ပြားကာထားသည့် အုတ်ရေကန်ရှိသည်။ ရေကန်သို့ တခန်းစီရေချိုးထွက်ချိန်တွင် တယောက်နှင့်တယောက်မြင်ရသည်။ စောင့်သည့်အပြာဝတ် အကျဉ်းသားကောင်းလျင်၊ အခန်းများသို့ပြေးနှုတ်ဆက်ခွင့်ရသည်။ ဤတိုက်မှာ အမှတ် (၄) တိုက်ဖြစ်ပြီး အခန်းပေါင်း (၂၅) ခန်းရှိကာ ကျနော်တို့ဘက်မှ (၁၀)ခန်းကို ကန့်ထားပြီး ၄ (တို)ဟုခေါ်သည်။ တဖက် (၁၅)ခန်းကို ၄ (ရှည်) ဟုခေါ်သည်။ မျက်နှာခြင်းဆိုင်တွင် သစ်သားကြမ်းခင်းရှိသည့် အမှတ် (၅) တိုက်ရှိသည်။ ၅ တိုက် နံဘေးတွင် ကြိုးစင်ရှိသည်။ ဤ (၄) တိုက် (၅) တိုက်တို့မှာ အင်္ဂလိပ်ခေတ်က ကြိုးတိုက်များဖြစ်သည်။ ကြိုးသမားကို တရက်တခန်းရွှေ့ကာ နောက်ဆုံးညတွင် ကြိုးစင်နံဘေးအခန်း၌ထားသည်ဟုသိရ၏။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
Pictureသမိုင်းအဓိက နောက်ဆုံးနှစ်ကျောင်းသား "မိုးဝေစော" (တောင်ကြီး)က အဖွင့်မိန့်ခွန်းပြောသည်။ ကျောင်းသားများက တခဲနက်လက်ခုပ်သြဘာပေးကြသည်။ ထိုစဉ်ပါမောက္ခချုပ် ဦးကျော်မြင့်ရောက်လာသည်။ သူက ယောလုံချီ အနီကွက်တုံးပင်နီတိုက်ပုံဝတ်ထားပြီး လွယ်အိတ်လွယ်ထားသည်။ ဆရာက တင်းမာခက်ထန်စွာဖြင့် "ဟေ့ . .  မင်းတို့ဘာလုပ်နေတာလဲ၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး စာမေးပွဲနီးကျပြီ သွားစာပြန်ကျက်ကြ"  ဟု ဟိန်းဟောက်လိုက်ရာ ကျောင်းသားများ ငြိမ်ကျသွားသည်။ ကျနော်တို့အားလုံး ဘာလုပ်ရမှန်း မသိအောင်ဖြစ်နေစဉ်တွင် ကျောင်းသားတဦးက ရုတ်တရက်ထပြီး " ဒါ ကျနော်တို့အလုပ် ကျနော်တို့လုပ်တာဘဲ။ ဆရာကြီးနဲ့မဆိုင်ပါဘူး" ဟု  တုံ့ပြန်လိုက်စဉ် အခြားကျောင်းသားတဦးက..........