ဘဝ အတွေ့အကြုံ
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
အခန်း(၁) ကဗျာမိတ်ဆက်နှင့်အမှာ
အခန်း(၂)ကဗျာဟာအသက်ရှင်နေသော ဘုရားတစ်ဆူ
အခန်း(၃)ကဗျာဟာ အသံထွက်အနုပညာတစ်ခုဖြစ်ခြင်း
အခန်း(၄)ကဗျာနှင့်လူ့ လောက
အခန်း(၅)ကဗျာ့သမိုင်းနှင့်တောင်
လှန်ရေး
အခန်း(၆)ကဗျာလောကနှင့်သိကောင်းစရာများ
အခန်း(၇)ကဗျာတစ်ပုဒ်ကိုခံစားဝေဖန်ကြည့်ခြင်း
အခန်း(၈)ကဗျာလောကတွင် ကဗျာဆရာအစစ်များနှင့်အတုအယောင်များ
အခန်း(၉)ကဗျာလောကမှေးမှိန်ရာမှပြန်လည်တောက်ပလာပုံ
အခန်း(၁၀)ကဗျာဆရာနှင့်သွင်ပြင်လက္ခဏာများ
အခန်း(၁၁)ကဗျာ့သမဂ္ဂ နှင့်ကဗျာဆရာများ
အခန်း(၁၃)ကဗျာပုံစံအမျိုးမျိုးနှင့်ခေတ်ပေါ်အရေးအသားများ
အခန်း(၁၄)ကဗျာဆိုသည်မှာနှင့်ရှေးကျနေသောအတွေးအခေါ်များ
အခန်း(၁၅)ခေတ်ကိုကျော်လွန်နေသောကဗျာများနှင့်ကဗျာဆရာများ
အခန်း(၁၇)ကဗျာလောကတွင်ဖြစ်ပေါ်နေသော ကဗျာ့တရားများ
အခန်း(၁၈)အောင်မြင်မှုရရှိနေသောကဗျာများ
အခန်း(၁၉)ကဗျာဆရာများဆင်းရဲနေခြင်း
အခန်း(၂၀)နိုင်ငံတော်ကိုသစ္စာစောင့်သိသောကဗျာများ
အခန်း(၂၁)ကဗျာလောကနှင့်ဖြစ်နိုင်ချေရှိသော အလားအလာများ
 ကဗျာသင်ရိုးအမှတ်(PPY 2013)ဤတွင်ပြီးဆုံး၏။
                         ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
     သရုပ်ဖေါ်ဓါတ်ပုံ ထိန်လင်း 
၂၀၁၁ ခု လန်ဒန်မြို့တွင်ပြသာခဲ့သောသည်မော်နိုင်၏ အင်စတော်လေးရှင်း အနုပညာ ကို ရိုက်ကူးသည်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
  မကန
   တောင်ကုန်းလေး၏ခြေရင်းရှိ ဗရင်ဂျီကျောင်းဝင်းအတွင်း၌ တည်ရှိသောကြောင့် အ.လ.က(၂)ကျောင်းကို ဗရင်ဂျီကျောင်း ဟုသာခေါ်ဝေါ်ကြသည်။ ကျွန်တော် ဗရင်ဂျီကျောင်းတွင် သုံးတန်းအောင်ပြီးနောက် လေးတန်းကို ရန်ကုန်ရှိအမေကြီးတို့ အိမ်နှင့်သိပ်မဝေးသော ဦးနောခရစ်ယာန်ဘုရားရှိခိုးကျောင်းဘေးရှိ အ.မ.က(၁)လသာတွင် ဆက်တက်ရသည်။ အမေကြီး တို့အိမ်မှာ ဝိုင်းကူလုပ်ပေးနေသောမောင်ငယ်က ကျွန်တော့်ကို နေ့စဉ်ကျောင်းလိုက်ပို့ပေးသည်။ ထိုစဉ်က လေးတန်း အတန်းပိုင် ဆရာမဒေါ်ခင်ဌေး၏အခန်းတွင်သင်ရ၏။ တစ်နေ့ ဆရာမက ကျွန်တော့်ကော်ဖီဓာတ်ဘူးသေးသေးလေးထဲမှ ဓာတ်ဘူးအဖုံးဖြင့် ကော်ဖီတစ်ခွက်(တစ်ဖုံး)ယူမြည်းကြည့်ကာ “ကောင်းလိုက်တာ၊ ဘယ်သူဖျော်ပေးတာလဲ” ဟု မေးလိုက် သည့်နေ့မှစ၍ အမေကြီးသည် ဆရာမသောက်ရန်အတွက် ဓာတ်ဘူးလေးနှင့်အပြည့် နေ့တိုင်းကော်ဖီဖျော်ထည့်ပေးလေ တော့သည်။
    အဲသည်နှစ်က လေးတန်းပထမအစမ်းစာမေးပွဲ၌ အဆင့်တစ်ကို ကျွန်တော်တို့အတန်းထဲမှ ကောင်မလေးသုံး ယောက်က ပူးတွဲရယူခဲ့သည်။ သူတို့သုံးယောက်ထဲမှ အသားဖွေးဖွေး ပါးဖောင်းဖောင်းနှင့် နဖူးပေါ်မှဆံစများကိုသပ်တင် ကာ ကလစ်တစ်ချောင်းအမြဲထိုးထားတတ်သော သန္တာဝင်းဆိုသည့်ကောင်မလေးကို ဘာကြောင့်မှန်းမသိဘဲ သဘောကျ နေမိ၏။ သို့သော် လေးတန်းနှစ်တစ်နှစ်လုံးသာပြီးဆုံးသွားသည်၊ သူမနှင့်ကျွန်တော် စကားတစ်ခွန်းပင် မပြောဖူးခဲ့။
ကျွန်တော်တို့အတန်းထဲတွင် နွယ်နီထွန်းဟုခေါ်သော ယောက်ျားစိတ်ဝင်နေသည့် ကောင်မလေးတစ်ယောက်လည်းရှိ သည်။အခြားမိန်းကလေးများကဲ့သို့ ကျောင်းစိမ်းစကတ်မဝတ်ဘဲ အမြဲလိုလို ကျောင်းစိမ်းဘောင်းဘီရှည်ကိုသာ ဝတ်လာ လေ့ရှိသည်။ တစ်ခါက သူနှင့်ကျွန်တော် အတန်းရှေ့ထွက်ပြီး သိုင်းချတမ်းကစားရာ အတန်းပိုင်ဆရာမမြင်သွားပြီး နှစ်ယောက်စလုံးကို ကြိမ်လုံးစာကျွေးပါသည်။ နွယ်နီထွန်းကိုတော့ မိန်းကလေးတန်မဲ့ ယောက်ျားလေးနှင့်အပြိုင်ကဲသော ကြောင့် ဆရာမက ကြိမ်စာတစ်ချက်ပိုဆော်ခဲ့၏။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
htein lin
ဟိုတစ်နေ့က ပါရီမှာ နာအိုမီ ကန်ဘဲ အလုခံရာကနေ ရိုက်နှက်သွားလို့ ဒါဏ်ရာ အကြီးအကျယ်ရသွားတဲ့ အကြောင်း သတင်းမှာ ဖတ်လိုက်ရလို့ ပါရီမြို့ အကြောင်းစဉ်းစားနေမိသေးတယ်။ ကျွန်တော် ပါရီကို တစ်ယောက်ထဲ ခရီးသွားတိုင်း စိတ်ထဲမှာ လုံခြုံတယ်လို့ မခံစားရဘူး။ ခါးပိုက်နှိုက် အုပ်စုတွေ သောင်ကျန်းတယ်လို့ နာမည်ကြီးတဲ့ ပါရီမှာ ကိုယ်ကိုယ်တိုင်လည်း ခါးပိုက်နှိုက်ခံရခါနီးပါး ကြုံတွေ့ဖူးတော့ ပါရီကို ကျွန်တော် အမြဲတမ်း သတိထားသွားတယ်။
လန်ဒန်ကိုတော့ ကျွန်တော် တော်တော်လေး စိတ်ချတယ်။ လန်ဒန်က ပိုပြီး လုံခြုံလို့လည်း မဟုတ်ဘူး။ ကိုယ်နေတာကြာလို့ တဖြေးဖြေး စိတ်ချသွားတာ။ ညဘက်တွေဆိုလည်း တစ်နာရီ၊ နှစ် နာရီ တစ်ယောက်ထဲ လမ်းလျှောက်နေကြ။ ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ် မဖြစ်အောင် လျှောင်နိုင်၊ တိမ်းနိုင်မယ်လို့ ထင်တာလည်းပါတာပေါ့။ ဒီနေ့မှ ဘဝမှာ ပထမဦးဆုံးအကြိမ် အနုကြမ်း အစီးခံရတယ်။ အိမ်နဲ့ ငါးမိနစ်/ဆယ်မိနစ် လောက် လျှောက်ရတဲ့ ဘတ်(စ)ကားပြေးတဲ့ လမ်းမပေါ်မှာ နေ့ခင်းကြောင်တောင် အနုကြမ်း စီးတာ။ အမဲကောင်လေး ၆ ယောက်၊ ၇ ယောက်လောက်ပဲ။ အသက်တွေက ၁၆ က ၂၀ လောက်ပဲရှိမယ်။ ကျွန်တော့ကို မြင်တော့ လမ်းတစ်ဖက်က ကူးလာတယ်။ ကိုယ့်ကို မြင်လို့ ကူးလာတယ်ထင်လို့ ဆေးလိပ်တောင် မသောက်တော့ပဲ မသိမသာ အိပ်ထဲပြန်ထည့်ထားလိုက်တယ်။ ဒီမှာ လူငယ်တွေက လမ်းမှာ ဆေးလိပ်တောင်းသောက်လေ့ရှိတယ်။ သူတို့ အသက်ပြည့်လား၊ မပြည့်လားမသိတော့ သွားတိုက်လိုက်မိရင် ကိုယ့်အပြစ်ဖြစ်မှာဆိုတော့ ပြသနာမဖြစ်ချင်။ သူတို့မှာ ဒီထက်ပိုကောင်းတဲ့ အကြံရှိတာကိုယ်က မသိလိုက်ဘူး။ သူတို့ ကျွန်တော့ကို ဝိုင်းလိုက်တဲ့ အချိန်မှာ အသိက နောက်ကျသွားပြီ။ ဒီကောင်တွေက ကွတ်တိပဲ သစ်ပင်ကြီးကြီး တစ်ပင်အောက်မှာပဲ ဝိုင်းလိုက်ပြီး မသိရင် သူငယ်ချင်းတွေ ရပ် ပြီး စကားပြောနေတဲ့ ပုံစံ နဲ့ ဝိုင်းထားလိုက်တယ်။ လူတွေက အကုန် ခေါင်းစွတ်တွေ ခပ်ငိုက်ငိုက် ဆောင်းထားတယ်။ လက်တွေက အားလုံး အပေါ်အကျီင်္ထဲ ထည့်ထားတယ်။ဒါဆို ဓား ပါတယ် သဘောပေါက်။ ကျွန်တော်နဲ့ အရပ်ချင်း ရွယ်တူလောက်က ယဉ်ယဉ်ကျေးကျေးပဲ "ဘော့ မင်းဖုန်းငါ့ပေးပါတဲ့"။ ကျွန်တော်တို့ မြန်မာတွေကို ဒီလိုမျိုး လာကြောလို့ ဘယ်ရမလဲ၊ တခါထဲ အရူးကွက် နင်းလိုက်တာပေါ့။ မကြားသလိုလို၊ နားမလည် သလိုလိုနဲ့ အနီးအနား ရဲကားများဖြတ်မလား အချိန်ဆွဲကြည့်တယ်။ နောက်က တစ်ယောက်က လှမ်းပြောတယ် အသားမနာချင်ပါနဲ့တဲ့။ ရှေ့တည့်တည့်က နောက်တစ်ယောက်က ငါတစ်ကနေသုံးအထိ ရီမယ်ဆိုပြီး စတွက်တယ်။ သုံး မရောက်ခင်မှာ ကျွန်တော့လက်က လျှင်မြန်စွာပဲ အိပ်ထဲက ဖုန်းကို နှိုက်ပြီး ပေးလိုက်တယ်။ ဒါမျိုးတော့ လာစမ်းလို့ မရဘူး။ မတရားမှုကို မကြိုက်လည်း ခုနှစ်ယောက်၊ တစ်ယောက်ချရအောင် ကိုယ်က ဂျက်ကီချမ်းမဟုတ်ဘူး။ ဒီဖုန်းပေးရတော့မယ်ဆိုတာ သိကထဲက အိမ်က ဖုန်းအစုတ်လေး ခေါင်းထဲပြန်မြင်ပြီးသား။ ကိုယ်က အာမခံလည်း မထားတော့ ဖုန်းက ပြန်ရဖို့မရှိ။ တောဘုရင် ခြသေ့င်္တောင် ခွေးအအအုပ်နဲ့တွေ့ရင် နောက်ဆုတ်ရသေးတာပဲလို့ မှတ်တယ်။ သကောင့်သားတွေက ဖုန်းနဲ့ မပြီးဘူး။ ပိုက်ဆံအိတ် ထုတ်ခိုင်းတယ်။ ကိုယ့်အိပ်တွေကို နှိုက်မယ် ပြုမယ်လုပ်လာတဲ့။ ကျွန်တော်ကလည်း ဒီနေ့မှ ပိုက်ဆံ ပေး စရာရှိလို့ လက်ထဲမှာ ၁၄၀ လောက်ပါလာတယ်။ ဒါတောင် ဘဏ်ကစက်မှာ ငွေသွားထုတ်ဖို့သွားတာ။ ပိုက်ဆံပါလာတာကို မေ့နေတာ။ မတတ်နိုင်ဘူး။ ဒီကောင်တွေကို နည်းနည်းတော့ တန်အောင် ဟောက်မယ်ဆိုပြီး "ငါ့ကို မထိနဲ့လို့၊ မင်းတို့ ပိုက်ဆံရရင် ပြီးရောမှတ်လားဆိုပြီး ပိုက်ဆံအိပ်ကို ဖွင့်ပေးလိုက်တယ်။ ဒီကောင်တွေကလည်း ပိုက်ဆံတွေ အကုန်ဆွဲထုတ်သွားတယ်။ ပိုက်ဆံအိတ်တော့ မယူသွားဘူး။ အရေးထဲ ပိုက်ဆံနဲ့ ညပ်ပြီး တစ်ပေါင်တန် ထီလက်မှတ်ပါသွားတယ်။ ထီသာပေါက်ချင်တာ ထီထိုးရမှာ ပျင်းလို့ ရှားရှားပါးပါး ဝယ်ပြီး မတိုက်ဖြစ်တဲ့ လက်မှတ် ပေါက်သွားရင်တော့ ကိုယ်ကျိုးနဲဦးမှာ။ ပြန်တောင်းမလို့ နောက်မှ အိပ်ထဲမှာ လပ်တော့ ပါတာ သွားသတိရသွားလို့ ချက်ချင်း ထွက်လာခဲ့တယ်။ ဒီကောင်တွေကလည်း ပိုက်ဆံ အဲလောက်ရမယ် မထင်လို့ ဝမ်းသာနေလားမသိ၊ ဒိုးသွားတယ်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 san min
 ကျွန်တော်တို့နှစ်ယောက်ကို မန္တလေးမှ ရန်ကုန်သို့ တာဝန်ယူပြီး ခေါ် လာခဲ့သောပုဂ္ဂိုလ် ငှားလာသည့် အငှား ကားသည် အင်းယားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းဆုံမှ အင်းယားလမ်းအတိုင်း ဆက်မောင်းလာသည်။ ဒီဝန်းကျင်ရောက် လာတော့ ကြည့်မိသည်။ မြင်ကွင်းတွေက တရိပ်ရိပ် ကျန်ရစ်ခဲ့ပြန်၏။ တရိပ်ရိပ် ကျန်ရစ်သော မြင်ကွင်းတွေနှင့် ဆန့်ကျင် စွာပင် စိတ်က ထပ်၍ထပ်၍ မြင်နေရ သော မြင်ကွင်းသစ်တွေဆီ ဖျပ်ခနဲ ဖျပ်ခနဲ ကပ်ငြိသွားလိုက်၊ နောက်တစ်ခုကို မြင်လိုက်၊ ထပ်၍ ကပ်ငြိသွားလိုက်။ ““ဒါဟာ ရန်ကုန်တက္ကသိုလ်နယ်မြေပဲ။ ငါ ကိုယ်တိုင် ဆယ်နှစ်ဆယ်မိုး ကျင်လည်ခဲ့ တဲ့ နေရာဝန်းကျင်ပဲ။ ငါနဲ့ ဆယ်လေးနှစ် လောက်ဝေးကွာခဲ့တဲ့နေရာပဲ”” အတွေးက အုပ်ဆိုင်းညို့မှိုင်းနေသော သစ်ပင်ရိပ်တွေ ကြားထဲမှ တက္ကသိုလ်ဝင်းကြီးကို မျက်စိနှင့် အတူ လိုက်ပါငေးမျောနေမိသည်။ ရတနာ ဆောင်၊ အင်းလျားဆောင်တွေဆီ မြင်ရ သည်။ ကားပေါ်ထိုင်နေရင်း ညာဘက်ဆီ လှမ်းကြည့်မိတော့ ဂန္တ၀င်အင်းယားကန် ကြီး၏ရေပြင်ကို လှမ်းမြင်နေရသည်။ ကားက အရှိန်ဖြင့်မောင်းနေတုန်း။ ဟိုတုန်း က ခုံပုလေးတွေခင်းပြီးရောင်းသော အကြော်ဆိုင်လေးတွေ နေရာဝန်းကျင်မှာ ဈေးဆိုင်တန်းအသစ်တွေရှိနေတာကို လှမ်း မြင်ရပြန်သည်။ ကျွန်တော့်ဘေးမှာ ငြိမ် သက်စွာထိုင်ပြီးပါလာသော ကိုဇော်မင်း ကတော့ ဒီအကြော်ဆိုင်နေရာဟောင်း တွေကို လှမ်းမြင်ချိန်တွင် အတိတ်က ချစ်အရိပ်တွေကို ပြန်သတိရနေမည် လား။ ဆရာဝန်ပေါက်စနှင့် မဟာသိပ္ဗံ ကျောင်းသူတို့၏ အတိတ်ကဇာတ်လမ်းထဲ တွင် အင်းလျားကန်စပ်နားက အကြော် ဆိုင်မှာ လာထိုင်တတ်သော ဇာတ်ကွက် လည်းပါသည်။ သူ့ကျန်းမာရေးကြောင့် ဒီအတိတ်ကို သတိရနိုင်ပါ့မလားဟု လှမ်း တွေးမိချိန်တွင် ငါတောင် သတိရလိုက် သေးတာ သူလည်း သတိရမှာပါဟူသော စိတ်က ဖျတ်ခနဲဖြစ်သည်။ ကားက အင်းယားလမ်းမှ ပြည်လမ်းပေါ်သို့အကွေ့ တွင် မြင်လိုက်ရသော အင်းယားကန် ဘောင်ဘက်ခြမ်းဆီက မြင်ကွင်းမှာ ဟိုတုန်းက အရိပ်အယောင်တွေ လုံးဝ မကျန်ရစ်တော့သော မြင်ကွင်းသစ်ဖြစ်နေ လေပြီ။ တံတားဖြူဟုခေါ်သော နေရာမှာ လှေခါးဖြူဖြူလည်း မတွေ့ရတော့။ သစ်ပင်တွေ၊ မြက်ခင်းတွေ၊ ကန်ဘောင်နှင့် အပြိုင် လမ်းကလေးတွေနှင့် ကြည့် ကောင်းရှုကောင်းအောင် ပြင်ဆင်ထား သည်။ ဤမြင်ကွင်းကိုကြည့်ရင်း ဒီဘက်က ခရမ်းပြာအဆောင်၊ ဒီဘက်ခြမ်းက လှေခါးအဖြူ၊ ဟိုဘက်နားက မြမေတ္တာ လက်ဖက်ရည်ဆိုင်၊ ပြီးတော့ အတိတ်များ အရိပ်များ...။ အငှားကားက ပြည်လမ်း အတိုင်း ဆက်မောင်းလာသည်။ အတိတ် တွေနှင့် ပစ္စုပ္ဗာန်က ရုန်းရင်းဆန်ခတ်။ အဲဒီနေ့က ၂၀၀၃၊ ဧပြီ ၃၀၊ ဗုဒ္ဒဟူးနေ့။ ရန်ကုန်မြေပေါ်သို့ ပြန်လည်ခြေချလိုက် သောနေ့။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
                sitt nyein aye
                      ငါတို့ နိုင်ပြီဆိုပြီး
                      ငါတို့က, ကြ ။
                     ဆယ်နှစ်တစ်ခါ
                     အနှစ် နှစ်ဆယ် ဆိုသလိုမှာ တစ်ခါစီ
                     ငါတို့ တစုတဝေးကြီး က, ကြ။
                     ငါတို့ဟာ
                    ငါတို့ရှုံးနေမှန်း မသိစိတ်က
                    ကြိတ်ပြီး လက္ခံနေရတဲ့ ခံစားချက်နဲ့
                    ငါတို့ မျက်စေ့တွေကို ငါတို့
                    နေ့တိုင်း တို့သုတ်ကြ။    ။
                      ခင်အောင်အေး
                     ၁၇၊ ဒီဇင်ဘာ၊ ၂၀၁၂  ချေလ်တန်ဂရို့ဗ်၊ လန်ဒန်  ၁၉း၀၄ နာရီ
                    ကဗျာသရုပ်ဖေါ်ပန်းချီကားပန်းချီစစ်ငြိမ်းအေး
                    ပန်းချီကားအမည်..အမှောင်ထဲမှာတော့ကြောင်တိုင်းအနက်