Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

 

ကိုရင်မောင်ရေ

 

ကျုပ်တော့ ခုတလော “အငြိမ့်လွမ်းနာ” ကျနေတယ်ဗျာ။ စိတ်ထဲ ပျံလွန်တော်မူသွားတဲ့ ရွာဦးကျောင်း ဆရာတော်ကြီးတောင် သတိရမိသေးတော့။ မှတ်မိသေးလား။ ဆရာတော်ကြီးရှိတုန်းကများဆို  ရွာမှာ ပွဲလေးလမ်းလေးများ တခုခုပေါ်လို့ သွား လျှောက်တိုင်း “အိမ်း - အငြိမ့်လေးတော့ သွင်းကွာ” လို့ မိန့်တတ်တာလေ။ ကျုပ်နဲ့များ အစေးကပ်ပါ့။ “အရှင်ဘုရား - ဒီတစ်ခေါက်တော့ “ဆောင်း” မင်းသမီးလေး ဝင်းဝင်းအေးရဲ့ “ဆောင်း” အငြိမ့်ဆို ကောင်းမယ်ဘုရာ့” ဘာညာနဲ့ မိချောင်းမင်း ရေခင်းပြ သွားသွားလုပ်ရတာ အမော။ တကယ်က သူက ကျုပ်ထက်တောင် ပါးသေး။ လှစ်လှစ်လေးရယ်။ ဒါပေသိ “ ဟေ့ - တကာတို့၊ ဟိုတယောက်ကတော့ ပြောနေပါလား။ “ဆောင်း” အငြိမ့် ကောင်းမယ်ဆိုဘဲ” ဒီလိုသာမိန့် အများ ညီညီ၊ မညီညီ ဒီတချီတော့ “ဆောင်း” သာငှားလိုက်ပေရော့။ အငြိမ့်ဆို ကျုပ် အသေအလဲကြိုက်တာ ခင်ဗျားလည်းအသိသား။

 

a nyein