User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
 
လည်​ဆံ​မွေးတဖွားဖွား
ခွာအစုံတ​မြောက်​​မြောက်
ဇက်​သတ်​ထားတဲ့တိုက်​မြင်း ။

အသစ်​စက်​စက်
ဂျင်း​ဘောင်းဘီ ဒူး​ခေါင်းအပြဲ ။

တိတိကျကျ
ဒရမ်​ရိုက်​ချက်​များနဲ့
ရော့ခ်​သီချင်းများ ။

မပစ်​​ဖောက်​ရ​သေးတဲ့​သေနတ်​များ
မခူးဆွတ်​ရ​သေးတဲ့နှင်းဆီပန်း ။

ဓားအိမ်​ကိုထိုးခွဲမယ့်
မြိ​နေတဲ့ဓား ။

ခွဲစိတ်​စားသုံးရန်​အသင့်
နီနီရွဲရွဲပန်းသီး ။

အိပ်​မက်​ကြီးမဆန့်​မပြဲနဲ့
ခရီး​ဆောင်​​ကျောပိုးအိတ်​ ။

လေအပြည့်​အသိပ်​ရွက်​​ဖောင်း​ဖောင်းနဲ့
ပင်​လယ်​ငတ်​​နေတဲ့ သ​င်္ဘော ။

အချက်​​ပေးခရာသံစုပ်​ယူဖို့
ကောင်းကင်​​မျှော်​နားရွက်​များ ။

အဖိတ်​အစင်​မရှိ
အမိန့်​ပြန်​တမ်းမရှိ
ရွှေသားအတိနာရီများ  ။       ။

                                    မင်းညွန့်​လှိုင်
         သရုပိဖေါ်ပုံ ဗဂျီအောင်စိုး
ပငိလယ်မဂ္ဂဇင်း အမှတ် ၁ မျက်နှာဖုံးပုံ