User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

PICTURE

 

အင့်   ဖူးက တစ်ခါမှ ဒီလို ကြင်ဖော်ရှာအင်တာနက် စာမျက်နှာမျိးတွေမှာ  

ဖူးအကောင်းတွေ မတင်ဘူးတော့ ဘယ်ကဘယ်လို စရပါ့  

ဖူးအသက်က ဆယ့်ရှစ်နှစ်  အရပ်က ငါးပေ ရှစ်လက်မ ဖူးဆံနွယ်က

သွယ်ပြော့ခွေရှည်နက်မျော  ဖူးကိုယ်လုံးကိုယ်ပေါက်ကတော့ အဝလွန်မှာစိုးလို့

ညစာရှောင်နေတာ နှစ်နဲ့ချီကြာနေပြီဆိုတော့ စင်းစင်းလေးလိုပဲပြောပါရစေရှင့်  

ဖူးက တောင်ငူသူ     ဖူး အခုစာသင်နေတာက မန်းလေးမှာ 

 

ဖူး အတွက်တော့ ယောက်ျား ဆိုတာ ဟာသဉာဏ် င်သူဖြစ်ရမယ်

ကြင်နာတတ်ရမယ်ဆိုတာက ပထမဆုံးလိုအပ်ချက်  ကိုယ်လိုရာ ကိုယ်ဆွဲ

တွေးတတ်သူ  ငါ့စကား မယားရပြောတတ်သူ အသည်းက ဇီးရွက်လောက်

ကျန်သူတွေကိုတော့ ဖူး မစဉ်းစားချင်

 

ဖူးက လူမျိးမရွေး ဘာသာမရွေးပါ  ဖူးက ကပြားဆိုတော့ လူမျိးဘာသာ

ခွဲခြားသူတွေကို ဖူးသိပ်ရွံတယ် လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေရှိတဲ့

သူတိုင်းကို ဖူးက ခင်ဖူးမင်ဖူးချင်ပါတယ်  အတွေးခေါင်လွန်းသူတွေ

သိပ်ရှုပ်ထွေးလွန်းသူတွေ ဘာသာရေးကိုင်းင်းလွန်းသူတွေတော့

ဖူးနဲ ကိုက်ဘူးထင်တယ် 

 

ဖူးက ခရီးသွား သိပ်ဝါသနာပါတာ  ငယ်ငယ်ကဆို အမေ့မပြောပဲ

ပျောက်ပျောက်သွားတတ်လို အမေက ညီးနော် တော်တော်ကဲ 

ငါထန်းခေါက်ဖာနဲလိုက်ကောက်နေရဦးမယ်လို ကိမ်းတာ ခဏခဏမို့

ထိမ်းထိမ်း ထားရတယ်   ဖူးက ညီအကိုမောငှ်မ ဆယ့်ငါးယောက်ထဲမှာ

အငယ်ဆုံးဆိုတော့ တစ်အိမ်လုံးကဝိုင်းပြီး ဖူးဖူးမတ်ထားခဲ့တာမို ဖူးက

ဖူး ဖြစ်နေတာ  ဖူးက ခေတ်ပြိုင်ဂီတကို အရမ်းစိတ်ဝင်စားတယ် တစ်လမ်းသွား

ဆိုတဲ့အဖွဲက ကောင်လေးတွေကို ဖူးသဘောကျတာ အရမ်း အရမ်း အရမ်း   

 

ဖူး ရည်ရွယ်သူဆိုရင်တော့ ဖူးကို တကယ်ချစ်ဖို့ပဲ    နာမည်ကီးစရာမလိုပါဘူး 

သူအတိုင်းအတာနဲသူရှိရင် ပြည့်စုံပါတယ်  ဖူးက ဆယ်တန်းကို လေးဘာသာ

ဂုဏ်ထူးနဲ ညချင်းပြီး ထုပ်ချင်းပေါက် အောင်ခဲ့ပေမယ့် သရဲ ကာက်တတ်လို

ဆေးကျောင်းမတက်ပဲ  မြန်မာစာနဲယူလိုက်တာ  အေးရာအေးကောင်း  

 

တကယ်တော့ ဖူးဘဝက လိုလေသေးမရှိပါ    အကိုတွေက မလေး နဲ

ဆော်ဒီမှာ အမတွေအားလုံးက စလုံး မှာလေ   ဖူးက ထန်းရည်ထွက်တဲ့ရွာမှာ

မွေးတာဆိုတော့ ဝိုင်ဖြသိပ်ကိက်  ဒါပေမယ့် ငယ်ငယ်တည်းက အဘနဲ

အကိုတွေက တောင်ငူသားတွေပီပီ ကွမ်းတပြစ်ပြစ်ဆိုတော့ ကွမ်းစားဆေးသောက်

ကျပျောက်သလောက်ပဲတန်တဲ့ နှုတ်ခမ်းတွေကို ဖူး စိတ်ကူးထဲတောင်မထည့်

 

တကယ်တော့ ဖူးက အင်တာနက်တက် ရည်းစား ရှာဖို့ မရည်ရွယ်ခဲ့ရိုးအမှန်ပါ

အော့ဖ်လိုင်းမှာတောင် ဖူးသာ မောင် ခေါ်ရင် ဗျာ ထူးပြီး ခန်းဝင်ပစ္စည်း ချက်ချင်း

ပြေးဝယ်မယ့် သူတွေ ရိုက်သတ်လို့မကုန်   ဒါပေမယ့်  ဖူးဘော်ဒါတွေအားလုံးနဲ့

အထူးသဖြင့် ကျောင်းက ကာရာအိုကေပြိုင်ပွဲ မိုဒယ်ပြိုင်ပွဲတွေမှာ ဖူးထက် နှာတဖြား

အမြဲသာသာနေတဲ့ ဖူးတို့ မေဂျာက ဖူးရဲ့ စာပြိုင်ဖက် ရီဝေမီမေမဒီသိန်းဒန်ကို

မခံချင်စိတ်နဲ့  ဒီနေ့ပဲ ဖူးအကြောင်းလေးတချို့ကို ဖူး အွန်လိုင်းပေါ် တင်လိုက်

မိတာလို့ ပွင့်လင်းမြင်သာ ဝန်ခံပါရစေ

 

အင်တာနက်ဖိုးလည်း တော်တော်ကျလောက်ပြီ  စာလည်းပြန်အံရဦးမယ်

ဖူးကို မင်ချင်တယ် ကြင်ချင်တယ်ဆိုရင် ဖူးကို ' ကြိုက် ' ဆိုတာလေးလုပ်ပေးလိုက်ပြီး

ဖူး အကြောင်းပြန်တာလေးကို သည်းခံပြီး စောင့်ပေးနော်လို့    နော်

အမှားပါရင် ကန်တော့ပါသေးရဲ့  ဦးလေး

 

မိဘ ဆရာ ရတနာသုံးပါး ဦးထိပ်ထားလျက်