ကာတွန်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ကျားဘငြိမ်း၊ မောင်သင်၊ မောင်သော်က၊ ဝင်းဦး၊ သုခ၊ ရွှေဒုံးဘီအောင်တို့ခေတ်နှင့် စာရေးဆရာ (က) (ခ)ခွဲမှုပြဿနာ

 (မြဝတီ၊ ၁၉၅၉၊ ဒီဇင်ဘာ) 

 

 မူလပုံကို Yin Ker မှကျေးဇူးပြုသည်။

 

ဗဂျီအောင်စိုး 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

နိုင်ငံရေးသမားဟူသည်

 

 

ဆရာကြီးဗဂျီအောင်စိုးကို မြန်မာ ခေတ်သစ်ပန်းချီ လှုပ်ရှားမှု ခေတ်ဦးက ဦးခင်မောင်(ဘဏ်)၊ ခင်မောင်ရင်၊ ၀င်းဖေ၊ ပေါ်ဦးသက်တို့ နည်းတူ အရေးကြီးသော ခေတ်သစ်ပန်းချီ ဆရာကြီးတစ်ဦးအဖြစ် လူသိများပါသည်။ အထူးသဖြင့် သူ့ မဂ္ဂဇင်း သရုပ်ဖေါ် ပန်းချီများမှာ ကျော်ကြားလှသည်။

 

၁၉၆၀ ဇန်နဝါရီလထုတ်မြဝတီမဂ္ဂဇင်းမှ ဤကာတွန်းမှာ ၁၉၅၈-၆၀ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရ လက်ထက် လက်ဝဲနိုင်ငံရေးသမားများကို ဖမ်းဆီးပီး ကိုကိုးကျွန်း ပို့ခဲ့ခြင်းနှင့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ခြေရှုပ်ကြခြင်းကို သရုပ်ပီအောင် ဖော်ကျူးထားသည်။ စေတနာ အပြည့်နှင့် ပုံများပေးပို့ ကူညီသော Yin Ker  ရင်ကာအား ကောင်းကင်က အထူးကျေးဇူးတင်သည်။ 

 

ကောင်းကင်စာတည်းအဖွဲ့ 

 
Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

ရှုမဝ (၁၉၅၇၊နိုဝင်ဘာ)

http://www.bagyiaungsoe.com/ မှ ကျေးဇူးပြုသည်။

 

 

ဗဂျီအောင်စိုး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ဦးဖေသိန်း
Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

ဇန်နဝါရီလ ၃၁ရက်ဟာ ကွယ်လွန်သူ ကာတွန်းဦးဖေသိန်း (၁၉၂၄-၂၀၀၉)ရဲ့  (၈၆)နှစ်ပြည့် မွေးနေ့ဖြစ်လို့ လူထုဆန္ဒကို ထင်ဟပ်တဲ့ ဆရာကြီးရဲ့  ပြောင်မြောက်တဲ့လက်ရာများကို မမေ့နိုင်ကြမယ့် ကာတွန်းချစ်သူများအတွက် ကနေ့ခေတ်နဲ့ ဆီလျော်နေဆဲ ကာတွန်းတကွက်ကို တင်ဆက်လိုက်ပါတယ်။

 မီဒီယာကို မီဒီယာနဲ့တိုက်မယ်၊ FM ရေဒီယို၊  ကိုရီးယားဇာတ်လမ်းတွဲ၊ မြေအောက်ဂီတနဲ့ ဆင်ဆာလွတ်ဗီစီဒီ၊ ဘောလုံးကလပ်ယဉ်ကျေးမှု၊ သတင်းဂျာနယ်ရေစီး၊ ပြည်ပရုပ်သံနဲ့ အင်တာနက်မီဒီယာ၊ ဘလော့မျိုးဆက်စတဲ့ အသံတွေကြားနိုင်သေးရင် သတင်းကာတွန်းဆရာကြီး ဦးဖေသိန်းဆီက ဘယ်လိုကာတွန်းအတွေးတွေများ ပေါ်လာဦးမလဲလို့လည်း အောက်မေ့လှပါတယ်။ 

 

လွတ်လပ်တဲ့တခေတ်မှာ မြန်မာကာတွန်း တခေတ်ပြန်ဖြစ်လာပါစေ။

ကောင်းကင်

 

U Pe Thein