ကဗျာ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive



ကျည်ဆန်ဟာလောဘကြီးလွန်းတယ်
လူသန်းပေါင်းများစွာရဲ့ထမင်းလုတ်တွေကို
ကလေးသူငယ်များစွာရဲ့ကျောင်းစာအုပ်တွေကို
ဥသြငှက်တစ်ထောင်ရဲ့နွေဦးအိပ်မက်တွေကို
လုယက်ဝါးမျိုခဲ့လေတယ် ။

ကျည်ဆန်ဟာမာန်တက်ဖူးတယ်
ဝိညာဉ်မှန်သမျှ
သူခြွှေရင်ကြွေကျမှာလို့လေ
ဂန္ဒီဂျီးနဲ့တွေ့မှပဲ
ဂျွန်လင်နွန်နဲ့တွေ့မှပဲ
သူ့အထင်မှားမှန်းသိတော့တယ် ။

ပြီးတော့
ဒေါက်တာရီဇော်နဲ့မတွေ့ခင်အထိ
ဆလိုင်းတင်မောင်ဦးနဲ့မတွေ့ခင်အထိ
သူခြောက်ရင်ကြောက်မှာပဲလို့
သူလှန့်ရင်လန့်မှာပဲလို့
တွက်ကိန်းလွဲခဲ့ဖူးလေရဲ့ ။

သူရှေ့ကသွားရင်
အာဏာကနောက်ကလိုက်လာမယ်လို့
သူဖောက်ဝင်တဲ့ဦးခေါင်းထဲ
အတွေးအခေါ်တွေပြတ်တောက်ကုန်မယ်လို့လည်း
လွဲမှားစွာထင်မြင်မိသေး
မာလာလာလေးနဲ့မတွေ့ခင်အထိ ။

ကျည်ဆန်က
ဟန်ဆောင်ကောင်းတယ်
ရုပ်ပြောင်းရုပ်လွှဲတတ်တယ်
ခရိုနီတစ်ယောက်ဒါနပြုသလိုမျိုး
အာဏာရှင်ဟောင်းတစ်ယောက်
ပရဟိတလုပ်ပြသလိုမျိုး
ရမ်းချင်တိုင်းရိုင်း မွှေချင်တိုင်းမွှေ
ရမ်းလို့မွှေလို့အားရတော့မှ
ယမ်းမရှိတော့တဲ့အခွံပြောင်ပြောင်ထဲ
ဘုရားပန်းလေးထိုးစိုက်
ဣနြေ္ဒရရနေပြလိုက်သေး
အရိုးတွေမတွန်တော့မယ့်အတိုင်း ။            ။

                                                     မင်းညွန့်လှိုင်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 

စစ်တမ်းတွေအရဆို
ဖလာတွေနဲ့ တည့်တည့်တိုးတဲ့ ပြည်သူဟာ
အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့
လေဘေးထည်ကိုစွန့်ခွာလိုက်ကြတယ်
ပြည်သူရဲ့ နွားတွေ
ဆီးဂိမ်းရဲ့ ဆီးကြောင်းအတိုင်း
ချင်းတွင်း၊ မုံရွာ အထက်
နောက်ဖေးပေါက်ကနေ ဆီးသွားနေတုန်း
ပြည်သူ ဖင်တွေအတွက်
ဖယ်ဒရယ် စနစ်ကို အကောင်အထည်ဖော်ဖို့်ဆိုရင်
ပြည်သူတွေရဲ့ အသံကို
နားထောင်သင့်တယ် မဟုတ်လား
မူအားဖြင့်သဘောတူထားတဲ့ အတိုက်အခံတွေကတော့
ရွပ်ရွပ်ချွံချွံ ထောက်ခံသွားမယ်လို့ ပြောတယ်
ပြည်သူ့ဖင်တွေ မယိုင်လဲဖို့အတွက်
အမျိုးသားရေးဝါဒ ဟာ ဆဌမ ဒေါက်တိုင်ပဲ
စစ်မှန်သော X X X နိုင်ငံ
အုတ်မြစ်မချနိုင်ရခြင်း အကြောင်းကလည်း
ပြည်သူ့ဖင်တွေ အားကောင်းမောင်းသန် မဖြစ်သေးတာကလည်း တစ်ကြောင်းပေါ့
ပါတီချင်းပေါင်းပြီး ပူဖောင်းမှုတ်လိုက်တော့
ပီတာဟာ ပြည်သူ့မျက်နှာကို ထောက်ထားပြီး
ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရောက်ရှိသွားတယ်
အင်စတီကျုးရှင်းတွေ ထွန်းကားလာဖို့အတွက်
ပြည်သူရဲ့ ပေါင်ထဲကို သံတစ်ချောင်း
ပြည့်သူ့ ဖင်ထဲကို သံတစ်ချောင်း
ရိုက်သွင်းပေးလိုက်ကြတယ်

မုန်တိုင်းထဲ မုန်ယိုနေတဲ့
မျောက်တွေအတွက်
ပြည်သူ့ဖင်များ သမိုင်း ရေးဖွဲ့ရေးကော်မတီ
ဖွဲစည်းပေးလိုက်ရတယ်
မဟာမိတ်တွေ ဝင်လာတဲ့အထိ
ဘာလုပ်ရမှန်း မသိတဲ့ ပြည်သူတွေဟာ
မဟာ သီချင်းကိုပဲ သံပြိုင်ဆိုနေရတာပေါ့
ဘယ်လိုလုပ်ရင် အပေါက်အလမ်းတည့် မှာလဲ ဆိုတဲ့ ပြည်သူရဲ့ မေးခွန်းကို
ဘယ်ကော်မတီကမှ အသိအမှတ်မပြုခဲ့ကြဘူး
ပြည်သူတွေဟာ
ခရိုနီတောင်ကမ်းပါး နဲ့၊အာဏာရ အတိုက်အခံတွေ ပွတ်တိုက်မှုကြောင့်
ပေါက်ပြဲသွားတဲ့ ရာဘာအစွပ်ပေါ့
ခေတ်မကောင်းသေးလို့
အံကြိတ်ခံနေရတဲ့ ပြည်သူဟာ
အရပ်ဖက် အဖွဲ့အစည်းတွေအတွက်
အဖက်ဖက်က ရပ်တည်ပေးနေရတာလည်း
တာဝန်တစ်ရပ်ပဲ
နောက်ကြောင်းမပြန်ဖို့
နောက်တစ်ကြောင်းပြန်ပေးခဲ့ရတာလည်း
ပြည်သူတွေအတွက်တော့ အကြွင်းမဲ့ စံနှုန်း
ကိုယ်ကောင်းတိုင်း ခေါင်းပဲငြိမ့်နေတတ်တော့ကာ
ခေတ်အဆက်အဆက်တိုင်း
ပြည်သူနဲ့ ဖင်၊ ဖင်နဲ့ ပြည်သူ ခွဲခြားမရတာ
ကုန်းဘောင်ခေတ်နှောင်းကတည်းက
စလာတာလို့
ပြောသံကြားဖူးတာပဲ။
 

မောင်ဖုန်းမြင့်
Star InactiveStar InactiveStar InactiveStar InactiveStar Inactive



ကျွန်တော့် အပေါ်ဝတ်အင်္ကျီကိုမေးတာလား
Levis´လို့ရေးထားတာပဲ
ဂျင်းအင်္ကျီပါလေ ဘေးကဝယ်လာတာ
သုံးထောင့်ငါးရာပေးရတယ်။
ဗျာ ...ကျွန်တော့်ကဗျာလား 
သူ့ တံဆိပ်ကိုကျနော်မသိပါ။

လင်းသက်ငြိမ်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
 
သီပေါမင်းမကောင်းဘူး
အဲဒါကြောင့် အင်္ဂလိပ် ဝင်တယ်
အင်္ဂလိပ် မကောင်းဘူး
အဲဒါကြောင့် ဗိုလ်ချုပ်က ဂျပန်ကို သွားခေါ်လာတယ်
ဂျပန်က ပိုဆိုးတယ်
ရေနွေးပူနဲ့ ပက်တယ်၊ လက်သည်းခွါတယ်
အဲဒါကြောင့် ဗိုလ်ချုပ်က အမေရိကန် သွားခေါ်လာတယ်
အဲတော့မှ အဆင်ပြေသွားတယ်
ဗိုလ်ချုပ် ကောင်းတယ်
ပဲပြုပ်နဲ့ နံပြားပဲ
စားသွားတယ်
 
ကိုကိုသက်
သရုပ်ဖေါ်ပန်းချီသန်းဌေးမောင်
Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

ရေချိုးခန်းမီးဖွင့်လိုက်တော့ 
ထမင်းစားခန်းမီး လင်းလာတယ်။

ထမင်းစားခန်းမီးဖွင့်လိုက်တော့ 
အိမ်သာမီး လင်းလာတယ်။

အိမ်သာမီးဖွင့်လိုက်တော့ 
ဧည့်ခန်းမီး လင်းလာတယ်။

ဧည့်ခန်းမီးဖွင့်လိုက်တော့ 
အိပ်ခန်းမီး လင်းလာတယ်။

အိပ်ခန်းမီးဖွင့်လိုက်တော့ 
ဘုရားမီး လင်းလာတယ်။

ဘုရားမီးဖွင့်လိုက်တော့
တစ်မြို့လုံးကမီးတွေ ငြိမ်းသွားတယ်။

လင်းဇင်ယော်
၂၀၁၆ ဧပရယ်။

Subcategories

 

 

လုံးဝိုင်း ပျော့ပြောင်းလေတော့ 

သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 

ဘာမဆို ဖြစ်လာနိုင်တယ်

ပထမဆုံး 

သားရေကွင်းကို မင်း ညာ လက်မနဲ့ 

ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်

ပြီးတော့ ဘယ်လက်ညိုးကို 

သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ

ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်

ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်

အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  

သားရေကွင်း တြိဂံ ပေါ်လာမယ်

ကြယ်မဖြစ်ခင် 

တြိဂံ အရင်ဖြစ်အောင် ကြိုးစား

ပြီးမှ မင့် ဘယ်လက်ညိုးကို 

တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး

တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်

အောက်ကို ဆွဲချ

ဟုတ်ပြီ

လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို

ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်

ဟော 

မင်းလက်ခုပ်ထဲက ကြယ် 

သေးချင်လည်း ဖြစ်တယ် 

ကြီးချင်လည်း ဖြစ်တယ်

အမျိုးသားစာပေဆုပေးမလား

အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 

မှောက်ချင် မှောက် နိုင်တယ် 

လှန်ချင် လှန် နိုင်တယ်