ကဗျာ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


နေသာသလားလို့ မေးတာ သူပေါ့
မနေသာရင် ဖြေသာစရာလေးတွေနဲ့ 
ဖြေသိမ့်ပေးတာ သူပေါ့။

စိတ်ညစ်နေသလားလို့  မေးတာ သူပေါ့
စိတ်ညစ်နေရင် ပျော်ရွှင်စရာလေးတွေနဲ့ 
ဖြေသိမ့်ပေးတာ သူပေါ့။

ပင်ပန်းနေသလားလို့  မေးတာ သူပေါ့
ပင်ပမ်းနေရင် စိတ်လက်ပေါ့ပါးစရာလေးတွေနဲ့ 
ဖြေသိမ့်ပေးတာ သူပေါ့။

နားလည်ပေးတဲ့သူ
စာနာပေးတဲ့သူ
ဖေးမပေးတဲ့သူ
ဘဝအတူတူ ဖေးမကာကူသမို့ 
ကျွန်ုပ်ချစ်ရသူဟာ သူလို့ ပြောပါရစေ
သူ. . .။   ။

ဥာဏ်မျိုးထက်

သရုပ်ဖေါ်ပုံပန်းချီစံမင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive



ဝင်လာမသဲ တစဲစဲ ။ မိုးမလင်းကိုးနင်းမှသိမယ် ။ ဘာခက်သလဲ ။အလွယ်လေး copy . paste . နောက် ပေ့ခ်ျ မှာ အသက်ဝင်နေတဲ့ photoshop . ဖင်ယားလို့ လက်ယားရှာလေသူ ။ ကံအားလျော်စွာ ။ ကံကြွေးချ ။ကံကို ပုံလို့ ဆူးရုံနင်းမိပြီ ။ ကံကြမ္မာ ဟာ ကန်သာယာလို သာသာယာယာမဟုတ်ဘူးဆိုတာ ပြောမပြလိုက်ဘူး ။ အကန်ခံရမှာစိုးလို့ ။ သမိုင်းလှန်ရမှာပဲ တဲ့ ။ ပထ၀ီပါ လှန်ရမှာ ။ ပထ၀ီတေဇောအာပေါဝါယော ဆို သမုတ်လား ။ 3 Idiots မှာ ပြန်ရတဲ့ ငယ်ဘ၀ ။ စူပါမင်းမှာ စူပါ့စူပါစိတ်ကူးယဉ် ။ 007 မှာ အားကျတဲ့ ဖွန်ကြောင်စိတ်ဖွန်ကြောင်အတွေး ။  အရေကြမ်းကြမ်း အရိုးခေခေ နေ ည များမှာလဲ အောင်သေ နဲ့ အောင်သားဟာ သောက်စား ။ ။

မိုးသက်ငြိမ်ဦး
5.5.2016

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ကျိန်စာတွေပဲ သင့်နေသလိုလို
ကပ်ဆိုးတွေပဲ ဆိုက်နေသလိုလို
ဥုံဖွဆိုတဲ့နောက်မှာ...
တောတွေပျောက်သွားခဲ့ပြီးပြီ
ဥုံဖွဆိုတဲ့နောက်မှာ...
မြစ်တွေဟာ စီမံကိန်းထဲရောက်သွားခဲ့ပြီးပြီ
ဥုံဖွဆိုတဲ့နောက်မှာ..
အဲဒီဥုံဖွဆိုတာကြီးရဲ့နောက်မှာ
အခုဆို.....
လူတွေသောက်စရာ ရေဟာခန်းခြောက်ခဲ့ပြီ
သဘာဝဘေးကိုဖက်ပြီး
အယ်လ်နီညိုကို ခေါင်းပေါ်ရွက်ထားရ
ကဲ..လူကြီးမင်းတို့
ဥုံဖွလုပ်ကြည့်ကြပါဦး။ ။

                        ဂိုးဂိုး(မောရမြိုင်)

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

နူးညံ့တဲ့ စကားလုံးတွေနဲ့

မင်းကို

ကျုံးမသွင်းချင်ဘူး။

 

ငါက

မင်းရဲ့မာယာမြုံးထဲမှာ

မိနေတဲ့

ဖြတ်ဖြတ်လူး ငါးတစ်ကောင်။ ။

ကမ်လူဝေး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ကမ္ဘာကြီးကိုဘုရားသခင်ဖန်ဆင်းခဲ့တယ်ဆိုတာသေချာရဲ့လား
အဆိပ်သီးတွေဆိုတာချိုမြပြီးအရည်ရွှမ်းလှချည်ရဲ့
ငတ်မပြေနိုင်ဘူးလေ
ကျနော်ဆက်ပြီးအသက်ရှင်ခွင့်ရချင်ခဲ့တာ'အရင်ပြောချင်တယ်
ပုံပြင်တွေအများကြီးကိုလည်းကျနော်မဖတ်ရသေးဘူး
ဘောလုံးကွင်းအပြင်ဘက်ရောက်အောင်ကန်ထုတ်ခံလိုက်ရတဲ့ဘောလုံးတစ်လုံးလို
ကျနော့်ကိုဘယ်သူပြန်ကောက်ပေးမှာလဲ
ဒါကိုလည်းသိချင်တယ်
ကျနော်ရဲ့ဂိုးပိုက်ဟာဘာကြောင့်ဟောင်းလောင်းပေါက်ပွင့်နေခဲ့ရတာလဲ
ကျနော်တို့ကစားနေတဲ့အထဲမှာစစ်တိုက်တမ်းမပါဘူး
ကျနော်တို့ကစားစရာတွေထဲမှာကျည်ဆန်ထည့်ပစ်တဲ့သေနတ်မပါဘူး
ကျနော်တို့လူသတ်ဂိမ်းတွေကိုမဆော့ချင်ဘူး
ကျနော်တို့ရဲ့အဝတ်တွေသွေးစွန်းတာကျနော်တို့အမေမကြိုက်ဘူးဦးဦးရေ
အခု ဘယ်လိုလုပ်မလဲ
ကျနော် အိမ်ကိုပြန်လို့မရတော့ဘူး
ကျနော် အိမ်ကိုပြန်ချင်တယ်
ကျနော် အိမ်ပြန်လို့မရအောင်လုပ်တာဘယ်သူလဲ
ဘုရားသခင်လား
ဘုရားသခင်အယောင်ဆောင်ထားတဲ့လူကြီးတွေလား
ကျနော်တို့အမြဲသွားခဲ့ရတဲ့ဘုရားကျောင်းမှာဘုရားသခင်အမြဲရှိမနေတာဘာကြောင့်လဲ
အရည်ရွှမ်းပြီးချိုမြတဲ့အသီးတွေကိုကျနော်ခူးခဲ့မယ်
အဲဒါတွေစားကြည့်ပြီးကျနော်နဲ့စကားတွေအများကြီးဆက်ပြောကြမယ်ေ
ဘုရားသခင်မသိတဲ့ကျနော်တို့အကြောင်း
ဘုရားသခင်ဖန်ဆင်းခဲ့တယ်ဆိုတဲ့ကျနော်တို့ကမ္ဘာကြီးပေါ်ကစစ်ပွဲတွေအကြောင်း
ကျနော်ရခဲ့တဲ့ဒဏ်ရာတွေအကြောင်း-----
____________________
                            မောင်သော်တာ

တိုက်ပွဲအတွင်းအရပ်သားထိခိုက်မှုများတွင်သေနတ်ထိမှန်ခဲ့ရသော၃နှစ်အရွယ်ဆီးရီးယန်းကလေးငယ်မသေဆုံးမီပြောသွားခဲ့သောစကား/
ဘုရားသခင်ကိုကျနော်အားလုံးပြောပြမယ်

Subcategories

 

 

လုံးဝိုင်း ပျော့ပြောင်းလေတော့ 

သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 

ဘာမဆို ဖြစ်လာနိုင်တယ်

ပထမဆုံး 

သားရေကွင်းကို မင်း ညာ လက်မနဲ့ 

ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်

ပြီးတော့ ဘယ်လက်ညိုးကို 

သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ

ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်

ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်

အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  

သားရေကွင်း တြိဂံ ပေါ်လာမယ်

ကြယ်မဖြစ်ခင် 

တြိဂံ အရင်ဖြစ်အောင် ကြိုးစား

ပြီးမှ မင့် ဘယ်လက်ညိုးကို 

တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး

တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်

အောက်ကို ဆွဲချ

ဟုတ်ပြီ

လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို

ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်

ဟော 

မင်းလက်ခုပ်ထဲက ကြယ် 

သေးချင်လည်း ဖြစ်တယ် 

ကြီးချင်လည်း ဖြစ်တယ်

အမျိုးသားစာပေဆုပေးမလား

အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 

မှောက်ချင် မှောက် နိုင်တယ် 

လှန်ချင် လှန် နိုင်တယ်