ကဗျာ
- Details
- Written by ဂိုးဂိုး(မောရမြိုင်)
- Category: ကဗျာ
- Hits: 2152
အသက်ရှင်ဖို့
မိုးတစ်ခုလုံးစာ ဆာလောင်နေခဲ့လည်း
ရေအမှုန်အစတွေနဲ့နေတတ်ခဲ့ပြီးပြီ
အသက်ရှင်ဖို့
မြေတစ်ခင်းလုံးစာ
အိပ်မက်နေခဲ့လည်း
လက်တစ်ဆုပ်စာခဲကြမ်းတွေနဲ့
နေတတ်ခဲ့ပြီးပြီ
အသက်ရှင်ဖို့
အသက်ဆက်ရှင်နိုင်ဖို့
ဒုက္ခတွေ အထပ်လိုက်ထမ်းထားရပါစေ
သူတို့ဟာ ငြိမ်းချမ်းရေးကို
ရေလိုငတ်တယ် ။ ။
ဂိုးဂိုး(မောရမြိုင်)
- Details
- Written by မိုးသက်ငြိမ်ဦး
- Category: ကဗျာ
- Hits: 2094
ရွှဲနစ်နေတဲ့အချဉ်ရည်ထဲကစိတ်ကို
စိတ်တစ်ခုလုံးဟာအချဉ်ပေါက်နေတယ်
အချဉ်ပေါက်နေတဲ့စိတ်မှာ
လူ့အသက်ဆိုတာဘာမှမဟုတ်တော့ဘူး
..မင်းလိုကောင် စောက်ငရဲကို ဒိုးတော့..ဆိုပြီးမျက်ခွက်တစ်ခု
မင်းငါ့ကိုသတ်ချင်နေတာလား..သတ်
တိုင်နဲ့ခေါင်းနဲ့အကြိမ်ကြိမ်ေ
ရေတွက်၍ရသောရေတွက်၍မရသော စိတ်တွေဟာလဲ
အချင်းချင်း တိုက်ကြခိုက်ကြလဲပြို ကြကြေကွဲကြ အမှားများ
စိတ်ကူးထည်အချဉ်ပေါက်မှု ဟာဘယ်လောက်ကြောက်စရာကောင်းပါသလဲ ငါမသိဘူး
လူ့အဖွဲ့အစည်းယဉ်ကျေးမှု နှု န်းစံတွေ ငါမသိဘူး
ငါဟာဘာဆိုတာလဲ ငါမသိဘူး ငါ့စိတ်ခုလုံး အချဉ်ရည်တွေနဲ့
ငါ့စိတ်တစ်ခုလုံးချဉ်စော်ခါးသီး ငါ့စိတ်တစ်ခုလုံးသပွတ်အူ
ငါ့စိတ်တစ်ခုလုံးဟာ ပုပ်ပွနံဟောင်ချဉ်စုတ်လို့
အခုချိန်ငါဟာ ဘာမဆိုလုပ်ဖို့အဆင်သင့်
အခုချိန်ငါဟာ ဘာမဆိုမလုပ်ဖို့အဆင်သင့်
မျက်လုံးအကြည့်တစ်ချက်ဟာ ဝုန်းကနဲထ ပေါက်ကွဲနိုင်သလို
စကားတစ်ခွန်းဟာလဲ မီးလောင်ရာလေပင့်သွားနိုင်တယ်
စိတ်ချဉ်ပေါက်မှု အမြှု ပ်တစီစီဟာငါ့ကိုယ်ပေါ်လောက်တွေလို
သန်ကောင်တွေလိုငါ့စိတ်တွေတဖွား
ပြာဝေနေတယ် ဆူဝေနေတယ် ငါဟာချိန်ကိုက်ဗုံးတစ်လုံး
အချိန်မရွေး ကူးစက်ပြာကျသွားစေနိုင်တဲ့နတ်မိ
အောက်ဆုံးထိထိုးဆင်းကျနေတဲ့ ငါစိတ်ဟာ
လွတ်ထွက်နေတဲ့ငါ့စိတ်ကိုအနိုင်နို
အချဉ်ပေါက်နေသူတစ်ဦးဟာ ဘာကိုမှ မှီတွယ်ရာမရှိသူဟာ
အခုချိန်မှာ
အန္တရာယ်အများဆုံးစိတ်ချဉ်ပေါက်နေတယ် ။ ။
မိုးသက်ငြိမ်ဦး
24.102016
- Details
- Written by ဒီလူည
- Category: ကဗျာ
- Hits: 2207
ဝါကျရဲ့အပြင် ဘက်ကို ဇန်နီထွက်သွားတယ်
ပိတ်ထားတဲ့လိုင်းတချို့ဟာ ရေဒါထဲမှာ ပွင့်နေတယ်
အဆာ အဆိပ်သင့်နေတဲ့ အသံဖြစ်ပေါ်ရာ ပလက်ဖောင်းတစ်လျှောက်မှာ
ယမ်းအ နေတဲ့ အရိုးတွေက ၂၀၆ ချောင်း
ဇန်နီ သောက်နေတဲ့ ရေထဲက ဆားတွေကို ခပ်ထုတ်လိုက်တယ်
ကတ္တရာ လမ်းတွေပေါ် ယာဉ်တွေဖြတ်သွား တိုင်း
ဝတ်ထားတဲ့ နာရီက အ ရောင် တွေမှိန်လာတာကို
ဇန်နီ သတိထားမိ လာတယ်
ဟွန်းသံတွေထဲမှာ ထွက်မရတဲ့ သံ သယ တွေရဲ့ပါဝင် နှုန်းက များလာတယ်
ကျေးဇူးပြုပြီး နင်းထားတဲ့ဘရိတ်ကို ဖြတ်လိုက် ပါတော့လို့
တစ်စုံတစ်ယောက် ရဲ့ အော်သံက
ကြည့်နေတဲ့ ချန်နယ်လ် ထဲ ရုတ် တရက် ဝင် လာတယ်
အလင်းပြန်များတဲ့ မျက်နှာပြင် တွေပေါ် ဖြတ်လျှောက် နေရသလိုမျိုးပဲ
တွန့်ကြေ မှုတွေက လက်ညှိုးထိုးရင် လွဲပါ့ဦးမလားလို့
ဇန်နီ တိုးတိုးတိတ်တိတ် ချ ရေးမိတယ်
ပြီးတော့ ဝါကျ တွေရဲ့ အပြင် ဘက်ကို ထွက်သွားတယ်
အဆင် တူ အ သွေးတူ အ ဆောက် အ အုံတွေ သိမ်များလွန်းတယ်
ဝင်္ကပါလို ရောက်လေရာ ပုံတူကူးထားတဲ့ အမှတ်အသားတွေကြားမှာ
ဇန်နီ ဝေခွဲမရ အောင် အထည်ရွေးနေတာ နဲ့
လွတ်သွားတဲ့ ရထားတွေလည်း များပြီ
ကိုယ် ဖြတ်ထားနဲ့လက်မှတ်နဲ့ လွဲခဲ့တဲ့ ကား တွေလည်းများပြီ
မလွယ်ပေါက် က နေ လွယ်လွယ်ကူကူနဲ့ ဝင် လာကြတာလေ
ဇိမ်ခံပစ္ဈည်းတွေနဲ့ မလွတ်တဲ့ အရိပ်အောက် မှာ
ယင် နားစာလေးနဲ့ ကျုံ့နေတဲ့ အူနံရံ တွေကို
ဇန်နီ ဆွဲဆန့်လိုက်တယ်
ရှည်ထွက်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ထဲမှာပြဿဒါးတွေချည်း
မမှတ်မိနိုင် လောက် အောင် ပြတင်းပေါက် ရဲ့နောက်မှာ
ခဏခဏ ပြင် ဝတ်နေတဲ့ လုံချည်ထဲ လိပ်ထားတဲ့ သာယာမှုးလေးက
ဆံပင် ကို အ ရောင် ဆိုးလိုက်တယ်။ ။
ဒီလူည
- Details
- Written by ရတုသွေး ။ ဇေသော်(စကားဝါမြေ)
- Category: ကဗျာ
- Hits: 2243
စိတ်ရောင်စုံ
လူရောင်စုံ
ကစားစရာ အစုံ
စားစရာ အစုံ
ပျော်ကြ မောကြ
ဒီလို
အခင်းအကျင်းမှာ
ကိန်းဂဏန်းတွေနဲ့ မျှားပေါက်သူ
ကြက် ဆင် ကျား ပုဇွန် လိပ် ငါး ပေသီးလိမ့်သူ
ခြောက်ကောင်ဂျင် ထိုးသူ
ကွမ်းစားသူနဲ့ ကွမ်းထွေးသူ
ရပ်ကြည့်သူနဲ့ရွေ့နေသူများ
ပွဲတဲ့
လူနဲ့ လေနဲ့တင်
လမ်းမတွေ လုံးပါးပါးခဲ့ရပုံ။ ။
------------------------------
ရတုသွေး ။ ဇေသော်(စကားဝါမြေ)
- Details
- Written by မင်းအောင်မြင့် ( ရာမည)
- Category: ကဗျာ
- Hits: 2227
အလွမ်းလှိုင်းတွေ
တံလျှပ်နဲ့ ထပ်တူကျ ။
အဆွေးရိပ်တွေ
ရိုးတံနဲ့ ကာရန်ချ ။
အစိုးမရတဲ့ စိတ်တွေ
လေလွင့်လို့  အတွေးတွေဖွ ။
ပြိုမလို တိမ်ထူကြားမှာ
ဟာတာတာနယ်ချဲ့လို့ . . . .။
အရိပ်မဲ့ နှလုံးသားပက်ကြားအက်အဆင်
ရင်လွင်ပြင်တစ်ခုတည်းသာ. . . .
(ကျွန်တော်ရဲ့  )
ခိုနားရာ ရှင်သန်ခွင့်တစ်ခုတည်းပါ ။ ။
မ
Subcategories
သားရေကွင်းကို ကြယ်ဖြစ်အောင် ဖန်တီးခြင်း Article Count: 0
လုံးဝိုင်း ပျော့ပြောင်းလေတော့
သားရေကွင်းဆိုတာ ကြယ်မှ မဟုတ်
ဘာမဆို ဖြစ်လာနိုင်တယ်
ပထမဆုံး
သားရေကွင်းကို မင်း ညာ လက်မနဲ့
ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်
ပြီးတော့ ဘယ်လက်ညိုးကို
သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ
ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်
ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်
အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့
သားရေကွင်း တြိဂံ ပေါ်လာမယ်
ကြယ်မဖြစ်ခင်
တြိဂံ အရင်ဖြစ်အောင် ကြိုးစား
ပြီးမှ မင့် ဘယ်လက်ညိုးကို
တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး
တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်
အောက်ကို ဆွဲချ
ဟုတ်ပြီ
လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို
ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်
ဟော
မင်းလက်ခုပ်ထဲက ကြယ်
သေးချင်လည်း ဖြစ်တယ်
ကြီးချင်လည်း ဖြစ်တယ်
အမျိုးသားစာပေဆုပေးမလား
အမျိုးသား သစ္စာဖောက် စွပ်စွဲမလား
မှောက်ချင် မှောက် နိုင်တယ်
လှန်ချင် လှန် နိုင်တယ်