ကဗျာ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

Screen ပေါ်တက်လာသမျှ အငမ်းမရ Likeတာကတော့ နဲနဲများတာပေါ့ ၊ စဆရက တွေ လုပ်တိုင်း လိုက်လုပ်တာလဲ များတာပဲ ၊ ဘယ်သူမဆို ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ပေမယ့် နေရာတကာပုံတူကူးချထားတာကျတော့ တော်တော်များသွားပြီ ၊ အနဲအများဆိုတာကလဲ အသဲကြားက မဲတစ်ပြားမှ မဟုတ်တာ ၊ဒါတွေအားလုံးက စိတ်ထင်ရာပြေး ဝါကျတွေ ၊ စိတ်မထင်ရင်မထင်သလိုပြတ်တောက်သွားတဲ့ ပါဒတွေ ၊ ဒီစာသားတွေကို share ပါ ကဗျာသမားမှန်ရင်  ဒီအငွေ့အသက်ကိုရှူပါ ၊ ကျွန်တော်က ငါက ကျု ပ်က ဆရာကြီးမဟုတ်တော့ ၊ ခင်ဗျားကျနော့်
ကိုဆရာမလုပ်ပါနဲ့ ၊ အပေါ်ယံ ယဉ်ကျေးပြတာက မျက်နှာဖုံး ကျွတ်မကျခင်အထိကောင်းတယ် ၊ လူ့အလို Like မလိုက်နိုင် ၊ ဒါတွေကိုဘာလို့ ဒီလိုရေးဖြစ်နေရသလဲ ၊ အသာမှိန်းနေပြီးသာသာယာလေးသာယာနေလိုက်ပါလား ၊ အနဲဆုံးတော့ ရပြီးသား like တွေ မလျော့တော့ဘူး ၊ အနဲဆုံးတော့ ဖောင်းအထုမခံရတော့ဘူး ၊ အနဲဆုံးတော့ feel မကျဲတော့ဘူး ၊ အနဲဆုံးတော့ အဆဲမခံရတော့ဘူး ၊ အနဲဆုံးသာရောင့်ရဲတတ်ခဲ့ရင် ၊ အစောကတည်းကဖြေလျှော့ပေးခဲ့ရင် ၊ သူလိုကိုယ်လို ကိုယ်ချင်းစာတတ်ခဲ့ရင် ၊ နေရာထိုင်ခင်းမှာမယစ်မူးခဲ့ရင် ၊ အာဏာပါဝါမသာယာခဲ့ရင် ၊ အဖန်ဖန်အခါခါသာ မှားမနေခဲ့ရင် ပြောင်းလဲချိန်လဲ တန်မှာမဟုတ်ဘူး ။ လာပြန်ပြီဒီစာသားလို့ တွေးမိရင်လဲ ၊ ဒီအစုအဝေးကို ဆူလွယ်နပ်လွယ် စကားလုံးတွေနဲ့ပြုလုပ်လိုက်တယ် မ Likeဘူးမပြောပါနဲ့ ။  ။

မိုးသက်ငြိမ်ဦး
13.5.2016

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ဆက်သွယ်ရေးကြိုးတန်းမှတဆင့် အသွား ထက်ထက် ချွန်မြမှုတွေ ဆင်းလာတယ်
လှမ်းကြည့်လိုက်တဲ့အခါ ချွေးပြန် နေတဲ့ ပင် လယ်စာတွေက အတက်အဆင်း ကြမ်းနေတယ်
ဓားစာခံတချို့ဟာ မျက်လုံးအဝတ်စည်း ခံပြီး ကိုယ့်ရဲ့ထွက်သက်ကို ကြည့်ရှုသူ တွေများအောင် အသုံးတော်ခံနေတယ်
ပန်းခြံထဲက ခုံတန်းတွေပေါ်မှာ ခန္ဓာကိုယ် ချင်းပူးကပ် နေတဲ့ ထောင် ချောက် တွေထိုင် နေတယ်
မ နေ့က အ မေ ဟာ ငါ့ဆီ ဖျားနာ သတင်း ကို လှမ်းမေးတယ်
အဲဒီ အချိန်တုန်းက ပတ်ဝန်းကျင် တစ်ခုလုံး မှာ အလင်းက မှိန်နေတယ်
အ ဝေးက အိမ်မြှောင် စုတ်ထိုးနေတဲ့ အသံ ကို ကြွက်က တွင်းထဲကိုက်ချီသွားတယ်
ဘယ်လိုင်းပြောင်းပြောင်း အ တွေ့အကြုံ သုံးနှစ် ရှိရမယ် အသက် ၃၀ ထက်မ ကျော် လွန် ရ နဲ့ တိုးနေတယ်
ပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေအ တိုင်း ရောင်းဗန်းနောက်မှာ အသက် တွေအထပ် လိုက် ပစ်ထားတယ်
မှတ်ဥာဏ်မြောင်းထဲမှာ သုံးခွက်တစ် ခွက်တင် ကျိုချက်ထားတဲ့ အညွန့်က ညှိုးရော် နေတယ်
အစိမ်းရောင် အစက် က လေးပေါ်မှာ အိပ်မ ပျော်မှုတွေကို အပြန်အလှန်နား ထောင် ပေးကြတယ်
ငါ့ ဆီဝင် လာတဲ့ missed call တစ်ခုကို ပြန်ခေါ် တော့ ခေါ်မထားဘူးလို့ ပြန်ပြော တယ်
Virus တွေဟာ တရွရွ နဲ့ သွေးကြောတွေ ထဲ ဖောက် ဝင် ငယ်ထိပ်ဆီ တက်လာတယ်
အ ဖေ က ပျော် ရွှင် မှုတွေ အ ကြောင်း လှမ်းမေးတယ်
ဒါ ပေမယ့် အားရဝမ်းသာ ငါ့အ ဖြေစကား တွေကို လိုင်းအခက်အခဲ ကြောင့် ငါ့အ ဖေက
"အဲ့ဘက် က ပြောတာ ဘါမှ မကြားရဘူး " လို့ပြောတယ့် 
ငါ့ ဘက် မှာတော့ အသံကို ကြည်ကြည် လင် လင် ကြားရတယ်
တွန့်လိမ်နေတဲ့ သွေးပြန်ကြောတွေဟာ ဝါယာကြိုးတွေကြား ဖျားနာနေတယ်။   ။
ငါ့မျက်နှာ က တော့ နှင်းတွေကြား ပိတ်မိ နေတယ်။  ။

ဒီလူည

သရုပ်ဖေါ်ပုံ ဆာဗေးဒိုဒါလီ

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

တမနက်လုံးတွေးလာတာ ငါးကန်ထဲက ရွှေငါးတွေမဟုတ်ဘူး။
အဆက်အစပ်မရှိဘဲ ခေါ်နေတာမျိုးမဟုတ်ဘူး။
မနက်စောစော နိုးလာတော့ ကြက်ခြံကို ငါရှင်းခဲ့သားပဲ
ကြက်ပေါက်လေးတွေဟာ ချစ်စရာကောင်းတယ်လို့ ထင်တယ်။
ရန်လိုနေတဲ့ကြောင်ကို ကြက်ခြံထဲဝင်ခွင့်မပြုခဲ့ဘူး။
ငါ့ကြောင်ဟာ ကြက်ကလေးတွေ အကြောင်းတွေးနေလိမ့်မယ်။
ငါ့ကြောင်ဟာ ပူစီပဲ။သူမဟာ made in myanmar 
ပူစီ လေကြောင်လေ။စက်ရုပ်မဟုတ်ဘူး။ထားတော့။
အလုပ်ထဲရောက်ပြီး ကော်ဖီသောက်တော့ ခွက်ထဲ ကြက်ခြံရယ်
ကြက်ပေါက်စကလေးတွေရယ် ရောက်လာပြန်တယ်။
မဟုတ်ဘူး သကြား မထည့်ဘူး။ပြောပြီးသားပဲ။
ပြောင်းလဲကြည့်တော့လည်း မရဘူး။
အဲ ငါမေ့နေတာ ငါ့ကြောင်ဟာ ကြောင်မလေးပဲ
ဟိုဘက်အိမ်က ကြောင်ထီးကြီးဟာငါ့ကြောင်မလေးကို လာကြူနေမလား
ဒါမှမဟုတ် နှစ်ကောင်သား ချစ်တင်းနှောပြီး
ကြက်ခြံကိုဖောက် ကြက်ပေါက်ကလေးတွေကို စားနေကြမလား
မဟုတ်လောက်ဘူး ငါ့ကြောင်ဟာ သစ္စာရှိလောက်ပါတယ်
မဟုတ်လောက်ဘူး ကြောင်ဟာဘာဖြစ်ဖြစ် တိရစ္ဆာန်ပဲ
ကြောင်မလေးကို ငါမွေးထားတာ ကြွက်ရှင်းဖို့ မဟုတ်ဘူး
ကြောင်မလေးကို ငါမွေးတာ ကြက်ပေါက်လေးတွေ စားဖို့ မဟုတ်ဘူး
သောက်လက်စ ခွက်ကို လက်စဖြတ်လိုက်တယ်
အိမ်ပြန်ဖို့ ဖြစ်ဖြစ် အလုပ်ထဲအာရုံနှစ်ဖို့ ဖြစ်ဖြစ် 
အို...ငါမေ့နေတာ ငါဟာ လူတစ်ယောက်ဆိုတာမျိုး
လူတွေးတွေး နေမိတာပါ ရယ်စရာတော့ အကောင်းသား။

ဆလိုင်းမြတ်နိုးသူ
၂၀၁၆/ မေ ၈

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


အတိတ်တွေက အ နှေးပြကွက်တစ်ခုလို
တစ် ရစ်ချင်းတက်လာတယ်
အဖြူအမည်းလေးနဲ့ မပီမပြင် ပုံရိပ်တွေ ထဲ
လူဝင် စားဟာ ခေါင်းကို တွင် တွင် ခါနေ တယ်
သူ ရောက် ရှိနေတဲ့ နေရာဟာ
တစ်ခါတ လေ အသစ်အဆန်းကြီးဖြစ်ပြီး
တစ်ခါတ လေ ရင်းရင်းနှီးနှီး ရှိနေပြန်တယ်
မှတ်သားဖူးတဲ့ မျက်နှာတွေက ည ည ပေါ်လာတယ်
ဒီလို လေထဲ မိုးထဲ
တွဲထားတဲ့ လက်က လေးတစ်စုံ ကွဲသွား ခဲ့ဖူးတာကို
ပြန်ပြီး သတိရမိတယ်
တကယ်တော့ သူ့အသက်က ငယ် ပေမယ့်
သူ့အတိတ်တွေက အ ရွယ်လွန်နေ ကြောင်း
သူ သတိထားမိ ပါတယ် လို့ လူဝင် စားက ပြောတယ်
တောလည်နေတဲ့ လူတစ်ယောက်လို ခံစားချက်မျိုး
ဒီနေရာတွေမှာ သူ့ခြေရာတွေ
မြောင်းပေါက် နေပြီလားလို့ သံသယ ဝင် မိတယ်
ကျန်ခဲ့တဲ့အ ကြောင်းတွေ ပေါ်လာတော့
သူဟာလတဖြည်းဖြည်း လူတွေကို စိတ် ဝင် စားလာသလို
လူတွေကလည်း သူ့ကို အဆက်အ သွယ် မဖြတ် ကျတော့ဘူး
အရင် ဘဝက မိဘနဲ့ ဒီဘဝက မိဘ
အရင် ဘဝကချစ်သူ နဲ့ ဒီဘဝက ချစ်သူ
တစ်နေရာတည်းမှာ
ရုပ်တွေက ပြောင်းလဲပြီး စိတ်တွေက ရော နှောနေတယ်
မျက်လုံးက လေးကိုမှိတ်လိုက်တိုင်း
အရင် ဘဝကို ပြန်ရောက်သွားသလိုနဲ့
လက် ရှိဘဝ ထဲ ပျော်နေမိတယ်
ဘဝ နှစ်ခုရဲ့ အချိတ်အဆက် ကာလမှာ
နေရထိုင် ရ အသားမကျပေမယ့်
အရွယ် ရလာရင်တော့
သူ့ရဲ့ မှတ်မိနေတဲ့ မှတ်ဥာဏ်မြောင်း တွေ ကောပြီး
ဒီဘဝမှာ အစီအစဉ်တကျနဲ့ နေသားကျ သွားမယ်လို့
လူဝင် စားက တစ်ကိုယ်စာ ကြားရုံ ပြောလိုက်တယ်။  ။

                ဒီလူည

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


အတိတ်တွေက အ နှေးပြကွက်တစ်ခုလို
တစ် ရစ်ချင်းတက်လာတယ်
အဖြူအမည်းလေးနဲ့ မပီမပြင် ပုံရိပ်တွေ ထဲ
လူဝင် စားဟာ ခေါင်းကို တွင် တွင် ခါနေ တယ်
သူ ရောက် ရှိနေတဲ့ နေရာဟာ
တစ်ခါတ လေ အသစ်အဆန်းကြီးဖြစ်ပြီး
တစ်ခါတ လေ ရင်းရင်းနှီးနှီး ရှိနေပြန်တယ်
မှတ်သားဖူးတဲ့ မျက်နှာတွေက ည ည ပေါ်လာတယ်
ဒီလို လေထဲ မိုးထဲ
တွဲထားတဲ့ လက်က လေးတစ်စုံ ကွဲသွား ခဲ့ဖူးတာကို
ပြန်ပြီး သတိရမိတယ်
တကယ်တော့ သူ့အသက်က ငယ် ပေမယ့်
သူ့အတိတ်တွေက အ ရွယ်လွန်နေ ကြောင်း
သူ သတိထားမိ ပါတယ် လို့ လူဝင် စားက ပြောတယ်
တောလည်နေတဲ့ လူတစ်ယောက်လို ခံစားချက်မျိုး
ဒီနေရာတွေမှာ သူ့ခြေရာတွေ
မြောင်းပေါက် နေပြီလားလို့ သံသယ ဝင် မိတယ်
ကျန်ခဲ့တဲ့အ ကြောင်းတွေ ပေါ်လာတော့
သူဟာလတဖြည်းဖြည်း လူတွေကို စိတ် ဝင် စားလာသလို
လူတွေကလည်း သူ့ကို အဆက်အ သွယ် မဖြတ် ကျတော့ဘူး
အရင် ဘဝက မိဘနဲ့ ဒီဘဝက မိဘ
အရင် ဘဝကချစ်သူ နဲ့ ဒီဘဝက ချစ်သူ
တစ်နေရာတည်းမှာ
ရုပ်တွေက ပြောင်းလဲပြီး စိတ်တွေက ရော နှောနေတယ်
မျက်လုံးက လေးကိုမှိတ်လိုက်တိုင်း
အရင် ဘဝကို ပြန်ရောက်သွားသလိုနဲ့
လက် ရှိဘဝ ထဲ ပျော်နေမိတယ်
ဘဝ နှစ်ခုရဲ့ အချိတ်အဆက် ကာလမှာ
နေရထိုင် ရ အသားမကျပေမယ့်
အရွယ် ရလာရင်တော့
သူ့ရဲ့ မှတ်မိနေတဲ့ မှတ်ဥာဏ်မြောင်း တွေ ကောပြီး
ဒီဘဝမှာ အစီအစဉ်တကျနဲ့ နေသားကျ သွားမယ်လို့
လူဝင် စားက တစ်ကိုယ်စာ ကြားရုံ ပြောလိုက်တယ်။  ။

                ဒီလူည

Subcategories

 

 

လုံးဝိုင်း ပျော့ပြောင်းလေတော့ 

သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 

ဘာမဆို ဖြစ်လာနိုင်တယ်

ပထမဆုံး 

သားရေကွင်းကို မင်း ညာ လက်မနဲ့ 

ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်

ပြီးတော့ ဘယ်လက်ညိုးကို 

သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ

ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်

ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်

အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  

သားရေကွင်း တြိဂံ ပေါ်လာမယ်

ကြယ်မဖြစ်ခင် 

တြိဂံ အရင်ဖြစ်အောင် ကြိုးစား

ပြီးမှ မင့် ဘယ်လက်ညိုးကို 

တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး

တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်

အောက်ကို ဆွဲချ

ဟုတ်ပြီ

လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို

ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်

ဟော 

မင်းလက်ခုပ်ထဲက ကြယ် 

သေးချင်လည်း ဖြစ်တယ် 

ကြီးချင်လည်း ဖြစ်တယ်

အမျိုးသားစာပေဆုပေးမလား

အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 

မှောက်ချင် မှောက် နိုင်တယ် 

လှန်ချင် လှန် နိုင်တယ်