ကဗျာ
- Details
- Written by မင်းလုဇော်
- Category: ကဗျာ
- Hits: 1169
ရုပ်တည်ကြီးနဲ့အဆီတ၀င်းဝင်း အိုးစားဖက်
ု အမြက်တော်ရှ သဲတရှပ်ရှပ် နာခံတော်မက်လုံးများ
ပခုံးပေါ်မှာအရိအရွဲ ဘယ်လောက်သားဟုတ်လိနိုးနိုးဆင်
ကျေနပ်မှုမရှိက တိုင်ကြားနိုင်သောနာဖျား ဥပါယ်ဆိုင်းဘုတ်များ
ကိုယ့်အထာနဲ့ကိုယ့်အထွာနဲ့ သံချေးတက်ယိုးမှား
ဗန်းစကားအတိုအစတွေ
အိုးကင်းနှင့်လှော် ရေနှင့်ကြော် မိုးမျှော်နိုင်ငံရေး
အထူးလော တက်တိမ်လော ပျံကျစာသားတွေထိုးထည့်
သေချင်သေ ရှင်ချင်ရှင် အင်မတန့်အင်မတန်
သူရဲကောင်းဆန်ခဲ့
ထောင်းထောင်းငယ်လျှံငွေ့ လောင်ဓလေ့နှင့်
နွေဦးဟာကွေ့ရှောင်
တစ်သွန်ကူလှောက် ခေါက်ထားတဲ့အိပ်မက်တွေ
ခေါက်ရိုးကျိုး ခေတ်ထဲ မှိတ်ပါလျှင်လိပ်ပြာကအေးတာမို့
စိတ်ရှိတိုင်းရွှေနံကားအောင်စား
(ဒသမတန်းမြန်မာကဗျာလက်ရွေးစင်စာ
မင်းလုဇော်
- Details
- Written by ကိုကိုသက်
- Category: ကဗျာ
- Hits: 1135
ဆရာ့ ဆရာကြီးတွေတောင် အမြီးကုပ်ပြန်လာတတ်လို့
အဲဒီကို အသက်လေးဆယ်အောက်လူငယ်တွေ လုံးဝမသွားသင့်ဘူး
မနူးမနပ်လေးတွေသွားရင် ပြဲရွဲ ပြန်လာမယ်
အဲဒီ စိတ်ဒါဏ်ရာကို ကုစားဖို့ ဆေးမရှိဘူး
စတုထ္တ ကမ္ဘာနိုင်ငံသား ဘယ်သူမဆို အဲဒီကို သူ့နိုင်ငံကနေ
တိုက်ရိုက်မသွားသင့်ဘူး
အနည်းဆုံးတော့ ဒုတိယကမ္ဘာမှာ လေယာဉ်ပြောင်းစီးသင့်တယ်
မိဘမျိုးရိုးနာမည်မရှိတဲ့ ယဉ်ကျေးမှုကလာသူတွေ
မိဘရဲ့ မွေးနေ့ တိတိကျကျ မသိသူတွေ
မောင်းသူမဲ့လေယာဉ်ကချသွားတဲ့ ဗုံးကြောင့်ဖြစ်တဲ့ ချောက်ကြီးထဲက
ဖုံတလုံးလုံးနဲ့ ကုန်းရုန်းထွက်လာသူတွေ
ဘယ်တိုင်းပြည်ရောက်ရောက် ကိုယ့်နိုင်ငံ ကိုယ်ထူချင်သူတွေ
ယာဉ်မောင်းလိုင်စင်မရှိသူတွေ
အမေရိကဌာနေတိုင်းရင်းသားတွေနဲ့ အမျိုးသွားစပ်လိုသူတွေ
ကျွန်စိတ်ရှိသူတွေ၊ သခင်စိတ်ရှိသူတွေ
ခရီးသွားမှတ်တမ်းထိုင်ရေးအလုပ်
တကယ့်ခရီးကိုမေ့သွားသူတွေ
အလျားသာရှိ အနံမရှိသူတွေ
အသွားသာရှိပြီး အပြန်မရှိသူတွေ
မသွားသင့်ဘူး
လောကကြီးမှာ မသာဦးရေက သက်ရှိလူဦးရေထက်များတယ်
အမေရိကန်ဗီစာမရသူလူဦးရေက ဗီစာရသူလူဦးရေထက်များတယ်
အမေရိကဆိုတာ နိုင်ငံတိုင်းမှာရှိ
အမေရိကဆိုတာ နှလုံးသားတိုင်းမှာရှိ
သင်ရှာဖွေနေတာ
တောင်အမေရိကလား၊ မြောက်အမေရိကလား
မြောက်အမေရိကထဲက တောင်အမေရိကလား
တောင်အမေရိကထဲက မြောက်အမေရိကလား
အရင်ကွဲပြားပါစေ
ဘာမှမပူပါနဲ့ 
လူတိုင်းဟာ သူ့ကိုယ်ပိုင် အမေရိကကို
တနေ့မဟုတ်တနေ့ သူကိုယ်တိုင် ရှာဖွေတွေ့ရှိမယ်
အဲဒီနေ့ မတိုင်ခင်နားလည်ထားဖို့က
ဗီစာဖောင်ရဲ့ ပညာရေး ဆိုတဲ့ကွက်လပ်မှာ
သင်ယူထားသမျှ အားလုံးကို မေ့ပစ်လိုက်သူ
‘‘self-untaught’’
လို့ ဖြည့်လို့မရဘူး
ကိုကိုသက်
ပန်းချီ အမေရိကန် အနုပညာရှင် ဂျက်စပါဂျွန်
- Details
- Written by ဒီလုည
- Category: ကဗျာ
- Hits: 1299
အဝါရောင် ဟာ လူဝင် ဆန့်နေတယ်
လူတွေရဲ့ လက်တွေ လည်ပင်းတွေမှာ
အဝါရောင် ဟာ တလက်လက်နဲ့
အဝါရောင် ဟာ ဟန်ပါပါကြီးနဲ့
မော့ကြည့်နေတဲ့ မျက်ကြည်လွှာတွေဆီ
အဝါရောင် ဟာ လာလာ စိုက်တယ်
အဝါရောင် ဟာ နာကျင် ကိုက်ခဲမှုပဲ
ဒီနှစ် မင်္ဂလာဆောင် အ ရောင် ကလည်း အဝါပဲ
ပီကေ ဆောင်းခဲ့တာလည်း အဝါရောင်
ဗန်ဂိုးဆွဲခဲ့တဲ့အ ရောင် တွေမှာလည်း အဝါရောင် ပါတယ်
ဒီတော့ အဝါရောင် ဟာ သွေးကြီးလာတယ်
ဒီတော့ အဝါရောင် ဟာအဖူးမြော် ခံချင် လာတယ်
ဒီတော့ အဝါရောင် ဆို လက်ညှိုးထောင် ခေါင်းညှိတ် ဖြစ်လာတယ်
ဒီတော့ အဝါရောင် မှာ ကြေးရောမှု ပိုများ လာတာမသိကြဘူး
ဒီတော့ အဝါရောင် ဟာ တစ်နှစ် အာမခံ
နှစ်နှစ် အာမခံ နဲ့ အတုနဲ့အစစ် ခွဲဖို့ခက် လာတယ်
အဝါရောင် ဟာ သည်းခြေကြိုက် ဓာတ်စာ သတ္ထုတစ်မျိုးပဲ
အဝါရောင် ဟာ တွင်းအောင်းတစ်မျိုးပဲ
လူလူချင်း သွေးခွဲတာလည်း အဝါရောင် ပဲ
လူလူချင်း အချစ်ခံရတာလည်း အဝါရောင် ပဲ
သစ်သီးတွေ ပိုးထိုးပြီဆို
အဲဒီ သစ်သီးအ ရောင် ဟာ အဝါပဲ
( ဥပမာ-မာလကာသီး၊သရက်သီး )
အဝါရောင် ဟာ ပွဲနေပွဲထိုင် မှာ ပြုံးပြ တတ်တဲ့အ ရောင်
အသက်အရွယ်အရ လူကြီးတချို့ဟာ
အဝါရောင် ကိုမဝတ်ကြဘူး
တပယ်တော့ အဝါရောင် ဟာ
နေ့စဉ်သွားလာ လှုပ် ရှားမှုတွေကြားမှာ
ချောင် ထိုးထားတဲ့အ ရောင် တစ်မျိုးပဲ
ငါ့မှာတောင် ချွေးသုတ်ဖို့
အ ဝါရောင် စွပ်ကျယ် လေးတစ်ထည် ရှိတယ်။ ။
ဒီလူည
- Details
- Written by မိုးသက်ငြိမ်ဦး
- Category: ကဗျာ
- Hits: 1135
သကာတွေ့နေတဲ့အချို ရှာလေသူက ဘဝကခါးတယ်လို့သာပြော ၊ မနေ့က
တွေ့လိုက်တော့ ဒုက္ခကပျားရည်စက်တဲ့ ၊
တကယ်တမ်းတော့ ဘယ်သူမှ ဆင်းရဲတွင်း
မနက်ချင်ဘူးကိုယ့်လူ လို့ ပြောဦးမှာ မဟုတ်လား ၊ ခင်ဗျားစင်္ကြန်လျှောက်နေတာ ဓားသွားပေါ်မှာလား မျက်ခုံးမွှေးပေါ်မှာလား ၊ ရဲရဲတောက်ခဲ့တာ
ငယ်တုန်းကပါလို့ ရှက်ရယ် ရယ်ပြီး ပြောဦးမယ် ၊ ယူထားလိုက်မိတာတွေအတွက်နော
ပြားခဲပြီ ၊ ကမ္ဘာဟာပြားခဲ့ပြီ ။
ကဗျာကိုလဲထားခဲ့ပြီ ၊
ခါးခဲ့လေသမျှ ချို ပါရစေတော့
အမှန်ကိုမျက်ကွယ်ပြုတယ် ဆိုချင်ဆို ။ ။
မိုးသက်ငြိမ်ဦး
Subcategories
သားရေကွင်းကို ကြယ်ဖြစ်အောင် ဖန်တီးခြင်း Article Count: 0
လုံးဝိုင်း ပျော့ပြောင်းလေတော့
သားရေကွင်းဆိုတာ ကြယ်မှ မဟုတ်
ဘာမဆို ဖြစ်လာနိုင်တယ်
ပထမဆုံး
သားရေကွင်းကို မင်း ညာ လက်မနဲ့
ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်
ပြီးတော့ ဘယ်လက်ညိုးကို
သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ
ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်
ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်
အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့
သားရေကွင်း တြိဂံ ပေါ်လာမယ်
ကြယ်မဖြစ်ခင်
တြိဂံ အရင်ဖြစ်အောင် ကြိုးစား
ပြီးမှ မင့် ဘယ်လက်ညိုးကို
တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး
တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်
အောက်ကို ဆွဲချ
ဟုတ်ပြီ
လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို
ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်
ဟော
မင်းလက်ခုပ်ထဲက ကြယ်
သေးချင်လည်း ဖြစ်တယ်
ကြီးချင်လည်း ဖြစ်တယ်
အမျိုးသားစာပေဆုပေးမလား
အမျိုးသား သစ္စာဖောက် စွပ်စွဲမလား
မှောက်ချင် မှောက် နိုင်တယ်
လှန်ချင် လှန် နိုင်တယ်