ကဗျာ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

အဲဒါကောင့် ငါ့ အလုပ်လို ခံယူမထားဘူး

စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်လို

ရေသန်ဗူးပဲ သုံးဆောင်နေ၊ ငါ့ကိုယ်ပိုင်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့  ငါမကုံလိုံင်သေးလို

မနေက အင်းစိန်ဆေးရုံကို သွားခဲ့

ဆေုးံ စင်းကန်ပေမှာ လောကဓံနဲ

အပစ်အခတ် ရပ်စဲရေး ဆွေွးေးနေသူတွေ

အရှောင်အတိမ်းကောင်းတဲ့

ငြိမ်းချမ်းရေး သမန်းကျားကို

အရှင်ဖမ်းမလား၊ အသေဖမ်းမလား

ရှင်ကီး ခေ ဖမ်းခိုင်းမလား

ရှင်ကီးကျားထက်ဆိုးရင် ဘယှ်ယ်လုပ်

ငြိမ်းချမ်းရေးဟာ သိပ်အရေးကီးတယ်

ဘုရားဖြစ်မယ့် အုတ်တချပ်မဖြစ်ချင်ဘူး

ကမ်းခြေက သဲတပွင့်လိုပဲ ငြိမ်းချမ်းချင်

ဒါတောင်

သောင်ပြိကမ်းပြိ ကာက်ရ

ခုနေများ သမိုင်းနဲ့ ပေးစားမယ် ဆိုရင်တောင်

ဘယ်လောက်နဲ့ တင်တောင်းမလဲ ဆိုတာပဲ

စိတ်ဝင်စားတယ်

 

ကိုကိုသက်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive




လက်ကာပြတယ် ခေါင်းခါတယ်
မရဘူးပြောလို့မရ
စပြီးပြီပဲ ဘာလဲ ဘယ်လိုလဲ ဘာအတွက်လဲ
မေးစရာလိုသေးလား
သွက်သွက်ခါနေတာ မျက်စေ့တဆုံးဆိုဆို
မျက်တောင်မွေးတဆုံးပြောပြော
အချီကြီး စဉ်းစားပြီး
ဟုတ္တိပတ္တိအခွံနွှာပေါ့ 
ဘာရမလဲ (တကယ်တော့ဘာမှလည်းမရပါဘူး)
ရရ မရရ ရသလောက်လေးနဲ့ပြန်ခဲ့ပေါ့
လျော့လျော့ပေး ဖောဖော့ပြီးတွေး
ကလေးအထာက ပကာသနမပါ
ဒါဒါဝါဒလား ဒါဝင်သီအိုရီလား
ဘူးလား ဘူးလားနဲ့ရူးသွားသူ
ဘာဆိုဘာမှမဟုတ်ရပါ
ငိုရယ် ငိုရယ် ဆန်တစ်ပြည်ဝယ်
ထူးမလားအထင်နဲ့ ထင်တစ်လုံးကို ရေမရောပဲမြို
မျိုးသုဉ်းအောင် မြိုနည်းပေါင်းများစွာ
များများနဲ့မြန်မြန်ပေါ့ တယ်လဲဟန်သကိုး
မြို့များ ရွာများ တောင်ကတုံးများ
လေချွန်မပျက် ရောမမြို့အရည်ကျိုသောက်ဖို့
မဆိုင်တဲ့တယောက အဆစ်ပါသေးတယ်
အဆာပြေသံဝေဂနဲ့ ဘာတွေချစ်ပြအုံးမှာလဲ
ရင်တမမ။  ။
       
                         

မင်းလုဇော်

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


     
ဖလင် မှာပေါ်နေတဲ့အရုပ် ကို ဇန်နီ ကြည့် နေတယ်
အလင်းပြန်မှုများတဲ့ နေရာလေးရောက်တော့
တချိန်က မှန်ကြည့်မိတဲ့ ကိုယ့်မျက်နှာ လေး ကို သတိရမိတယ်
ခလုတ်တွေက သိပ်ပြီးများတာပဲ
ပြည်တွင်းဖြစ်တွေ နိုင် ငံခြားဖြစ်တွေနဲ့ စီဒီုပြားပေါ်
ခုတ်တင် ထားတဲ့ ရယ်စရာတွေကြားမှာ
ဇန်နီ ခဏ နားနေမိတယ်
ရုပ်ထွက် ကောင်းဖို့လိုတယ်
ဆေးသား ကောင်းဖို့လိုတယ်
ဖျပ်ခနဲ လင်းမယ့် ရိုက်ချက်ထဲမှာ
သေရာပါအောင် မီးပူတိုက်ထားတဲ့ အကျီ င်္ လေးကို
ကော်လံ ထောင် ထားတယ်
ရေမချရ သေးတဲ့
ပြောင် ချောနေတဲ့ မျက်နှာပြင် ပေါ်
လဲကျမသွားအောင် ဟန်ချက် ကို ငြိမ်အောင် ထိန်းပြီး
ခြေကုပ်အားကောင်းအောင် လေ့ကျင့်ထား ရတယ်
မှန်ဘီလူးခုံးပေါ်မှာ ပုံရိပ်တွေ စုဆုံ စေဖို့
လိုအပ်တဲ့အကွာအ ဝေးနားမှာ ဇန်နီ ရပ်နေ တယ်
ကင် မရာက ပြုံးပြုံးကြီးနဲ့ ဇန်နီ့ ကိုကြည့် နေတယ်
မြင် ကွင်းလေးတွေ စိမ်းလန်းအောင် zoom အတိုးအ လျော့လုပ်လိုက်တယာ
အ ရေးထဲ ဇာတ် ရှိန်တက်လာမှ ကြော်ငြာက ဝင် လာတယ်
မိုးက အုံ့လာတယ်  ခြေလှမ်းတွေက ပို ရှုပ်သွားတယ်
ဇန်နီလည်း ပြေးပြေးလွှားလွှားသတင်းထဲ ပါသွားတယ်
ည ရောက်တော့
ကင် မရာက breaking news မှာ ထုတ်လွှင့်နေတဲ့
အရုပ်တွေ ကိုကြည့်နေတယ်
သူ ရိုက်ထားတဲ့ ပုံတွေမပါဘူး လို့ပြောတယ်
ဖန်သားပြင် မှာ ပေါ်နေတဲ့ ဇန်နီက ကင် မရာ ကို လှမ်းကြည့်နေတယ်
မှတ်မှတ် ရရ အဲ့ဒီညမှာ
ကင် မရာ အိပ် ရာ ဝင် နောက် ကျခဲ့တယ်။   ။

                     ဒီလူည

Star InactiveStar InactiveStar InactiveStar InactiveStar Inactive




ခင်ဗျားဖတ်ဖို့ရေးလိုက်တာပါ
ခင်ဗျားကျော်သွားမှန်းသိပါတယ်
ခင်ဗျားရဲ့ခံစားမှုကို မထိခတ်နိုင်တဲ့ကဗျာ
ဒါမှမဟုတ် စကားစုတစ်ခု
ဒါမှမဟုတ် ရေးချင်ရာရေးသောစာ
ခင်ဗျားဖတ်ကြည့်ဖို့ရေးလိုက်မိတာပါ
ခင်ဗျားဖတ်ချင်မှဖတ်မယ်မှန်းသိပါတယ်
ခင်ဗျားဖတ်ချင်စရာအဆင်တန်ဆာကို
ကျနော်မသိတာမှန်သလို
ခင်ဗျားမဖတ်ချင်လို့ကျော်သွားတာလည်း
မှန်ပါတယ်
ခင်ဗျားမဖတ်တဲ့ကဗျာဟာ
ခင်ဗျားမဖတ်တဲ့ကဗျာဖြစ်ပြီး
ခင်ဗျားမဖတ်တာကခင်ဗျားမဖတ်တာပဲဖြစ်ပါတယ်
ရေရေလည်လည် အဲ့ဒီလို ရှင်းလင်းပြီး
ခင်ဗျားကောကျနော်ပါ
ကမ္ဘာကြီးထဲကလေကိုရူပြီး
ကမ္ဘာကြီးထဲ ရှင်သန်ကျက်စား
ခင်ဗျားမဖတ်တဲ့ကဗျာလည်း
ဒီကမ္ဘာကြီးထဲရှိခဲ့တယ်ပေါ့။

လင်းသက်ငြိမ်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ချစ်ခြင်းတူပြိုင်ပြီးတဲ့နောက် ၊ ဝက်သိုးလိုအားအင်စိုက်ထုတ်ပြီးတဲ့နောက် ၊ ရထားစက်ခေါင်းလို အသက်ရှူသံပြင်းပြင်း
မှုတ်ထုတ်ပြီးတဲ့နောက်မှာတော့ တုံးလုံးပက်လက်အသေကောင်လို တခူးခူးတခေါခေါ၊
ညဟာညဆိုတဲ့အတိုင်း တိတ်ဆိတ် မှောင်မိုက်ည
အထနှေးသူမိန်းမသားတစ်ယောက်အဖို့ 
ဘာနဲ့စိတ်ကိုငြိမ်ရမလဲ ဘာနဲ့အာသာဖြေရမလဲ
ဘေးနားနှစ်နှစ်ခြိုက်ခြိုက်အိပ်နေလေ
အလိုလိုစိတ်တွေထကြွသောင်းကျန်းဒေါသထွက်နေရလေပဲ
အလကား အဖြစ်မရှိတဲ့လူ ..ကိုယ့်ဖို့ပဲသိတဲ့လူ ..
တဖက်သားကိုမစာနာပဲ ပြီးပြီးရောလုပ်ချင်တဲ့သူ
ပန်းသေနေတာနဲ့ဘာထူးလဲ သေတာပဲကောင်းတယ်
အလိုမပြည့်မှုကကျိန်စာတွေသာထွက်လာခဲ့
အားဖြည့်လောင်စာတိတ်ဆိတ်ညနဲ့လိင်စိတ္တဇကို
မီးလောင်ရာလေပင့် ...
ခုတင်ကထ ပုံချထားတဲ့အဝတ်အစားနဲ့အသေကောင်ကို
စိတ်ပျက်စွန့်ခွါ
အသေကောင်လိုသာ 
နောက်ဖေးထွက်လာရင်း 
နောက်မီးဖွင့်လိုက်ပါတော့တယ် ။ ။

 ဆီလီကွန်နာမိုး

ပန်းချီ ထိန်လင်း

Subcategories

 

 

လုံးဝိုင်း ပျော့ပြောင်းလေတော့ 

သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 

ဘာမဆို ဖြစ်လာနိုင်တယ်

ပထမဆုံး 

သားရေကွင်းကို မင်း ညာ လက်မနဲ့ 

ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်

ပြီးတော့ ဘယ်လက်ညိုးကို 

သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ

ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်

ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်

အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  

သားရေကွင်း တြိဂံ ပေါ်လာမယ်

ကြယ်မဖြစ်ခင် 

တြိဂံ အရင်ဖြစ်အောင် ကြိုးစား

ပြီးမှ မင့် ဘယ်လက်ညိုးကို 

တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး

တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်

အောက်ကို ဆွဲချ

ဟုတ်ပြီ

လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို

ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်

ဟော 

မင်းလက်ခုပ်ထဲက ကြယ် 

သေးချင်လည်း ဖြစ်တယ် 

ကြီးချင်လည်း ဖြစ်တယ်

အမျိုးသားစာပေဆုပေးမလား

အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 

မှောက်ချင် မှောက် နိုင်တယ် 

လှန်ချင် လှန် နိုင်တယ်