ကဗျာ
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ရိုးအလွန်းတာလား ထူပိန်းနေတာလား
ဒါမှမဟုတ် မုန့်လေပွေလိုပါးလှပ်နေတာလား
ကိုယ်ရာမှာသူ့ကိုခေါ်ကြတာက တောက်တို
တောက်တိုဟာ သူ့ကိုယ်သူ
တောက်တိုမှန်းမသိ တောက်တိုဆိုတော့
ချိန်ခါသင့်ဝတ်တတ်စားတတ်
အံဝင်အောင်ပြောတတ်ဆိုတတ်
တောက်တိုက ဖင်ပေါ့တယ်
တောက်တိုမှာ ဟုတ်ကဲ့ပဲရှိတယ်
သူ့လောက်မရှိတဲ့လူတွေနဲ့မတွေ့ခင်အထိ
သူ့လောက်မသိနားမလည်သူတွေနဲ့မဆုံခင်အထိ
တောက်တိုရဲ့ ငြိမ်ဝပ်ပိပြားမှုဟာ
သူ့ကိုးကွယ်တဲ့ သူ့အထက်ကလူများ
တံတွေးကိုအပေါ်လှန်မထွေးရဘူးဆိုတာ
တောက်တိုသိတော့ တောက်တိုထွေးတဲ့တံတွေးက
တောက်တိုရဲ့အောက်ကလူတွေအပေါ်
ခပ်တည်တည်ဖိန့်လုံးတွေ
ရုပ်တည်ကြီးနဲ့ခြိမ်းခြောက်မှုတွေ
တောက်တိုက အကယ်ဒမီရှော့ပဲ
တောက်တိုကအပီအပြင်ပဲ
သခင့်ရှေ့မှာငြိမ်နေရတဲ့ကြောင်လို
တောက်တိုလမ်းလျှောက်ရင်မြောက်ကြွကြွ
လူကြီးတွေရှေ့သိမ်မွေ့အိညက်သော
တောက်တိုရဲ့အသံက
အရပ်ထဲကျ ကျယ်ကျယ်လောင်လောင်မြည်ဟီး
တောက်တိုဟာ ဟာသမှန်းသိပေမယ့်
တောက်တိုအထက်ကအရိပ်တွေကို
ကြောက်ကြရတဲ့ လူတွေခမျာ
တောက်တိုရှေ့မှာ ပေါ်တင်မရယ်ရဲ
တောက်တိုလို့တောက်တိုကိုရယ်နေကြတာ
တောက်တိုလည်းသိပါတယ်
ရယ်သံတွေရှေ့သူရောက်သွားတဲ့အခါ
ဘရိတ်မိသွား ကားတွေလို တုန့်ခနဲရပ်သွားကြ
အဲ့ဒီအရသာကို
တောက်တိုအကြိုက်ဆုံးပဲဖြစ်မယ်ထင်တယ်
တစ်ချက်ငဲ့ကြည့်ပြီး တောက်တိုဟာ
တိမ်လိုတလွင့်လွင့်ဆက်လျှောက်သွား
ရယ်သံများပြန်ထွက်လာ
တောက်တို.....ဟား ဟား ဟား
တောက်တို.....ဟား ဟား ဟား
တောက်တို.....။                  ။
လင်းသက်ငြိမ်
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
၃ ကျောင်းပြောင်းတဲ့အရှင်မဟုတ်ပဲ
၃ လင်ပြောင်းခဲ့တာကို ယုံသလား ၊
ဆားငံရေသောက်တဲ့အခါတိုင်း
ဘယ်တော့မှ အားရကျေနပ်ခဲ့ရတာမရှိဘူး ၊
အပျိုဖော်ဝင်ချိန်ငုံ့ကြည့်တဲ့သူငယ်ချင်းကပြောတယ်
နင့်ဟာမှာ မှဲ့ပါတယ် ဖုဖုဖောင်းဖောင်းလေး
ပြောပြီးလက်နဲ့ပွတ်သပ်ကိုင်တွယ်အရသာ ခုထိမမေ့ ၊
စိတ်ထလာတိုင်းဆံပင်တွေဖြန့်ဆောင့်ဆွဲ
မြင်းစီးပစ်လိုက်တာပဲ ၊
မပြီးခင်ပြီးသွားတိုင်း
စိတ်အလိုမကျမှု တစ်ကိုယ်လုံးယားယံနေမြဲ ၊
ကောင်းလိုက်တာကောင်းလိုက်တာနဲ့ ကောင်းသွားတိုင်း
နောက်ထပ်နောက်ထပ်
ကောင်းချင်နေစမြဲ ၊
ပေါင်းသင်းခဲ့ရတဲ့လင် ၃ယောက်စလုံး
အမှီမလိုက်နိုင်ပဲ
သေသွားရစမြဲ ၊
ယောနိမှာ မှဲ့  ပါတယ်
သူ့နာမည်က
Siliconner Moe ။ ။
ဆီလီကွန်နာမိုး
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ရွတ်တဲ့သူမှာ နောက်ခံ အထုပ်အပိုးကီးကီး တစ်ခုလိုအပ်
သင့်ရဲ့ ရွတ်ခြင်းအလေးအပေါ့ဟာ သင်ထမ်းထားတဲ့ ပါရမီ
ထုပ်ကီးရဲ့ အလေးချိန်နဲ့ ညီမျှ၊ ရွတ်တယ်ဆိုတာ သင့်အသံ
နားမထောင်သူကို နားထောင်လာအောင် န္ဒပြတာ
ရွတ်တာထိရောက်ဖို တချို့နေရာတွေမှာ သင့်အသံကှိုစ်ခြမ်း
ခြမ်းလိုက်ရတာတွေ၊ ချောင်းဟန်လိုက်ရတာတွေ၊  သလိပ်ဖုံးသံ
ဖန်တည်းရတာတွေ၊ သူများအသံ ကောက်စားလိုက်ရတာတွေ
ရှိပေမယ့် ရွတ်ခြင်းရဲ့  ပန်းတိုင်က သင်ပေးချင်တာ သူရသွားစေဖို
ဝေသန္ဒရာမင်းကီး စည်းစိမ်ဥစာ၊ ဇနီး၊ သားသမီးပါ မကျန်
အားလုံးကို ပစ်တာ ကပ်စေးနည်းခြင်းကို ရွတ်တာ၊ ပျင်းရိမကို
ရွတ်ပြီး ပင်လယ်ပြင်မှာ လက်ပစ်ကူးတဲ့ မဟာဇနက မေခလာမကယ်
ရင်ဘယ်လိုနေပါ့၊ မဟာဗန္ဒုအလောင်းအလျာ မောင်ရစ်ဟာ
သူနားက မင်းမထမ်းကို  ရွတ်ပြီး  တံတောင်နဲ ထထောင်းခဲ့
သွားနဲ့  ခံတွင်းကျမ်းမာရေးကို ရွတ်ပြီး တစ်သက်လုံး ကွမ်းစားသွားခဲ့တဲ့
ကျပ်ဘကီး တယောက် ပါးစပ်ကင်ဆာဖြစ်တာတောင်
ပြံးပြံးပြံးပြံး ကွမ်းဝါးမပျက်၊ အမေက အဖေ့ကို ရွတ်ပြီးချစ်လိုက်တာ
အဖေနဲ့ အမေဟာ မတဲ့အတူနေ ချစ်-မုန်းအိမ်ထောင်ရေးထဲမြဲခဲ့
လောကကီးမှာ လူတိုင်းဟာ တစ်ခုမဟုတ် တစ်ခု ရွတ် နေက
အကြီးကျယ်အမြင့်မြတ်ဆုံး ရွတ်ခြင်းအနုပညာ ကဗျာမှာပဲရှိ
ကျုပ် အဲလို ရွတ်ချလိုက်တာ  ကြိုက်သွားတဲ့
သင်ကော ကျုပ်ကို ရွတ်ပြီး အရက်တိုက်သွားဦးမလား
အချိန် ရှိပါတယ်၊ တစ်ဘဝလုံး
သင် ရွတ်ချင်သလောက် ရွတ်ပါလေ
သင့်  ကျပ် လဟု ကို လာထိရင်တော့
မီးပွင့်သွားမယ်
ကိုကိုသက်
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ပင်လယ်ရဲ့ ဒိုက်တွေ
ကျော်လွှားနိုင်ခဲ့ပြီ
အခု
မီးပြတိုက်လေးလို
သူ့လက်မောင်းက
သူရဲကောင်း လက်ပတ်ကို
ဘယ်တော့မှ ခွာမချတော့ဘူး။     ။
ရတုသွေး
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
တာဝန်ကမပြီးဆုံးသေးပေမယ့်
ဇရာကြောင့် အနားယူလိုက်ရသူ
ဘဝပေးနဲ့ ဘဝအရေးအတွက်
ဦးစားပေးခဲ့ရလွန်းတော့
ခေါင်းထက်မှာမရဏအလံဖြူစိုက်ခြင်းခံရ
မှီစရာအားကိုးမရှိလို့
နောက်မှီပါကုလားထိုင်လေးဟာ
သူ့အတွက်စဉ်းစားတွေးတောရာဗိမ္မာန်ဖြစ်လာတယ်
ကျေးငှက်တွေအစာကျွေးခြင်းနဲ့
သူ့ရဲ့မနက်ခင်းအဖွင့်ဟာလှပလျှက်
အစာအသစ်ဆန်းနဲ့မရင်းနှီးဖူးသူမို့
ခေတ်သစ်ရောဂါရဲ့အဝေးမှာ ကျန်းမာနေတဲ့သူ
သစ္စာရှားလာတဲ့ဒေသမှာ မေတ္တာကိုအဖိုးအခမလိုပဲအားလုံးအတွက်ပေးတယ်
ဗုဒ္ဓတရားတော်များစီးဆင်းနေတဲ့သူ့သွေးထဲမှာ
စစ်ပွဲတွေကို မနှစ်မြို့ခဲ့
ငြိမ်းချမ်းရေးဟာ သူ့ရဲ့တသက်တာဆုတောင်းချက်တိုင်းပါတယ်
နိုင်ငံ့အရေးကို တခမ်းတနားဝင်မရေးနိုင်လို့
စားဝတ်နေရေးနဲ့လူမှုရေးကိုသာ
အေးအေးဆေးဆေးရေးနေတတ်သူ
ရှာဖွေကျွေးမွေးစရာ အကြွေးသစ်တွေလည်းမရှိခဲ့တော့
လောဘဟာ ထင်သလောက်မလောင်ဖြစ်ဘူး
အပြင်မှာရှာစားစရာမလိုလို့
ပင်စင်လစာလေးသာ စားနေတဲ့သူ
ပင်စင်စား။ ။
                         ဂိုးဂိုး(မောရမြိုင်)
Subcategories
လုံးဝိုင်း ပျော့ပြောင်းလေတော့ 
သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 
ဘာမဆို ဖြစ်လာနိုင်တယ်
ပထမဆုံး 
သားရေကွင်းကို မင်း ညာ လက်မနဲ့ 
ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်
ပြီးတော့ ဘယ်လက်ညိုးကို 
သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ
ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်
ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်
အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  
သားရေကွင်း တြိဂံ ပေါ်လာမယ်
ကြယ်မဖြစ်ခင် 
တြိဂံ အရင်ဖြစ်အောင် ကြိုးစား
ပြီးမှ မင့် ဘယ်လက်ညိုးကို 
တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး
တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်
အောက်ကို ဆွဲချ
ဟုတ်ပြီ
လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို
ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်
ဟော 
မင်းလက်ခုပ်ထဲက ကြယ် 
သေးချင်လည်း ဖြစ်တယ် 
ကြီးချင်လည်း ဖြစ်တယ်
အမျိုးသားစာပေဆုပေးမလား
အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 
မှောက်ချင် မှောက် နိုင်တယ် 
လှန်ချင် လှန် နိုင်တယ်