ကဗျာ
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ပွတ်ဆွဲဆွဲနေတဲ့ဖဲသမားလက်ထဲကဖဲချပ်ဟာ ငါမဟုတ်ဘူး
တော်လှန်သောမတော်လှန်သောဟာ ငါမဟုတ်ဘူး
အမျိုးသားရေးအမျိုးသမီးရေးဟာ ငါမဟုတ်ဘူးအာရပ်နွေဦးခေတ်ပြောင်းဟာ ငါမဟုတ်ဘူး ငါ့မျက်လုံး ငါ့ပါးစပ် ငါ့လိင်တံ
ငါ့ခြေလက် များဟာလဲ ငါမဟုတ်ဘူး  ငါ့ကိုယ်ထဲက 
ငါ့အသွေး ငါ့အသားဟာ ငါမဟုတ်ဘူး ရေးခဲ့သမျှစာတိုပေစများဟာ ငါမဟုတ်ဘူး ပြောခဲ့သမျှ သံတူကြောင်းကွဲများဟာ
ငါမဟုတ်ဘူး လုပ်ခဲ့သမျှ အရာမထင်ခြင်းများဟာ ငါမဟုတ်ဘူး ထင်ပေါ်ကျော်ကြားလူကြိုက်များလာရင် ဘာညာသာရကာ မိတ်ဆက်တွေ့ဆုံနေရင် သေချာတယ် အဲ့ဒါ ငါမဟုတ်ဘူး
ညောင်သီးစားချင်တဲ့အကျိုးလိုချင်လို့ညောင်ရေလောင်းနေရင်
ငါမဟုတ်ဘူး  ကျွန်တော့်ကဗျာလေး ဘယ်ကဲ့သို့ ညာကဲ့သို့ဟာ
ငါမဟုတ်ဘူး ခင်ဗျားကဗျာကြီးက ဗျာ ဟိုဟာ ဒီဟာ  ဟာ ငါမဟုတ်ဘူး အမိန့်နာခံတတ်တဲ့စစ်သားကလေးတစ်ယောက် အဲ့ဒါ ငါမဟုတ်ဘူး ဂုဏ်ရည်ပြောင်မြောက်သော 
သူရဲကောင်းကြီးတစ်ယောက် ငါမဟုတ်ဘူး  ကြောင်သူတော်ကြွက်သူခိုး ငါမဟုတ်ဘူး အရိယာသူတော်စင် ငါမဟုတ်ဘူး
ယဉ်ကျေးပျူ ငှါသာယာညှင်းပျောင်းပြန့်ပြူးညင်သာ ငါမဟုတ်ဘူး
တန်းစီချရေးလိုက်တော့မပြီးနိုင်မစီးနိုင်
နောက်မှာလဲတန်းစီစောင့်စားနေတဲ့
မကုန်နိုင်မခမ်းနိုင် ငါမဟုတ်ခြင်းများ ။  ။
မိုးသက်ငြိမ်ဦး
13.7.2016
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ဂေဟအပြောင်းအရွေ့ကြောင့်
တောင်တွေကတုံးပြောင်ကုန်တယ်
စီးဆင်းမှုနယ်ပယ်ကျဉ်းမြောင်းလာနှင့်အမျှ
ပက်ကြားအက်တွေနှင်းမဆွတ်သည့်အဖြစ်
ဂုဏ်တွေအသီးသီးဖော်နေကြတယ်
ရေအလယ်ကကြာနွယ်ဟာ
ပွင့်လန်းဖို့တစ်ဖန်အားသစ်လောင်
ကျီးပေါင်းတက်ခဲ့တဲ့လက်တွေဟာ
ဒီနေ့အနာဂတ်သစ်ကိုရေးခြစ်
မှင်ညစ်ညစ်တွေငါတို့မှုတ်ထုတ်ပစ်ခဲ့တယ်
နွေညလယ်ရဲ့ကဗ္ဗလာပြင်ကျယ်ဟာ
ကဗျာတစ်ပုဒ်အသွင်ဆောင်
ပြုစုပျိုးထောင်ရင်း
ပွင့်လန်းလာတာသံမဏိပန်းတစ်ခတ်ပေါ့။
                       ရာမညမင်းငြိမ်းချမ်း 
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
11:11pm ခြင်ထောင်ထဲမှာ ငါ့ကိုကြိတ်ဖို့ ချောင်းနေတဲ့ခြင်မကြီးမအိပ်ရဲသေး
11:12pm ကောင်းကင်တမာန်ဟာ ဘုရားသခင်အမိန့် နဲ့ ငါ့ကိုစောင့်နေခဲ့
ငါဒီလိုတွေးမိတယ် သူလည်း အိပ်ချင်မှာပဲ
11:13pm ကောင်းကင်တမာန်ဟာ အိပ်တတ်လို့ လား အိပ်ဖို့ လိုလို့ လား 
11:14pm ခြင်မကြီးကို ဖမ်းမိတယ်
မနက်ဖြန် သတင်းစာရှင်းလင်းပွဲလုပ်ရမယ် ခြင်တွေကို လုံးဝမချစ်ပါ
11:16pm ဆံပင်ဖြူတွေ ရမယ် ဆံပင်ဖြူတွေ ရမယ်
မုန့် ဟင်းခါးသည်လို အော်မိ ငါ့အသက် ၂၁ပဲရှိသေးတာ စိတ်ပျက်စရာ
အဖေဟာ ရှက်ဂီ ထုနေတုန်းပဲလား ပေါ်တင်လား အမေဟာ စိတ်တိုနေတုန်းပဲလား
11:18 pm ပါတနာက ပြောတယ် သောက်ပိုတွေကွာတဲ့
အင်းပေါ့ သောက်ပိုတွေပဲဖြစ်လို့ နေမှာပေါ့
ဒါပေမယ့် သူဒီလိုပြောတာ ငါသဘောကျတယ်
11:19pmကျေးဇူးတင်ရမယ် ငါဟာ အားနည်းနေတယ်
အိပ်ဖို့ ကြိုးစားနေတယ် မပြီးနိုင်မစီးနိုင် အားလုံးတိတ်ဆိတ်ပြီလား
11:20pm ငါလည်း ချင်းချင်းကို သိပ်ချစ်တာပေါ့ တကယ်ပါ
11:21pmပြောင်းသွားတဲ့ 20တုန်းက ဘယ်လိုလဲ 
သိဖို့ ကြိုးစားလေ မေ့လေ ဘာမှမသိတာက အန္တရာယ်တဲ့ 
ဒါကို ငါက လှောင်ရယ်နေ ဟားးးဟားးး
11:22pm မိန်းမရတဲ့ခါ တားဆေးတွေ မသုံးခိုင်းဘူး တက်ကျမ်းတွေ မဖတ်ခိုင်းဘူး
သိပ်ချစ်တဲ့အကြောင်း ငါထိုင်ပြောနေမယ် 
11:23pmငါဘာထပ်တွေးရမလဲ နေပါအုံးတစ်ခုခု အချိန်ဟာ ငါ့ကိုမစောင့်ပါ
11:24pmငါ့ကိုမစောင့်နိုင်တဲ့အချိန်ဟာ တယောက်ယောက်ကိုများ စောင့်ဖူးလား
တိတိကျကျ သိချင်နေတယ် ဘက်လိုက်လိုက် မလိုက်လိုက် 
ဒါပေမယ့် ခြေနှစ်ချောင်းကိုပဲမယုံနိုင်တာ
11:26pmစာလုံးပေါင်းပြင်ရုံနဲ့ ကုန်သွား တော်တော်အသုံးမကျတဲ့ကောင်ပဲ 
11:27pmအားလုံးလေးလာပြီ ပြီးဆုံးခါနီး သင်သိမယ်ထင်တယ်
11:28 pm ဘုရားသခင်နှင့်တကွ အားလုံးဂွတ်ဘိုင်။
ဆလိုင်းမြတ်နိုးသူ
2016 july 7
User Rating: 4 / 5
Star ActiveStar ActiveStar ActiveStar ActiveStar Inactive
တံတားလေးဆိုတာ စိတဇ၊ စိတ်ရောဂါ၊ စိတ်ဝေဒနာ
ဆိုတာတွေကို ကိုယ်စားပြရင် ရွာသာကီးဟာ 
စိတ်ကျမ်းမာရေးကို ညွန်း၊ စိတ်ကျမ်းမာရေးဆိုတော့ 
ပုထုဇနော လူတိုင်းနဲ့ ဆိုင်၊ိုင်ငံရေးအရပိုမှန်
ပိုစည်းကမ်းရှိခေတ်မှီဖွင့်ဖြိးတိုးတက်တဲ့ အသွင်ဆောင်မယ်လို 
အားလုံးမျှော်လင့်က၊ တံတားလေးကို ရွာသာကီးဘက် ရွှေ့တာ
လူနာတွေ လူနာမိသားစုတွေ န္ဒပြလိုမဟုတ်
ဆေးရုံးဝန်ထမ်း၊ သူနာပြ ဆရာဝန်တွေထဲကလည်း 
လူနာအများကို ကိုယ်စားပြပြီး ပြောင်းကိုပြောင်းရမယ်လို 
တိုက်ပွဲတွေဲခဲ့လိုမဟုတ်၊ အဲဒီ အပြောင်းဟာ
ိုင်ငံတော်အမိန်နဲ့  အပေကမောင်းတဲ့ပြောင်းလဲမစစ်စစ်
ိုင်ငံခြားအထောက်အပံ့တွေလည်း ပါသပေါ့၊ ဒီလိုနဲ့
ရွာသာကီးကို ကိက်သည်ဖြစ်စေ၊ ကိက်သည်ဖြစ်စေ
ရွာသာကီးထက် သာတဲ့နေရာတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
ကံတောသုသာန်က ရေဝေးသုသာန်ကို အမိန်နဲ့ အပြောင်းခံလိုက်ရတဲ့
တစေတွေလို အားလုံးဟာ  ရွာသာကီးကိုပဲ ပြောင်းလိုက်ကရတယ်
တကယ်တော့ရွာသာကီးဟာ လူတိုင်းအတွက်ပိုအစဉ်ပြေတယ်
အသွားဝေးတယ်လို ပြောကပေမယ့် အပြန်ခရီး နီးတယ်ဆိုတာ
ရွာသာကီးရောက်ဖူးသူတိုင်းသိကတယ်
တမျှော်တခေလယ်ကွင်းတွေကို သိမ်းပြီးတည်ထားတဲ့ 
ရွာသာကီးဟာ လေကောင်းလေသန်ပိုရ၊ ခွင်ပိုကျယ်တယ်
ခွင်ဘယ်လောက်ကျယ်သလဲဆိုရင် တစ်ဆောင်နဲ့  တစ်ဆောင် 
ဆိုင်ကယ်နဲ့ သွားရလို ဆိုင်ကယ်နဲ့  ဆက်စပ်တဲ့ စီးပွါးရေး
လုပ်ငန်းတွေ ရွာသာကီးမှာ တွင်ကျယ်တယ်
ရွာသာကီးသမိုင်းပညာရှင်တစ်ဦးကတော့ ‘‘တံတားလေးမဖြတ်ဘဲ 
ရွာသာကီးကိုမရောကိုင်’’ ဆိုတဲ့ စာတမ်းနဲ့  ကြော်ကြားသွား
ရွာသာကီးဘယ်လောက်ကောင်းကောင်း တံတားလေးမှ
တံတားလေးဆိုတဲ့ လူတွေလည်းရှိ၊ ပိုဆိုးတာက 
ရူးချင်ယောင်ဆောင်ပြီး ကိုယ့်သမိုင်းကိုယ်ရေးနေသူ
ရွာသာကီး အရွှေ့အပြောင်းဖြစ်တာ သူ့လက်ချက်ဆိုပဲ
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
သမိုင်းရှိတဲ့ ချောက်
အေးစေတီရှိတဲ့ ချောက်
ဥသြငှက်ကဆီးကြိုတဲ့ ချောက်
ဘာသာသွေးနွေးတဲ့ ချောက်
ရာဇဝင်စာတင်ထားတဲ့ ချောက်
ဧည့်ဝတ်ပျူ  ငှာတာဝန်ကျေတဲ့ ချောက်
ကြယ်တွေကွန့် မြူးတဲ့ ချောက်
မောင်ခင်မှိုင်းတို့ မော်တဲ့ ချောက်
မောင်သန်းစိုးတို့ ကျော်တဲ့ ချောက်
ကိုဖေတင်ညွန့် တို့ ပျော်တဲ့ ချောက်
ကြယ်တွေရှိတဲ့ ချောက် 
မော်စရာရှိတဲ့ ချောက်
ချောက် ချောက် ချောက်
ရတနာသိုက်ကြီးပေါ်က ချောက်...။       ။
ဥာဏ်မျိုးထက်
Subcategories
လုံးဝိုင်း ပျော့ပြောင်းလေတော့ 
သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 
ဘာမဆို ဖြစ်လာနိုင်တယ်
ပထမဆုံး 
သားရေကွင်းကို မင်း ညာ လက်မနဲ့ 
ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်
ပြီးတော့ ဘယ်လက်ညိုးကို 
သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ
ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်
ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်
အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  
သားရေကွင်း တြိဂံ ပေါ်လာမယ်
ကြယ်မဖြစ်ခင် 
တြိဂံ အရင်ဖြစ်အောင် ကြိုးစား
ပြီးမှ မင့် ဘယ်လက်ညိုးကို 
တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး
တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်
အောက်ကို ဆွဲချ
ဟုတ်ပြီ
လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို
ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်
ဟော 
မင်းလက်ခုပ်ထဲက ကြယ် 
သေးချင်လည်း ဖြစ်တယ် 
ကြီးချင်လည်း ဖြစ်တယ်
အမျိုးသားစာပေဆုပေးမလား
အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 
မှောက်ချင် မှောက် နိုင်တယ် 
လှန်ချင် လှန် နိုင်တယ်