ကဗျာ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


စာမဖွဲ့လောက်တဲ့ကိစ္စတွေကို
စာဖွဲ့ပြနေတော့ ညီမလေးကရယ်တယ်
လည်မလိုနဲ့ အနေတဲ့ ခေတ်ထဲကမီးတောင်သေတွေကို
ညီမလေးရဲ့ ရင်သားနှစ်မြွာက ကော်ထုတ်ပေးနိုင်တယ်
တင်းမာနေတဲ့ ညီမလေးရဲ့တင်ပါးတွေက 
ငြိမ်းချမ်းရေးသင်္ကေတတွေ
ညီမလေး မမှားပါဘူး ညီမလေး
မကြာခဏဖျားတတ်တဲ့ လူနေမှုစနစ်ထဲမှာ
ညီမလေးညှို့ဓာတ်က သန်စွမ်းလွန်းတာပါ
ဟာခနဲ ဟင်ခနဲ အဆိပ်တက်နေတဲ့အိပ်မက်တွေကို
မိုးကြိုးထိမှန်သွားတာပါ
ညီမလေးဟာ ပွင့်လင်းမြင်သာမှု
ညီမလေးဟာ အာဏာရှင်ခေတ်အလွန်ထဲကအန်ဖတ်
ညီမလေးဟာ ဟိုမရောက်ဒီမရောက်ဒီမိုကရေစီထဲကဦးဆောက်ပန်း
ညီမလေးဟာ အသက်ရှုသံပြင်းစေတဲ့ ကဗျာ
အရက်နာကျနေတဲ့ မနက်ခင်းကို
ရွှင်လန်းစေတဲ့ ဗီတာမင်
ညီမလေးရေ
နှုတ်ခမ်းကိုတင်းတင်းစေ့ထားပါ
လောကဓံကသေမလောက်ခါးတယ်
မုန်တိုင်းထဲက လေညှင်းကိုအရသာခံတတ်အောင်
ဟန်ဆောင်ပြီးပြုံးပြပါ
အရှုံးကို အရှုံးလို့လက်မခံသ၍
ဘယ်တော့မှ မကျဆုံးပါဘူးညီမလေး
လုံးဝန်းနေတဲ့ကမ္ဘာကြီးထဲမှာ
ညီမလေးအမြဲပြုံးနေဖို့လိုတယ်မဟုတ်လား
စိတ်ကူးနဲ့ အခါတစ်သန်းလောက်နမ်းချင်တဲ့
ရသပျောက်ကြယ်လေးတွေအတွက်
လတ်လတ်ဆတ်ဆတ်ကောင်းကင်တစ်ခု
ညီမလေးဥတုမှာ အဓွန့်ရှည်ပါစေ။

                            မင်းလုဇော်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive



"တိမ်တွေပြိုရင် 
မိုးတွေငိုမယ်
ပျောက်သောသူ 
ရှာရင်တွေ့မယ်
သေသောသူ
ကြာရင်မေ့မယ် "ဆိုတဲ့
စကားလုံးတွေရဲ့ 
ဇောက်ထိုးပြောင်ပြန်
ကျွန်တော်တို့ နှလုံးသားထဲ ဘယ်တော့မှမမေ့ပျောက်ခဲ့တဲ့ အနုပညာကြယ်တစ်ပွင့် 
"ထူးအိမ်သင်"
ရှင်ဘုရင်တစ်ပါး ခုံပျောက်ရင်း
ရှင်ဘုရင်တစ်ပါး 
ပြန်အစားထိုးဖို့ လွယ်တယ်
ပန်းတစ်ပွင့်ကြွေရင်း
ပန်းတစ်ခင်းပြန်ပျိုးဖို့ လွယ်တယ်
လက်ဝဲသုန္ဓရ အမတ်ကြီး 
သက်ရှိထင်ရှားရှိရင် 
လက်ဆွဲနှုတ်ဆက် အလေးပြုမယ်
ကျွန်တော်တို့  နှလုံးသားထဲက 
အစားထိုးမရတဲ့ 
အနုပညာကြယ်တစ်ပွင့်
"ထူးအိမ်သင်"
လောကကြီးကို အလင်းပေး
လူ့ ဘောင်အသိုင်းအဝိုင်းရဲ့  
နွေးထွေးမှု
ချစ်ခြင်းရဲ့  လေးနက်မှု
ဂီတနဲ့ သက်သေပြု
သမိုင်းသစ်တစ်ခု 
ထုဆစ်ပုံဖော်သူ
ကျွန်တော်တို့ နှလုံးသားထဲက အနုပညာကြယ်တစ်ပွင့်  
"ထူးအိမ်သင်"
ဂီတမှော် ဥာဏ်ပညာနဲ့
ချစ်ခြင်းရဲ့  ဒိုင်ယာယီများ
အမေ့အိမ် သီးချင်းသံကြားတိုင်
ကျွန်တော်တို့ လို 
အိမ်လွမ်းငှက်ကလေးတွေရဲ့ 
နှလုံးသားကို 
မှော်ဆန်စွာ သိမ်းပိုက်ထားသူ
ကျွန်တော်တို့  နှလုံးသားထဲက
အနုပညာကြယ်တစ်ပွင့် 
"ထူးအိမ်သင်"
မာန်ဟုန်ပြင်းတဲ့ 
အဲဒီကြယ်တစ်ပွင့်ရဲ့  
နွေးထွေးအေးမြတဲ့ 
အလင်းဖြန့် ဝေပေးမှုအောက်
လှပသေသပ်တဲ့ 
ပန်းရောင်စုံ ဥယျာဉ်ကြီးနဲ့ 
လောကကြီးဟာ 
ရာဇဝင်ထဲက သတို့ သမီးလို 
ပိုမိုအသက်ဝင် သာယာလှပခဲ့ 
"ထူးအိမ်သင်"
အဲဒီဂီတမှော်ရဲ့ 
ပေးဆပ်ခြင်း မေတ္တာတရားနဲ့ 
ဖန်တီးခဲ့တဲ့
ဂျပ်ဆင်ထိပ်က လရိပ်ပြာ
အဖိုးမဖြတ်နိုင်တဲ့ တေးချင်များစွာ
ကျွန်တော်တို့ နှလုံးသားထဲ 
ချစ်ခြင်းဖွဲ့ 
ငြိမ်ချမ်းရေးတေသံအဖြစ် စီးဆင်းခဲ့
"ထူးအိမ်သင်"
အဲဒီ ဂီတမှော်
အဲဒီ ဥာဏ်ပညာ
အဲဒီ ချစ်ခြင်းတရား
အဲဒီ ဖန်တီးမှု
အဲဒီ ဒိုင်ယာယီတွေဆိုတာ
ကျွန်တော်တို့  နှလုံးသားထဲ 
ဘယ်တော့မှ မသေဆုံး 
မပျောက်ကွယ်မယ့်
ကြယ်တစ်ပွင့်အဖြင့် ကမ္ဗည်းတင်ခဲ့ 
"ထူးအိမ်သင် " 
" ဂီတမှော်"
ရိုးရိုးလေးပြောရရင်း
ကျွန်တော် လွမ်းတယ်ဗျာ ။ ။
              မင်းအောင်မြင့် ( ရာမည)

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ပီးကေလေး ထွေးထုတ်
ပျားသကာ သကြားလုံးလေး
မသိမသာစုပ်
စပျစ်ချို , ဝိုင်ပုလင်း
မုန့် ချပ် , ဒိုးပြား 
ရောသမမွှေနေဆဲ
အနက်ရောင်ဖျော့ဖျော့ နှလုံးသားထဲ
အချစ် အမုန်းကင်းတဲ့
"ဆင်ဖမ်း ဗျူဟာ" 
ကျောက်စာတစ်ချပ် ရေးထိုးထားတယ်
"အခွင့်မရှိမဝင်ရ "။ ။ 

     မင်းအောင်မြင့် ( ရာမည)

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ခြေလှမ်းတွေဟာ တစ်လှမ်းခြင်း တစ်လှမ်းခြင်း တိုးဝင်လာရင်းဘဲ 
အိပ်မက်တွေကို ချိတ်ဆွဲပေးလိုက်တယ် 
အိပ်မက်ဟာ ကောင်းကင်ထဲလည်းမရောက်ဖူးပါဘဲ 
တိမ်အုပ်တွေကြား လတစ်စင်းနဲ့ ကြယ်တွေမပွင့်တပွင့်ညမှာ 
ကောင်းကင်ကို မျှော်ငေးသွားခဲ့တယ်။ 

အိပ်မက်ဟာ သတ္တိကို မွေးဖွားပေးပြီး 
အတ္တကို ရှေ့ဆောင်လမ်းပြ 
အစိုးမရတဲ့ စိတ်ကို အလိုမပြည့်ဘဲ တင်းကြပ်ထားတယ် 
ညနက်နက်ထိ ဘ၀အကြောင်းတွေကို ဖတ်တယ် 
ကင်းတင်းဟာ စိတ်ထွက်ပေါက်ဖြစ်ပြီး 
စာကို အပတ်တကုတ်ကြိုးစားပါတယ် 
ပုံသေနည်းတွေအရ စမ်းသပ်ချက်တွေကို ရေးလေ့ရှိတယ် 
ရာသီသုံးပါးကို ဆွေမျိုးစပ်တဲ့အထိ 
နောက်ဆုံး နံရံမှာ ကယ်ရီကားချား ချိတ်ဆွဲသည့်ထိတိုင်ပေါ့။ 

ဒီလို အိပ်မက်တွေဟာ တစ်ကိုယ်ရေ၊ မိသားစု၊ 
တိုင်းနိုင်ငံ၊ နောက်ဆုံး ကမ္ဘာတစ်ခုလုံးအတွက်ရည်ရွယ်ပြီး 
အိပ်မက် ဟာ ဂုဏ်သိက္ခာ စည်းစိမ် နေရာ စတဲ့ 
လူ့အဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုဖြစ်တယ် 
ဘယ်လိုဘဲ လှပအောင်ရေးသားခဲ့ကြပေမယ့် 
အိပ်မက်ဟာ သဲထဲရေသွန် 
အိပ်မက်ဟာ အိပ်မက်မှာဘဲရှိနေခဲ့တယ် 

တချို့က အိပ်မက်တယ် 
တချို့ဟာ အိပ်မက်ကိုဖမ်းတယ် 
တချို့ကို အိပ်မက်နဲ့မျှားတယ် 
တချို့က အိပ်မက်ကို ထမ်းတယ် 
လမ်းမပေါ်မှာ အိပ်မက်တွေဟာပြန့်ကျဲ 
အိပ်မက်ဟာ အလိုမပြည့်တဲ့ လမ်းပါကွယ်။ ။ 

ချဲလင်း 

ပန်းချီ သန်းဌေးမောင်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ပြတင်းပေါက် လေးကဝင် လာတဲ့ အလင်းကိုကြည့်ပြီး
နေ့ နဲ့ ည ရဲ့ အကူးအ ပြောင်းကို မှတ်သား ထားရတယ်
အပြင် မှာမိုးတွေရွာနေတဲ့ အသံကို ကြားနေရတယ်
ခုလို လှုပ် ရှားသွားလာဖို့ အခက်အခဲ ဖြစ်လာတဲ့အချိန်မှာ
စိတ်ကူးထဲ မိုးစက် လေးတွေကျလာပုံ က လှပလွန်းတယ်
ငယ်ငယ်တုန်းက မိုးရေထဲ ပြေးလွှား ဆော့ကစားခဲ့တဲ့
ရယ်သံ လေးတွေက
နားထဲမှာ သူ့နာမည် ကို လှမ်းခေါ်နေကြ တယ်
မိုးရေ စွတ်နေတဲ့ သစ် ရွက်စိမ်းစိမ်းလေး တွေရဲ့
နုပျိုသစ်လွင် နေတဲ့ အ ရောင် တွေဟာ
မြင် လွှာနဲ့ ပိတ်ထားတဲ့ မျက်ခွံကြားမှာ အညွှန့်တွေ ဝေလို့
ဘဝဆိုတာ ဈေးဗန်းပေါ်က သစ်သီး တစ်လုံးလို
ဈေးခေါ် ကောင်းချိန်မှာ ရောင်းပန်း လှပေ မယ့်
နေ စောင်းပြီဆို ခြင်းထဲ အပါယ် ခံရ တော့တာပဲ မဟုတ်လား
နံရံမှာကပ်ထားတဲ့ နာရီက ထွက်ပေါ်လာတဲ့ အသံကိုသာ
သူ ဂရုတစိုက် နဲ့ နားထောင် နေမိတယ်
ခုဆို ဘယ်အချိန်လောက် ရှိပြီလဲ
အလှမ်းမမီတဲ့ စားပွဲပေါ်မှာ
အသံမြည် နေတဲ့ ဖုန်းကို ရီဝေစွာ ကြည့်တယ်
သူနဲ့ လက်တစ်ကမ်း မှာ မရှိတဲ့ ဆေးဗူးတွေကို
မကြည့်မိ အောင် စိတ်ကို သံပတ် ပေးထားမိတယ်
ခဏတဖြုတ် ရောက်လာကြတဲ့ မေတ္တာတရား ကို
ရနံ့မပြယ် အောင် သူသိမ်းထားချင် မိတယ်
ညတိုင်း ညတိုင်း
လမ်းလျှောက်ထွက် သွားတဲ့ အိပ်မက် တွေဟာ
မနက် ရောက်ပြီဆို အိပ် ရာ ပေါ်က မထနိုင် တော့ဘူး
တစ်နေ့ပြီး တစ်နေ့ အကျီ င်္ တွေလဲဝတ် ပေမယ့်
မ ပြောင်းမလဲ ငြိမ်သက်နေတဲ့
သူ့မြင် ကွင်းထဲက မျက်နှာကြက်မှာ
သစ် ရွက်ပုံ လေး ဘယ်သူလာဆွဲမှာလဲ ဆိုတဲ့
သက်ပြင်းတွေက တော့ ပိုးမျှင် အိမ်တွေ ကြား ပိတ်မိနေတယ်။   ။

                          ဒီလူည

Subcategories

 

 

လုံးဝိုင်း ပျော့ပြောင်းလေတော့ 

သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 

ဘာမဆို ဖြစ်လာနိုင်တယ်

ပထမဆုံး 

သားရေကွင်းကို မင်း ညာ လက်မနဲ့ 

ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်

ပြီးတော့ ဘယ်လက်ညိုးကို 

သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ

ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်

ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်

အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  

သားရေကွင်း တြိဂံ ပေါ်လာမယ်

ကြယ်မဖြစ်ခင် 

တြိဂံ အရင်ဖြစ်အောင် ကြိုးစား

ပြီးမှ မင့် ဘယ်လက်ညိုးကို 

တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး

တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်

အောက်ကို ဆွဲချ

ဟုတ်ပြီ

လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို

ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်

ဟော 

မင်းလက်ခုပ်ထဲက ကြယ် 

သေးချင်လည်း ဖြစ်တယ် 

ကြီးချင်လည်း ဖြစ်တယ်

အမျိုးသားစာပေဆုပေးမလား

အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 

မှောက်ချင် မှောက် နိုင်တယ် 

လှန်ချင် လှန် နိုင်တယ်