User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


အစေးမကပ်တဲ့ 
ကျောက်စရစ်ခဲတွေ ပြန့် ကျဲနေသလို 
အစိုးမရတဲ့ စိတ်အတွေးတွေက ဟိုတစ်စဒီတစ်စ
လကမ္ဘာရဲ့  ချောက်ကမ်းပါးမဟုတ်
မြေကမ္ဘာရဲ့  ဆွဲငင်အားနည်းခြင်းရဲ့  ပြယုပ်
ကတ္တရာတွေ အရောင်ပြယ်နေလို့ ပါ ။ 
ပလတ်စတစ်အိတ်တွေ 
လေရူးနဲ့ ကခုန်
ရေသန့် ဗူး ဘီယာဗူး
အိုးခွက်စုတ် အဟောင်းထုတ် 
အစုတ်ပလုတ်တွေ
အခြေမဲ့ အကြွေပန်းခြောက်လေးတွေ
ဟိုတစ်စဒီတစ်စ တွယ်ရာမဲ့ လွင့်နေကြတာ
ဒါဟာ . . .
ဒီရပ်ဝန်းရဲ့  မညီမျှခြင်း ပြယုပ်
စိတ်ဓာတ်တွေ အရောင်ပြယ်နေလို့ ပါ ။ ။

           မင်းအောင်မြင့် ( ရာမည)