စခန်းရောက်မှရှင်း ဆိုတာရဲ့နောက် ထပ်မတွေ့ရတော့ဘူး
လုပ်ထုံးလုပ်နည်းလုပ်နေကျအတိုင်
လက်သုံးစကားမှန်းသိသိကြီးနဲ့ မင်သက်မိသွား
ငါဘာလို့ မတားဆီးလိုက်နိုင်တာလဲ ငါဘာလို့ မကာကွယ်လိုက်နိုင်တာလဲ ငါဘာလို့..ငါဘာလို့...။
အမှန်တရားကိုယုံကြည်လွန်းနေတော့ ...
အမှန်တရားကပြန်လှည့်ကြည့်ပါ့မလာ
အမှန်တရားကို ငါ မယုံကြည်တော့ဘူး ။
အမှန်တရားပေမယ့် မပေါ်ပေါက်ခင်အထိတော့ခံစားရတာပဲ
ပေါ်ပေါက်ပေမယ့်လည်းဘယ်အမှန်တရား
အခုအမှန်တရားချစ်မြတ်လွန်းသူကြီ
လက်ထိပ်တန်းလန်းနဲ့အဲ့ဒီလက်ဟာငါ့
လက်ထိပ်တန်းလန်းနဲ့အဲ့ဒီလက်ဟာငါ့
လက်ထိပ်တန်းလန်းနဲ့အဲ့ဒီလက်ဟာငါ့
ဒီနေရာရောက်စေခဲ့တယ်
ငါကတော့အမှန်တရားအားကိုးနဲ့လက်
ဖြု တ်ချဖို့မကြိုးစားခဲ့ဘူး
ငါကတော့အမှန်တရားအားကိုးနဲ့လက်
ပြုတ်အောင် ဒူးမထောက်အောက်မကျို့ ခဲ့ဘူး
အမှန်တရားအတိုင်းဖြစ်လာမှာပါဆို
ငါဟာအမှန်တရား...ငါဟာလက်ထိပ်...
ငါ့ချစ်စိတ်ကိုလက်ထိပ်ခတ်ကြတယ်
ဒီခေတ်မှာဒါမျိုးတွေမရှိတော့ဘူးလို့ဘယ်သူပြော
ငါ့ချစ်စိတ်ဟာ လက်ထိပ်တန်းလန်း...
ငါ့အမှန်တရားဟာလဲ လက်ထိပ်တန်းလန်း.. .။ ။
မိုးသက်ငြိမ်ဦး
29.10.2016