ဗီရိုထဲမှာ စာအုပ်တွေရှိတယ်
နံရံမှာ ပန်းချီကားတွေချိတ်ထားတယ်
CDချပ်ထဲ မှတ်ပုံတင်
မေ့ကျန်ရတယ်လို့
လည်ချောင်းသံအက်အက်နဲ့
အလ္လာဘ သလ္လာဘတွေဆက်ပြောလို့
ကုန်ရုန်းပြီးခုံးခုံးထလာတဲ့လေေ
အံ့သြစရာမရှိပါ ။
လူပျောက်ကြော်ငြာတွေက
လူပျောက်ကြော်ငြာတစ်ခုကို
စိမ်ပြေနပြေ ထိုင်ရေးနေတယ်
လူသေမှုတွေက
လူသေမှုတစ်ခုကို အော်ဖတ်နေတယ်
ပြီးတော့ . . .
ရေတယ်
တွက်တယ်
ရေတွက်တယ်
ပြီးတော့ . . . ပြီးတော့
ေ ရ တွ က် တ ယ် ။ ။
ရန်လင်းအောင်