User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ရွှဲနစ်နေတဲ့အချဉ်ရည်ထဲကစိတ်ကိုဆွဲထုတ်လိုက်တော့
စိတ်တစ်ခုလုံးဟာအချဉ်ပေါက်နေတယ်
အချဉ်ပေါက်နေတဲ့စိတ်မှာ
လူ့အသက်ဆိုတာဘာမှမဟုတ်တော့ဘူး
..မင်းလိုကောင် စောက်ငရဲကို ဒိုးတော့..ဆိုပြီးမျက်ခွက်တစ်ခုလုံးစုတ်ပြတ်သွားအောင် ငါဟာ ဓားနဲ့အကြိမ်ကြိမ်ထိုးနေမိတယ် ...
မင်းငါ့ကိုသတ်ချင်နေတာလား..သတ်ကွာ..သတ်ကွာ..
တိုင်နဲ့ခေါင်းနဲ့အကြိမ်ကြိမ်ဆောင့်နေမိတယ်
ရေတွက်၍ရသောရေတွက်၍မရသော စိတ်တွေဟာလဲ
အချင်းချင်း တိုက်ကြခိုက်ကြလဲပြို ကြကြေကွဲကြ အမှားများ
စိတ်ကူးထည်အချဉ်ပေါက်မှု    ဟာဘယ်လောက်ကြောက်စရာကောင်းပါသလဲ ငါမသိဘူး
လူ့အဖွဲ့အစည်းယဉ်ကျေးမှု နှု န်းစံတွေ ငါမသိဘူး
ငါဟာဘာဆိုတာလဲ ငါမသိဘူး ငါ့စိတ်ခုလုံး အချဉ်ရည်တွေနဲ့
ငါ့စိတ်တစ်ခုလုံးချဉ်စော်ခါးသီး ငါ့စိတ်တစ်ခုလုံးသပွတ်အူ
ငါ့စိတ်တစ်ခုလုံးဟာ ပုပ်ပွနံဟောင်ချဉ်စုတ်လို့
အခုချိန်ငါဟာ ဘာမဆိုလုပ်ဖို့အဆင်သင့်
အခုချိန်ငါဟာ ဘာမဆိုမလုပ်ဖို့အဆင်သင့်
မျက်လုံးအကြည့်တစ်ချက်ဟာ ဝုန်းကနဲထ ပေါက်ကွဲနိုင်သလို
စကားတစ်ခွန်းဟာလဲ မီးလောင်ရာလေပင့်သွားနိုင်တယ်
စိတ်ချဉ်ပေါက်မှု အမြှု ပ်တစီစီဟာငါ့ကိုယ်ပေါ်လောက်တွေလို
သန်ကောင်တွေလိုငါ့စိတ်တွေတဖွားဖွားလောင်မီးကျနေတယ်
ပြာဝေနေတယ် ဆူဝေနေတယ် ငါဟာချိန်ကိုက်ဗုံးတစ်လုံး
အချိန်မရွေး ကူးစက်ပြာကျသွားစေနိုင်တဲ့နတ်မိစ္ဆာ ငါဟာ
အောက်ဆုံးထိထိုးဆင်းကျနေတဲ့ ငါစိတ်ဟာ
လွတ်ထွက်နေတဲ့ငါ့စိတ်ကိုအနိုင်နိုင်ထိန်းနေရတဲ့
အချဉ်ပေါက်နေသူတစ်ဦးဟာ ဘာကိုမှ မှီတွယ်ရာမရှိသူဟာ
အခုချိန်မှာ
အန္တရာယ်အများဆုံးစိတ်ချဉ်ပေါက်နေတယ် ။ ။

မိုးသက်ငြိမ်ဦး
24.102016