User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


ဝါကျရဲ့အပြင် ဘက်ကို ဇန်နီထွက်သွားတယ်
ပိတ်ထားတဲ့လိုင်းတချို့ဟာ ရေဒါထဲမှာ ပွင့်နေတယ်
အဆာ အဆိပ်သင့်နေတဲ့ အသံဖြစ်ပေါ်ရာ ပလက်ဖောင်းတစ်လျှောက်မှာ
ယမ်းအ နေတဲ့ အရိုးတွေက ၂၀၆ ချောင်း
ဇန်နီ သောက်နေတဲ့ ရေထဲက ဆားတွေကို ခပ်ထုတ်လိုက်တယ်
ကတ္တရာ လမ်းတွေပေါ် ယာဉ်တွေဖြတ်သွား တိုင်း
ဝတ်ထားတဲ့ နာရီက အ ရောင် တွေမှိန်လာတာကို
ဇန်နီ သတိထားမိ လာတယ်
ဟွန်းသံတွေထဲမှာ ထွက်မရတဲ့ သံ သယ တွေရဲ့ပါဝင် နှုန်းက များလာတယ်
ကျေးဇူးပြုပြီး နင်းထားတဲ့ဘရိတ်ကို ဖြတ်လိုက် ပါတော့လို့
တစ်စုံတစ်ယောက် ရဲ့ အော်သံက
ကြည့်နေတဲ့ ချန်နယ်လ် ထဲ ရုတ် တရက် ဝင် လာတယ်
အလင်းပြန်များတဲ့ မျက်နှာပြင် တွေပေါ် ဖြတ်လျှောက် နေရသလိုမျိုးပဲ
တွန့်ကြေ မှုတွေက လက်ညှိုးထိုးရင် လွဲပါ့ဦးမလားလို့
ဇန်နီ တိုးတိုးတိတ်တိတ် ချ ရေးမိတယ်
ပြီးတော့ ဝါကျ တွေရဲ့ အပြင် ဘက်ကို ထွက်သွားတယ်
အဆင် တူ အ သွေးတူ အ ဆောက် အ အုံတွေ သိမ်များလွန်းတယ်
ဝင်္ကပါလို ရောက်လေရာ ပုံတူကူးထားတဲ့ အမှတ်အသားတွေကြားမှာ
ဇန်နီ ဝေခွဲမရ အောင် အထည်ရွေးနေတာ နဲ့
လွတ်သွားတဲ့ ရထားတွေလည်း များပြီ
ကိုယ် ဖြတ်ထားနဲ့လက်မှတ်နဲ့ လွဲခဲ့တဲ့ ကား တွေလည်းများပြီ
မလွယ်ပေါက် က နေ လွယ်လွယ်ကူကူနဲ့ ဝင် လာကြတာလေ
ဇိမ်ခံပစ္ဈည်းတွေနဲ့ မလွတ်တဲ့ အရိပ်အောက် မှာ
ယင် နားစာလေးနဲ့ ကျုံ့နေတဲ့ အူနံရံ တွေကို
ဇန်နီ ဆွဲဆန့်လိုက်တယ်
ရှည်ထွက်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ထဲမှာပြဿဒါးတွေချည်း
မမှတ်မိနိုင် လောက် အောင် ပြတင်းပေါက် ရဲ့နောက်မှာ
ခဏခဏ ပြင် ဝတ်နေတဲ့ လုံချည်ထဲ လိပ်ထားတဲ့ သာယာမှုးလေးက
ဆံပင် ကို အ ရောင် ဆိုးလိုက်တယ်။   ။

                        ဒီလူည