စိတ်ရောင်စုံ
လူရောင်စုံ
ကစားစရာ အစုံ
စားစရာ အစုံ
ပျော်ကြ မောကြ
ဒီလို
အခင်းအကျင်းမှာ
ကိန်းဂဏန်းတွေနဲ့ မျှားပေါက်သူ
ကြက် ဆင် ကျား ပုဇွန် လိပ် ငါး ပေသီးလိမ့်သူ
ခြောက်ကောင်ဂျင် ထိုးသူ
ကွမ်းစားသူနဲ့ ကွမ်းထွေးသူ
ရပ်ကြည့်သူနဲ့ရွေ့နေသူများ
ပွဲတဲ့
လူနဲ့ လေနဲ့တင်
လမ်းမတွေ လုံးပါးပါးခဲ့ရပုံ။ ။
------------------------------
ရတုသွေး ။ ဇေသော်(စကားဝါမြေ)