နောက်ကျောကိုဓားနဲ့အထိုးခံလိုက်
အသည်းနင့်ကြေကွဲ
အိပ်မက်ကိုအဆုံးစီရင်လိုက်ရတဲ့
ပုလဲခ ငိုပွဲပြီးတဲ့နောက် ၊
တေးသွားက အသက်ငင်လာတော့တယ် ။
နိုင်ငံတော်သီချင်းကြီးတွေမှာလဲ တေးသွားသံစဉ်စုံလင်ကြတယ်
ဝမ်းနည်းမှတ်တမ်း ဈာ ပနအခမ်းအနားတွေမှာလဲ
တိတ်ဆိတ်ကြေကွဲ တေးတစ်စ နဲ့ ၊
လမ်းဘေးထိုင်ပြီး တောင်းရမ်းနေသူမှာလဲတေးသွားနဲ့
ရန်သူမျိုးငါးပါးဘေးသင့်သူတွေမှာလဲတေးသွာ
အလှည့်ကျပြစ်ဒဏ်ခံဖို့စောင့်စားေ
ငရဲမှာလဲတေးသွားနဲ့ နတ်ပြည်မှာလဲတေးသွားနဲ့
သုံးဆယ့်တစ်ဘုံတစ်ခုလုံးဟာ တေးသွားတွေနဲ့ပါပဲ ။
အခုလူ့ပြည်ကဒီတေးသွားကို ငါသီဆိုတော့မယ်
တစ်ကိုယ်တော်တေးသွားဖွဲ့သီမှု ကနေ
ကမ္ဘာလုံးဆိုင်ရာစကြာဝဠာတေးသွား
ငါ့တေးသွားကိုငါကိုယ်တိုင်ကြား
ငါ့တေးသွားမှာချစ်ခြင်းမရှိ ငါ့တေးသွားမှာ မုန်းခြင်းမရှိ
ငါ့တေးသွားမှာ စစ်မက်မရှိ ငါတေးသွားမှာ ဒုက္ခမရှိ
ငါ့တေးသွားဟာ သာယာနာပျော်ဖွယ်
ငါ့တေးသွားဟာ ကြည်နူးနှစ်ခြို က်ဖွယ်
ငါ့တေးသွားဟာ ရွှင်လန်းဝမ်းမြောက်ဖွယ်
ငါ့တေးသွားဟာ ကြောင့်ကျကင်းမဲ့ဇုန်နယ် ။
ငါ့တေးသွားက စိမ်းလန်းရေး
ငါ့တေးသွားက ငြိမ်းချမ်းရေး ။ ။
မိုးသက်ငြိမ်ဦး
1.10.2016