ငါမရေးလဲ ကဗျာဟာ ကဗျာ
ငါမတွေးခင် ကဗျာဟာ ဘာမဆိုင်ညာမဆိုင်လုလုအောင်ကိုမျ
ဘကြီးသာလှ တောက်ခေါက်သံထဲ ကဗျာဟာမှောက်ရက်လဲလို့
ရွာထိပ်ကနတ်ကွန်းမှာ အုန်းပွဲငှက်ပျောပွဲလေးပိုက်ပြီ
ဆိုရှယ်လစ် ဒီမိုကရေစီ အာဏာရှင် ပူဇော်ပသ
လှပတဲ့ မက်လုံးတွေ တောင်စောင်းက လိမ့်ဆင်းလာတော့
နွားပြာကြီးအောက်သွားမရှိ ကဗျာဟာ ရိုးစောင်းမှာ
အလွတ်ရနေတဲ့အလွမ်းကိုတွင်တွင်
အောက်ခြေလူတန်းစားတွေအတွက်တိုက်
ကဗျာဟာဘယ်သူ့ကိုအဖော်ညှိရမလဲတွေ
Without ဆိုင်ကယ်တစ်စီးက ဒယိမ်းဒယိုင်နဲ့အရက်ဆိုင်ထဲကခု
ကဗျာဟာထိတ်ထိတ်လန့်လန့် ထန်းလျက်တစ်ခဲကိုမြုံ့ထားရင်း
နေညိုညိုလေပြိုပလပ်ကျွတ်နေတဲ့ ထန်းတောလေးဆီခြေဦးလှည့်ချိန်
ကလေးကအစ ခွေးကအဆုံး တစ်ရွာလုံးလိုက်ပြီးနှုတ်ဆက်တယ်
ကဗျာဟာ ပြုံးစိစိနဲ့ နှုတ်ခမ်းမွှေးလေးကိုပွတ်
အမဲခြောက်ဖုတ်လေးကောက်ဝါးလိုက်ေ
ကဗျာဟာ ကွန်ဆာဗေးတစ်လေသံနဲ့
ခေါင်းမာသင့်မာရမယ်လို့ တစ်ကိုယ်တည်းရေရွတ်
နှမ်းဖတ်ချဉ်လေးကို နှုတ်ခမ်းသပ်ရင်း
အော်တိုကရေစီအကြောင်းအဓိပ္ပာယ်ဖွ
ရေလိုက်ငါးလိုက် ဖဲနှစ်ချပ်ကိုဆွဲထုတ်
အရေးထဲ လက်ကြားကဆေးပေါ့လိပ်မီးသေနေတော့
ကဗျာဟာ ကဗျာဖြစ်မဖြစ် ရပ်ကျေးဥက္ကဌကိုအကြောင်းကြားခို
ကဗျာဟာစိတ်အိုက်စွာနဲ့အိမ်ပြန်
ဤ ကဗျာသည် ထော်လော်ကန့်လန့်နိုင်သောအတွေး
သံပုန်းတီးနှင်ထုတ်သင့်ကြောင်း
ဆယ်အိမ်ခေါင်း ယာအိမ်မှူးတို့မှ အဆိုတင်သွင်းလိုက်သောကြောင့်။ ။
မင်းလုဇော်
ပန်းချီပုံ စစ်ငြိမ်းအေး