Star InactiveStar InactiveStar InactiveStar InactiveStar Inactive
11:11pm ခြင်ထောင်ထဲမှာ ငါ့ကိုကြိတ်ဖို့ ချောင်းနေတဲ့ခြင်မကြီးမအိပ်ရဲသေး
11:12pm ကောင်းကင်တမာန်ဟာ ဘုရားသခင်အမိန့် နဲ့ ငါ့ကိုစောင့်နေခဲ့
ငါဒီလိုတွေးမိတယ် သူလည်း အိပ်ချင်မှာပဲ
11:13pm ကောင်းကင်တမာန်ဟာ အိပ်တတ်လို့ လား အိပ်ဖို့ လိုလို့ လား 
11:14pm ခြင်မကြီးကို ဖမ်းမိတယ်
မနက်ဖြန် သတင်းစာရှင်းလင်းပွဲလုပ်ရမယ် ခြင်တွေကို လုံးဝမချစ်ပါ
11:16pm ဆံပင်ဖြူတွေ ရမယ် ဆံပင်ဖြူတွေ ရမယ်
မုန့် ဟင်းခါးသည်လို အော်မိ ငါ့အသက် ၂၁ပဲရှိသေးတာ စိတ်ပျက်စရာ
အဖေဟာ ရှက်ဂီ ထုနေတုန်းပဲလား ပေါ်တင်လား အမေဟာ စိတ်တိုနေတုန်းပဲလား
11:18 pm ပါတနာက ပြောတယ် သောက်ပိုတွေကွာတဲ့
အင်းပေါ့ သောက်ပိုတွေပဲဖြစ်လို့ နေမှာပေါ့
ဒါပေမယ့် သူဒီလိုပြောတာ ငါသဘောကျတယ်
11:19pmကျေးဇူးတင်ရမယ် ငါဟာ အားနည်းနေတယ်
အိပ်ဖို့ ကြိုးစားနေတယ် မပြီးနိုင်မစီးနိုင် အားလုံးတိတ်ဆိတ်ပြီလား
11:20pm ငါလည်း ချင်းချင်းကို သိပ်ချစ်တာပေါ့ တကယ်ပါ
11:21pmပြောင်းသွားတဲ့ 20တုန်းက ဘယ်လိုလဲ 
သိဖို့ ကြိုးစားလေ မေ့လေ ဘာမှမသိတာက အန္တရာယ်တဲ့ 
ဒါကို ငါက လှောင်ရယ်နေ ဟားးးဟားးး
11:22pm မိန်းမရတဲ့ခါ တားဆေးတွေ မသုံးခိုင်းဘူး တက်ကျမ်းတွေ မဖတ်ခိုင်းဘူး
သိပ်ချစ်တဲ့အကြောင်း ငါထိုင်ပြောနေမယ် 
11:23pmငါဘာထပ်တွေးရမလဲ နေပါအုံးတစ်ခုခု အချိန်ဟာ ငါ့ကိုမစောင့်ပါ
11:24pmငါ့ကိုမစောင့်နိုင်တဲ့အချိန်ဟာ တယောက်ယောက်ကိုများ စောင့်ဖူးလား
တိတိကျကျ သိချင်နေတယ် ဘက်လိုက်လိုက် မလိုက်လိုက် 
ဒါပေမယ့် ခြေနှစ်ချောင်းကိုပဲမယုံနိုင်တာ
11:26pmစာလုံးပေါင်းပြင်ရုံနဲ့ ကုန်သွား တော်တော်အသုံးမကျတဲ့ကောင်ပဲ 
11:27pmအားလုံးလေးလာပြီ ပြီးဆုံးခါနီး သင်သိမယ်ထင်တယ်
11:28 pm ဘုရားသခင်နှင့်တကွ အားလုံးဂွတ်ဘိုင်။
ဆလိုင်းမြတ်နိုးသူ
2016 july 7