Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ရွတ်တဲ့သူမှာ နောက်ခံ အထုပ်အပိုးကီးကီး တစ်ခုလိုအပ်
သင့်ရဲ့ ရွတ်ခြင်းအလေးအပေါ့ဟာ သင်ထမ်းထားတဲ့ ပါရမီ
ထုပ်ကီးရဲ့ အလေးချိန်နဲ့ ညီမျှ၊ ရွတ်တယ်ဆိုတာ သင့်အသံ
နားမထောင်သူကို နားထောင်လာအောင် န္ဒပြတာ
ရွတ်တာထိရောက်ဖို တချို့နေရာတွေမှာ သင့်အသံကှိုစ်ခြမ်း
ခြမ်းလိုက်ရတာတွေ၊ ချောင်းဟန်လိုက်ရတာတွေ၊  သလိပ်ဖုံးသံ
ဖန်တည်းရတာတွေ၊ သူများအသံ ကောက်စားလိုက်ရတာတွေ
ရှိပေမယ့် ရွတ်ခြင်းရဲ့  ပန်းတိုင်က သင်ပေးချင်တာ သူရသွားစေဖို
ဝေသန္ဒရာမင်းကီး စည်းစိမ်ဥစာ၊ ဇနီး၊ သားသမီးပါ မကျန်
အားလုံးကို ပစ်တာ ကပ်စေးနည်းခြင်းကို ရွတ်တာ၊ ပျင်းရိမကို
ရွတ်ပြီး ပင်လယ်ပြင်မှာ လက်ပစ်ကူးတဲ့ မဟာဇနက မေခလာမကယ်
ရင်ဘယ်လိုနေပါ့၊ မဟာဗန္ဒုအလောင်းအလျာ မောင်ရစ်ဟာ
သူနားက မင်းမထမ်းကို  ရွတ်ပြီး  တံတောင်နဲ ထထောင်းခဲ့
သွားနဲ့  ခံတွင်းကျမ်းမာရေးကို ရွတ်ပြီး တစ်သက်လုံး ကွမ်းစားသွားခဲ့တဲ့
ကျပ်ဘကီး တယောက် ပါးစပ်ကင်ဆာဖြစ်တာတောင်
ပြံးပြံးပြံးပြံး ကွမ်းဝါးမပျက်၊ အမေက အဖေ့ကို ရွတ်ပြီးချစ်လိုက်တာ
အဖေနဲ့ အမေဟာ မတဲ့အတူနေ ချစ်-မုန်းအိမ်ထောင်ရေးထဲမြဲခဲ့
လောကကီးမှာ လူတိုင်းဟာ တစ်ခုမဟုတ် တစ်ခု ရွတ် နေက
အကြီးကျယ်အမြင့်မြတ်ဆုံး ရွတ်ခြင်းအနုပညာ ကဗျာမှာပဲရှိ
ကျုပ် အဲလို ရွတ်ချလိုက်တာ  ကြိုက်သွားတဲ့
သင်ကော ကျုပ်ကို ရွတ်ပြီး အရက်တိုက်သွားဦးမလား
အချိန် ရှိပါတယ်၊ တစ်ဘဝလုံး
သင် ရွတ်ချင်သလောက် ရွတ်ပါလေ
သင့်  ကျပ် လဟု ကို လာထိရင်တော့
မီးပွင့်သွားမယ်
ကိုကိုသက်