Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

တာဝန်ကမပြီးဆုံးသေးပေမယ့်
ဇရာကြောင့် အနားယူလိုက်ရသူ
ဘဝပေးနဲ့ ဘဝအရေးအတွက်
ဦးစားပေးခဲ့ရလွန်းတော့
ခေါင်းထက်မှာမရဏအလံဖြူစိုက်ခြင်းခံရ
မှီစရာအားကိုးမရှိလို့
နောက်မှီပါကုလားထိုင်လေးဟာ
သူ့အတွက်စဉ်းစားတွေးတောရာဗိမ္မာန်ဖြစ်လာတယ်
ကျေးငှက်တွေအစာကျွေးခြင်းနဲ့
သူ့ရဲ့မနက်ခင်းအဖွင့်ဟာလှပလျှက်
အစာအသစ်ဆန်းနဲ့မရင်းနှီးဖူးသူမို့
ခေတ်သစ်ရောဂါရဲ့အဝေးမှာ ကျန်းမာနေတဲ့သူ
သစ္စာရှားလာတဲ့ဒေသမှာ မေတ္တာကိုအဖိုးအခမလိုပဲအားလုံးအတွက်ပေးတယ်
ဗုဒ္ဓတရားတော်များစီးဆင်းနေတဲ့သူ့သွေးထဲမှာ
စစ်ပွဲတွေကို မနှစ်မြို့ခဲ့
ငြိမ်းချမ်းရေးဟာ သူ့ရဲ့တသက်တာဆုတောင်းချက်တိုင်းပါတယ်
နိုင်ငံ့အရေးကို တခမ်းတနားဝင်မရေးနိုင်လို့
စားဝတ်နေရေးနဲ့လူမှုရေးကိုသာ
အေးအေးဆေးဆေးရေးနေတတ်သူ
ရှာဖွေကျွေးမွေးစရာ အကြွေးသစ်တွေလည်းမရှိခဲ့တော့
လောဘဟာ ထင်သလောက်မလောင်ဖြစ်ဘူး
အပြင်မှာရှာစားစရာမလိုလို့
ပင်စင်လစာလေးသာ စားနေတဲ့သူ
ပင်စင်စား။ ။

                         ဂိုးဂိုး(မောရမြိုင်)